Unicode Version
အကြင်သူဟာအပိုင်သိမ်းထားဖို့တောင်
မကြိုးစားရက်တဲ့
ကျွန်တော့်ရဲ့အဖိုးတန်လေးမင်းဆက်သွေး
.....................................................................
၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၅ ရက်
လူချမ်းသာရပ်ကွက်တစ်ခုရဲ့
ကြီးမားခန့်ထည်တဲ့အိမ်တစ်အိမ်ထဲ
ကာလပေါက်စျေးသိန်းထောင်ချီတန်တဲ့
ကားအနက်ရောင်တစ်စီးဟာ
အရှိန်မှန်စွာပဲကွေ့ဝင်လာနေတယ်ဆင်ဝင်အောက်ကားရပ်လိုက်တာနဲ့တစ်ပြိုင်နက်
အသင့်စောင့်နေတဲ့အနောက်တိုင်းဝတ်စုံပြည့်ဝတ်
လူတစ်ယောက်မှကားအနောက်ဖက်တံခါးကို
ဆွဲဖွင့်ပေးပြီးကားထဲကထွက်လာတဲ့လူကို
ခါးညွှတ်အရိုအသေပေးလိုက်ပါတယ်အိမ်အဝင်တံခါးမကြီးရဲ့လမ်းတစ်လျှောက်
တစ်ဖက်တစ်ချက်စီတိုင်းမှာလည်း
ဆက်သွယ်ရေးကိရိယာအပြည့်အစုံနဲ့
သတိဆွဲရပ်နေတဲ့ကိုယ်ရံတော်တွေက
ဦးခေါင်းညွှတ်ကြိုဆိုနေကြရပါတယ်ကားပေါ်ကဆင်းပြီးအသင့်ခင်းထားတဲ့
ကောဇောနီပေါ်လျှောက်လှမ်းလာတာက
အကောင်းစားရှူးဖိနပ်ဝတ်သက်လတ်ပိုင်းအရွယ်
လူကြီးတစ်ယောက်နဲ့အသက်ကိုးနှစ်အရွယ်
သာမန်ကလေးငယ်တစ်ယောက်အနောက်တိုင်းဝတ်စုံကိုသေသပ်စွာ
ဝတ်ဆင်ထားတဲ့ထိုလူကြီးကတော့
Armor Freelance Police Cadre ရဲ့
အကြီးတန်းအရာရှိ ဦးရန်နိုင် ဆိုသူပင်AFPC ဆိုသည်မှာကမြန်မာ့နိုင်ငံရေးလောကတွင်
မသိသူမရှိသည့်ထိပ်တန်းလုပ်ငန်းစုတစ်ခုပြောင်းလဲတိုးတက်လာတဲ့ခေတ်ကြီးမှာ
အစိုးရရဲဝန်ထမ်းများနဲ့အပြိုင်
ပုဂ္ဂလိကအဖွဲ့စည်းပိုင်အလွတ်တမ်းရဲဝန်ထမ်းများကလည်း
ထဲထဲဝင်ဝင်နေရာယူလာကြသည့်အထဲ
AFPC ကဆိုလျှင်ယှဉ်ရဲသူမရှိလောက်အောင်
အလားလာကောင်းနေသည့်အဖွဲ့စည်းဆိုလျှင်လည်းမမှားသေချာကြပ်မံ့ထိန်းကွပ်ထားတဲ့
Commando အဆင့်ရှိဝန်ထမ်းများဖြင့်သာ
ဖွဲ့စည်းထားခြင်းကြောင့်အစိုးရကပင်
ပြန်လည်ဌားယူရတဲ့အထိအရှိန်အဝါကြီးမှုတွေနဲ့
Armor ရဲ့ Founder ကတော့
ဦးရန်နိုင် ၏ဖခင်ဖြစ်သူ ဦးနေဘုန်းပြည့်
YOU ARE READING
𝗕𝗘𝗬𝗢𝗡𝗗 𝗧𝗛𝗘 𝗗𝗔𝗜𝗦𝗜𝗘𝗦
General FictionUni + ZG ခင်များကဒေစီပန်းနဲ့တူတယ် တခြားပန်းတွေလိုမဟုတ်တဲ့ ဒေစီ ရဲ့ထူးခြားချက်ကပန်းတစ်ပွင့်စီတိုင်းမှာ မတူညီတဲ့အရောင်အနုအရင့်နှစ်မျိုး တစ်ပြိုင်တည်းယှဥ်တွဲရှိနေတာပဲ ဒီနိယာမလိုမျိုး ခက်ထန်မာကြောတဲ့ခင်များရဲ့ စိတ်သဘောထားမှာလည်း ဆန့်ကျင်ဖက်နူးညံ့သိမ့်...