[Unicode]
ကတိတစ်ခုကို မတည်နိုင်ရင် မပေးပါနဲ့
အရမ်းနာကျင်ရလို့ပါ.................................
' ကျန့်ကျန့်သားလေးလာဦး '
' ဟုတ် မားလာပြီ '
' သား သားလုပ်နေတာတွေအကုန် မားသိတယ်နော် '
' သားကဘာကိုလုပ်လို့မားကသိတာလဲ '
ရှောင်ကျန့်စိတ်ထဲမှာတထိတ်ထိတ်နဲ့ အရင်ကတည်းက မလိမ်တတ်ပါဘူးဆိုမှ နောက်ဆို အလိမ်သင်တန်းတက်မှ ဖြစ်တော့မယ်
' ကျန့်ကျန့်သားကိုအခုမားဘာမှမပြောဘူးနော် ဒါပေမယ့် သားပါးပါးသိရင် သားအဆူခံရမယ်နော် '
' မားကလည်း အာ့ဆို မားပါဝိုင်းလိမ်ပေးပေါ့ '
' ငါရိုက်တော့မယ် သူနဲ့အတူတူလိမ်ဖို့ အဖော်စပ်နေတယ် '
' ဟီးမားကလည်း ချစ်လို့ကို '
' သွားစမ်းပါ ကြည့်လို့ကိုမရဘူး ရုပ်ကိုက နင့်အဖေရုပ် '
' မားသားကို ရေခဲမုန့်ဘယ်လိုလုပ်လဲ သင်ပေးပါလား '
'သွားစမ်းပါ နင့်ရဲ့ ရှုပ်ရှုပ်ရှပ်ရှပ်တွေ '
' မားကလည်း သားစားချင်လို့ကို '
' စားချင်ရင် ဦးလေးကြီးချွဲကို ဝယ်ခိုင်းလိုက် တစ်ကယ်ပဲ အာရုံတွေနောက်တယ် '
' မားကလည်း သားကမားလုပ်တာ စားချင်တာကို '
' ဘာလဲ ဟိုကလေးအတွက်ပဲလား '
' ဟီး မားကလည်း မဟုတ်ပါဘူး '
' ဟွန့် သွားစမ်းပါ နင့်ကလေးပဲသွားကြည့် ငါ့လာမကြည့်နဲ့ '
' ကျန့်ကျန့်က ဒီကမားမားကို အချစ်ဆုံးဆိုတာ သိတယ်မလား ဟီးးး '
' သိတယ် သိတယ် သွားမယ် '
' ဘယ်ကိုလဲမား? '
' နင့်ဟာလေးကို ရေခဲ့မုန့်လုပ်ကျွေးဖို့ ပစ္စည်းတွေသွားမဝယ်ဘူးလား '
' အော် သွားမယ် ခနလေး အကျီ သွားလဲလိုက်ဦးမယ်နော်မား '
' အင်း '
ဒီလိုနဲ့ပဲ ရှောင်ကျန့်မားမားက ရှောင်ကျန့်နဲ့အတူတူ ဈေး၀ယ်ထွက်ပြီးတော့ ရှောင်းကျန့်ကို ရေခဲ့မုန့်လုပ်နည်းသင်ပေးလိုက်တယ်