Unicode Version
ခင်များကဒေစီပန်းနဲ့တူတယ်
တခြားပန်းတွေလိုမဟုတ်တဲ့
ဒေစီ ရဲ့ထူးခြားချက်ကပန်းတစ်ပွင့်စီတိုင်းမှာ
မတူညီတဲ့အရောင်အနုအရင့်နှစ်မျိုး
တစ်ပြိုင်တည်းယှဥ်တွဲရှိနေတတ်တာပဲဒီနိယာမလိုမျိုး
ခက်ထန်မာကြောတဲ့ခင်များရဲ့
စိတ်သဘောထားမှာလည်း
ဆန့်ကျင်ဖက်နူးညံ့သိမ်မွေ့မှုလေး
အနည်းငယ်ရောဝင်နေတယ်လေသြော် ဒါနဲ့စကားမစပ်
ကျွန်တော်အနှစ်သက်ဆုံးပန်းကလည်းဒေစီပန်းပါပဲဝန်းရံခ
....................................................................
၂၀၄၀ ခုနှစ် မေလ ၃ ရက်
" ရှင်းတမ်း "
" သြော် ဝန်းရံ .. ဘာဖြစ်လို့လဲ "
ပြောစရာရှိသလိုအနားကပ်လာတဲ့
ဝန်းရံခ ကြောင့် ရှင်းတမ်း ခေါင်းဆတ်ပြလိုက်ရင်း
အလုပ်စားပွဲပေါ်ရှိလက်စသတ်ပြီးအမှုဖိုင်တွဲများကို
စီထပ်ကာအံဆွဲထဲထိုးထည့်သိမ်းဆည်းလိုက်ပါတယ်" မနေ့ကတရားခံသွားဖမ်းတော့
လက်နက်တိုက်ကထုတ်လာတဲ့သေနတ်ကိုလေ
အဲ့ဒါပြန်ပေးရမှာလား ယူထားရတာလားသေချာမသိလို့
မနေ့ကလည်းလောလောနဲ့ဆိုတော့ ... "" သြော် အဲ့ဒါလား ..
ဘယ်နှလက်ထုတ်လာလိုက်တာမို့လို့လဲ "" တစ်လက်တည်း ရှင်းတမ်း "
" ဒါဆိုယူထားလို့ရတယ်
AFPC ကဝန်ထမ်းကဒ်တစ်ခုအတွက်
ကိုယ်ပိုင်သုံးလက်နက်နှစ်လက်ထိထုတ်ပေးတယ်လေ
ကျည်အတွက်ကတော့စာရင်းပြပြီးထုတ်လို့ရတယ်
ကန့်သတ်အရေတွက်ရယ်လို့တော့မထားထားဘူး
နောက်ပြီး လက်နက်ထုတ်ယူမှုပိုင်းက
ကုမ္မဏီရဲ့စည်းကမ်းချက်စာရွက်မှာပါတယ်
မဖတ်ရသေးတာလား ဒါမှမဟုတ်မရသေးဘူးလား "" စာချုပ်လက်မှတ်ထိုးတော့အဲ့နောက်မှာတွဲပါတဲ့
စာရွက်ကိုပြောတာလား ရှင်းတမ်း "" အင်း ဟုတ်တယ် "
" သေချာမဖတ်ရသေးတာအဲ့ဒါက "
YOU ARE READING
𝗕𝗘𝗬𝗢𝗡𝗗 𝗧𝗛𝗘 𝗗𝗔𝗜𝗦𝗜𝗘𝗦
General FictionUni + ZG ခင်များကဒေစီပန်းနဲ့တူတယ် တခြားပန်းတွေလိုမဟုတ်တဲ့ ဒေစီ ရဲ့ထူးခြားချက်ကပန်းတစ်ပွင့်စီတိုင်းမှာ မတူညီတဲ့အရောင်အနုအရင့်နှစ်မျိုး တစ်ပြိုင်တည်းယှဥ်တွဲရှိနေတာပဲ ဒီနိယာမလိုမျိုး ခက်ထန်မာကြောတဲ့ခင်များရဲ့ စိတ်သဘောထားမှာလည်း ဆန့်ကျင်ဖက်နူးညံ့သိမ့်...