05

604 75 17
                                    

'အကိုချန်းယောလ် သဘက်ခါကြဆိုးလ်ကိုတက်ပြီး လိမ္မော်သီးသွားပို့မှာ လိုက်ခဲ့ပါ့လား.....'

ချန်းယောလ် ဒိုဟွန်းဘက်လှည့်ကြည့်ပြီး ခေါင်းရမ်းပြလိုက်သည်.....

'ဟာဗျာ ကျနော်ဒီရောက်တာနစ်လတောင်ပြည့်တော့မယ် အကိုအပြင်ထွက်တာတခါမှမတွေ့ဘူး ခြံနဲ့အိမ် အိမ်နဲ့ခြံဘဲ.....'

ကလေးဆန်စွာ ပြောနေတဲ့ ဒိုဟွန်းကြောင့် ချန်းယောလ်ပြုံးမိသည်.....
အချိန်တွေက ဒီလောက်တောင်ရှိသွားပြီးလား နစ်လတောင်ရှိတော့မှာလား...
ဟွန်းရော ပျော်နေမလား ကိုယ်ပျောက်သွားတာရောသိရဲ့လား....
လိုက်ရှာနေအုန်းမလား....
ချန်းယောလ် ခေါင်းကိုရမ်းပြီး ကြင်နာသူကအချစ်သစ်ရှိနေပြီဘဲ ကျနော့်ကိုလိုက်ရှာပါ့မလားဆိုတဲ့အတွေးကို ဘလိုများတွေးလိုက်မိလဲမသိ.....

တယောက်ထဲပြုံးနေတဲ့ ချန်းယောလ်ကြောင့် ဒိုဟွန်းငေးကြည့်နေမိသည်......

'လူလေးတို့ ညနေစောင်းတော့မယ် ပြန်ကြရအောင်......'

ဂျယ်ဝန်းရဲ့အဘိုးအသံကြောင့် ဒိုဟွန်းရောကျနော် သံပြိုင်အော်လိုက်ကြသည်....

'ဟုတ်ကဲ့.......'

တပြိုင်တည်းထွက်လာတဲ့အသံကြောင့် နစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းရယ်လိုက်မိသည်.....

________________________________
ညနေစာစားပြီးတော့ အိမ်ပြင်ဘက်ကွပ်ပျစ်ပေါ်မှာထိုင်နေတဲ့ ဒိုဟွန်းနား ချန်းယောလ်သွားလိုက်သည်....
ဘာစကားမှမပြောဘဲ ဘေးနားဝင်ထိုင်လိုက်သည် ဘေးနားလူရောက်လာတာကြောင့် ဒိုဟွန်းလှည့်ကြည့်ရင်း ပြုံးပြလိုက်မိသည် နစ်ယောက်သားဘာစကားမှမပြောဘဲ ကောင်းကင်ကြီးဘဲကြည့်နေသည်.....

'အကိုချန်းယောလ် ဒီနေ့ကြယ်တွေစုံသလိုဘဲနော်.....'

ချန်းယောလ်ခေါင်းငြိမ့်ပြရင်း....

'အကိုက အကိုဂျယ်ဝန်းနဲ့ဘယ်တုန်းကသိတာလဲ......'

'အကိုနဲ့သူက အထက်တန်းတုန်းကသိတယ်လေ အတုန်းကတအားကြီးမပေါင်းဖြစ်ပေမယ့် အကြောင်းတခုခုကြောင့် ခုပြန်တွေ့တာဘဲ ......'

Take away (Completed)Where stories live. Discover now