1

5.9K 579 94
                                    

..

လမ်းမကျယ်ကြီးထက်တွင်
chanyeolတို့မိသားစုကို
တင်ဆောင်လာသော ကားအဖြူလေးက
တလှိမ့်လှိမ့်ရွေ့လျားနေသည်။

" ဦးလေးကြီး
ကားကိုကြမ်းကြမ်းမောင်းပေး ''

သုံးခါမြောက်သော ဒီစကားကြောင့်
ဒရိုင်ဘာ မင်သည်
ကိုယ့်ဘေးက သူဋ္ဌေးကိုတလှည့်၊
အနောက်ခန်းက လူတွင်ကျယ်လေးကို
တလှည့် မျက်နှာငယ်နဲ့ကြည့်နေရသည်။

လမ်းတလျှောက်လုံး
ဂျီကျနေတာ ၊အခုထိကို
အမျှင်မပြတ်နိုင်တဲ့ ကလေးလေးပဲ။

" ရောက်တော့မှာလေ သားရာ
ဂျီကျမနေနဲ့ ''

chanyeolကတော့
အဖေ့စကားကို
မသိချင်ယောင်ဆောင်ကာ
ဦးလေးကြီးကိုသာ
တွတ်ထိုးနေလိုက်သည်။

" ပြောနေတယ်လေ
သားကိုအဖတ်မလုပ်တာလား ''

ဘဝက
ကားပေါ်ပါလာတဲ့လူကြီးသုံးယောက်လုံးဟာ
ငါးနှစ်သားလေးကို
ပြန်ကြောက်နေရတဲ့အဖြစ်။

ချစ်ဖို့ကောင်းပေမဲ့
ငိုရင်လည်းတော်ရုံမတိတ်တာကြောင့်
အလိုလိုက်ပေးရတော့သည်။

Mr.Park လည်း
စိတ်ချမ်းသာရင်ပြီးရော
ခေါင်းငြိမ့်ပြလိုက်သည်။

"ဟို...
ဒီနေရာက ပုံမှန်အရှိန်သွားကိုသွားရတာပါ
သူဋ္ဌေး အဲ့တာကြောင့်.. ''

" ဖေဖေ့စကားကို နားမထောင်ဘူးလား''

chanyeolမျက်မှောင်လေးကြုံ့ရင်း
အသံဆာဆာလေးထွက်လာတော့
ဦးလေးကြီးမှာ ခေါင်းတငြိမ့်ငြိမ့်နဲ့။

" ဟုတ်ပါပြီကွာ..''

ဒီလိုနဲ့ သူတို့ကားတစ်စီးဟာ
လမ်းတွေတစ်ခုပြီးတစ်ခု အမြန်ကျော်ဖြတ်လို့
လိုရာအရပ်ကို အပြေးသွားနေတော့သည်။

ဒူ..ဒူ..ဒူ..။

ကြားလိုက်ရတဲ့
မောင်းခေါက်သံတစွန်းတစကြောင့်
အိပ်ရာနိုးခါစ
chanyeolမျက်လုံးလေးတွေ
ပြန်လည်ဝိုင်းစက်သွားလေ၏။

ဒီလိုနေရာတွေကို
chanyeolသိနေသည်၊

အိမ်ကအဘွားနဲ့အတူ
သူ.. ဘုံကျောင်းတွေ၊
မဟာယနဘုန်းကြီးကျောင်းတွေကို
ခဏခဏရောက်ဖူးခဲ့သည်။

Healthy relationshipWhere stories live. Discover now