Let you free

1K 77 4
                                    

[Unicode]
ကြိုပြီးတောင်းပန်ထားပါမယ်
အခုနောက်ပိုင်းဖုန်းကြည့်ရတာမျက်လုံးနာလာလို့အပ်ကျဲပါ့မယ်နော်😢😢

Upကတစ်ပတ်အတွင်းသို့မဟုတ်တစ်ပတ်အထိကြာပါမယ်နော် နားလည်ပေးမယ်လို့မျှော်လင့်ပါတယ်🥺🥺

ဖတ်ပေးသူတစ်ယောက်တိုင်းကိုကျေးဇူးတင်ပါတယ်❣️❣️
    Love me baby 15

' ဒဏ်ရာကသွေးထွက်လွန်နေလို့ အားဆေးသွင်းရမယ် လက်ကိုလည်းသိပ်လှုပ်လှုပ်ရှားရှားမလုပ်ပါနဲ့ နွေးနွေးထွေးထွေးလည်းနေပါ'

ဆိုတဲ့ဆရာဝန်စကားကြောင့်Sehunဆေးရုံမှာခဏနေနေရသည်

အချိန်ခဏတောင်မလစ်ဟင်းဘဲအတွေးထဲဝင်ရောက်လာတဲ့တစ်ယောက်သောသူရ‌ဲ့ပုံရိပ်တွေ

ကိုယ်တိုင်တောင်မသိလိုက်ဘဲအလိုလိုနေရင်းခြေလှမ်းတွေကJong Inရဲ့လူနာခန်းဆီသို့

' ကိုယ်စားလှယ် Oh နားနားနေနေနေတာမဟုတ်ဘူး '

' သတိမရသေးဘူးလား '

' ဆရာဝန်ကတော့နောက်ရက်နည်းနည်းဆို
သတိပြန်ရမယ်လို့ပြောတယ် လက်ရောသက်သာရဲ့လား '

' သက်သာပါတယ် '

မမှိန်မသုန်Jong Inကိုရပ်ကြည့်နေတဲ့Sehunကိုကြည့်ပြီးစကားဆိုလာတဲ့အိမ်တော်ထိန်း

' သခင်ကြီးကအစ်ကိုလေးကိုစွဲလမ်းခဲ့တာပါ သူ့ဘဝမှာမမြင်ခဲ့ရဘူးတဲ့ စစ်မှန်တဲ့အပြုံးပိုင်ရှင်လေးကိုချစ်တယ်လို့အထင်မှားခဲ့တာပါ တစ်နေ့တော့တကယ်ချစ်တဲ့လူကိုမြင်လာနိုင်မှာပါ '

' မြင်လာနိုင်ဖို့ကျွန်တော်လည်းမျှော်လင့်ပါတယ် '

ထိုစကားကလွဲပြီးSehunလည်းဘာမှမဆိုမိသလိုအိမ်တော်ထိန်းလည်းဘာမှမဆိုလာခဲ့

' Hyunnie ကိုယ်Hyunnieကြိုက်တဲ့အစားအစာတွေချက်ထားတယ် '

' မစားချင်သေးဘူး Chan '

' နည်းနည်းလောက်ဖြစ်ဖြစ်စားပါလားက‌ွာ '

' မစား‌ချင်သေးလို့ပါ Chan ရယ် '

နှစ်ရက်ရှိပြီ Hyunnieအစားကောင်းကောင်းမစားတာ နှစ်ရက်အတွင်းမှာပိန်ကျသွားပြီး
ဖြူဖက်လာသည်

 Love me babyWhere stories live. Discover now