Bunny Boy

260 10 2
                                    

တလက်လက်တောက်ပနေသော.....
ကြယ်ရောင်များနှင့်အပြိုင်
တဖျပ်ဖျပ်နှင့် လင်းလက်သွားသောကောင်းကင်

မနက်ဖြန်တွင် ကျရောက်တော့မည့်
ခရစ်စမတ်  အကြိုအနေနှင့်
လူတော်တော်များများ
ပျော်နေကြပုံပင်

ယခုလည်းဟန်မြစ်တွင် မီးပန်းဖောက်သူက​ဖောက်။
ကလေးများကလည်း ရယ်လို့ ပြုံးလို့ကစားနေကြသည်
မိသားစုလိုက်  အပန်း‌လာဖြေကြတာမျိုးလဲရှိသည်

ထိုသို့သော ပျော်ရွှင်မှုများသည်  သူ့ဘ၀နှင့် လုံးလုံးမသက်ဆိုင်
သူလဲ လူသားပင်မို့ ပျော်ချင်သည်
တစ်ခါလေးဖြစ်ဖြစ် သူ့ကို အသက်တမျှ
ချစ်ရသူနှင့် ပျော်ရွှင်စွာ အချိန်တွေကုန်ဆုံးချင်သည်

ထိုမြင်ကွင်းတွေနှင့် ဝေးရာ ခပ်လှမ်းလှမ်းနေရာသို့
ထွက်လာကာ  ခုံတန်းရှည်ပေါ်တွင်ထိုင်လိုက်ပြီး
ဖုန်းမှသီချင်းကိုဖွင့်ကာ နားထဲနားကြပ်သာထိုးထည့်ပြီး
မျက်၀န်းအစုံကို မှိတ်ချလိုက်ရင်း
သီချင်းအေးအေးလေးနားထောင်နေလိုက်တယ်

တဖြူးဖြူးနှင့်မျက်နှာကို လာရောက်ကျီစယ်နေသော
လေနုအေးများကြောင့်
စိတ်က အလိုလို ကြည်လင်လာတယ်
သို့ပေမယ့် တချို့တ၀က်သာ

ဆုတောင်းပြည့်မည်ဆိုပါက
ဆုတစ်ခုသာ တောင်းချင်သည် ထိုတောင်းဆုသည်ကား

*ချစ်ရသော မြတ်နိုးရသော
လူသားအား ခွဲခွာရလျှင် ကျတော်နှလုံးသားလေး
ခံနိုင်ရည်ရှိပရစေ*

ယနေ့ ကျရောက်သည့်
ခရစ်စမတ်ပွဲနှင့်အတူ တိုက်ဆိုင်စွာ
လ၀န်းကြီးကလည်း သာနေခဲ့သည်
ယနေ့သည် လပြည့်ညဖြစ်သောကြောင့်

မနေ့ကထက် ပိုများလာတဲ့ လူတွေ
မီးပန်းတွေလဲ ဖောက်ကြသေးတယ်

ဒီလိုနေ့မျိုးကို အလွန်တရာမှ မုန်းပါသည်
မုန်းသည်ဆိုတာထက် အထီးကျန်သည်
မည်သူတစ်ဦးတစ်ယောက်မှ ကျတော့်အနားရှိမနေခဲ့

ထုံးစံအတိုင်းထိုင်နေကျ ခုံတန်းရှည်လေးတွင်
တစ်ယောက်တည်းထိုင်

၀ယ်လာသောဘီယာဘူး ကို ဘေးတွင်ချကာ
တစ်ငုံလောက်လည်ချောင်းထဲ မျှောချလိုက်တယ်

Bunny BoyWhere stories live. Discover now