Unicode ver....
ရာစုနှစ်တို့ သုံးကြိမ်ကြိမ်တိုင်တိုင်
ပြီးဆုံးသွားခဲ့ရင်တောင် ဒီရင်မှာတော့
အလွမ်းတွေက သစ်ဟာနေဆဲပဲ ငယ်ရယ်မိုးချိန်းသံတစ်ချက်ကြောင့် ခြေလှမ်းတွေ ခဏရပ်ပြီး ကောင်းကင်ကို မော့ကြည့်ဖြစ်ခဲ့တယ်
အားပြည့်မာန်ပါ စုစည်းလာတဲ့ တိမ်မဲမဲတွေက
ကောင်းကင်တစ်ခုလုံးကို ဖုံးကွယ်လို့ မျက်ရည်ရွဲနေတဲ့
နာကျင်မျက်ဝန်းမှ တောက်ပတဲ့ အတိတ်နေ့ရက်များဆီတစ်ဒုန်းဒုန်း ရိုက်ခတ်နေတဲ့ ကောင်းကင် ဗင်ခလာသံကြောင့်
ငယ် က ပြုံးဖီးလာလေရဲ့"ဘာတွေသဘောကျလို့"
"ဟိုမှာ မိုးအေးအေးတွေ လာတော့မှာ ရောင်ခြယ်မိုးတိမ် တွေပြည့်နေပြီ"
"wow ငယ် --- "ကျွန်တော်စကားပင်မဆုံးသေး မိုးတွေ တစ်ဖြောက်ဖြောက်
ရွာချပါလေရော
ကျွန်တော့်မှာ မိုးခိုတဲ့ နေရာဆီပြေးမိပါတယ် သူကျ အေးဆေးကိုရပ်လို့"ငယ်လာလေ မိုးစိုကုန်လိမ့်မယ် "
"မိုးလေးတွေက အေးမြတယ် ကောရဲ့ လာပါအတူတူဆော့ရအောင်"
"အာ မဆော့ပါဘူးနော် ကောမစိုချင်ဘူး"ပြောမရဆိုမရ ကိုယ်သေးနဲ့ အားကြီးလိုက်တာဗျာ
ကျွန်တော်ကလည်း ငြင်းတာငြင်းနေတာ သူ့နောက်ကို
ဘာလာမိတာတော့ ကျွန်တော်ကိုယ်တိုင်လည်း နားမလည်ထူးခြားစွာ စိုနေတာမကြိုက်တဲ့ ကျွန်တော်က ဒီနေ့မှ မိုးဆော့ရတာ အရာသာသစ်တစ်ခုခံစားရသလို ထိုမိုးအေးအေးတွေကြား
ပျော်မြူးနေတဲ့ သူလေးရဲ့ပုံရိပ် မိုးစဲတွေအတိုင်း မိုးစက်လေးတွေကို
လိုက်လိုက်ဖမ်းနေပြန်တယ် ဒီလမ်းကြားမှာ ကျွန်တော်တို့က လွှဲလို့ ဘယ်သူမှရှိမနေခဲ့ မိုးစက်တွေကြား သူကျွန်တော့်ကိုပြုံး
ပြနေတယ် တောက်ပနေတဲ့ သူ့မျက်ဝန်း လူတွေပြောကြတယ်
မိုနာလီဇာ အပြုံးက အလှဆုံးပန်းချီကားတဲ့ တကယ်တမ်းတော့ကျွန်တော်အခုမြင်နေတဲ့ ပန်းချီကားမှ တကယ့်အလှဆုံးခြေလှမ်းတို့ ဆက်လက်ဦးတည်ရာ ကျွန်တော့်အိမ်နဲ့ မျက်နှာ
ချင်းဆိုင် သူ့အိမ်လေး အထူးသဖြင့် သူနေထိုင်ဖူးတဲ့
အိမ်လေး
YOU ARE READING
Rain (မိုး)
FanfictionUnicode ver.. မိုးတွေအရင်ကအတိုင်း သည်းသည်းမဲမဲ ရွာသွန်းနေပေမယ့် မိုးကို သိပ်ချစ်ပါတယ်ဆိုတဲ့ သူက အခုချိန် မိုးနဲ့အတူ ဘာလို့ ကိုယ့်အနားအရင်လိုမရှိရတာလဲ။ Zawgyi ver.. မိုးတွေအရင်ကအတိုင်း သည်းသည်းမဲမဲ ရွာသွန်းနေပေမယ့် မိုးကို သိပ်ချစ်ပါတယ်ဆိုတဲ့ သူက အခ...