ဘဝမှာကစားကွင်းလာပြီးစိတ်ညစ်နေရတယ်ဆိုတာဒါပထမဆုံးပါ သူငယ်ချင်းဆိုတိုင်းနေရာတကာဝင်ပါခွင့်မရှိနိုင်ဘူးဆိုတာBogumဆိုတဲ့လူကနားမလည်တာလားတုံးတာလား joohyunကိုယ်တိုင်ကBogumဘက်ပါနေတော့
ကိုယ့်မှာပြောပိုင်ခွင့်လည်းမရှိစိတ်မပါဘဲနဲ့လည်းဟန်လုပ်ပြီးပြုံးနေရတာပင်ပန်းလှပြီဖြစ်နိုင်ရင်ဒီနေရာမှာတစ်စက္ကန့်တောင်ရှိမနေချင်တော့တာကြောင့်
joohyunငါတို့ပြန်ကြရအောင်လား
ဒီလိုအခြေအနေမျိုးနဲ့တစ်နေ့တာကိုမဖြတ်သန်းချင်ပါ
ထို့ကြောင့်joohyunကိုအိမ်ပြန်ဖို့ပြောလိုက်တော့သည်
စောသေးတယ်လေအခုမှ၁၁ခွဲပဲရှိသေးတာငါတို့ဒိတ်လုပ်မယ်ပြောထားတာပဲလေ ဒီလောက်လေးဒိတ်လုပ်ပြီးပြန်မှာလား
ဟုတ်တာပဲseulgiရယ်စောပါသေးတယ်မုန့်တွေပါတွေလျှောက်ပတ်စားပြီးတခြားနေရာလေးတွေလျှောက်လည်ကြဦးမယ်လေ
လျှောက်လည်ကြဦးမယ်ဆိုတော့Bogumကကျွန်မတို့နဲ့လိုက်ခဲ့ဦးမယ်ဆိုတဲ့သဘောလား
အာ...ဖြစ်နိုင်မယ်ဆိုရင်တော့သူငယ်ချင်းတစ်ယောက်အနေနဲ့ကျွန်တော်ပါလိုက်လို့မရဘူးလား
သူငယ်ချင်းဆိုပေမဲ့လည်း.
Seulgi တော်တော့သူလိုက်တော့လည်းဘာဖြစ်လဲပိုတောင်ပျော်ဖို့ကောင်းသေးတာပဲ
ဒါဆိုjoohyunကသူ့ကိုလိုက်စေချင်တာလား
သူကငါ့သူငယ်ချင်းပဲလေလိုက်တော့လညိးဘာဖြစ်လဲ
ဘာမှမဖြစ်ပါဘူးငါမေးကြည့်ယုံသာ
နောက်ထပ်တော့seulgiဘာစကားမှထပ်မပြောဖြစ်တော့ မပြောဖြစ်ဘူးဆိုတာထက်မပြောချင်တော့တာပါ
Seulgiငါရေခဲမုန့်စားချင်တယ်
အင်း ငါသွားဝယ်ပေးမယ် ကျွန်တော်သွားဝယ်လိုက်ပါမယ်joohyunစတော်ဘယ်ရီစားမှာမလား
အင်း
seulgiကရောဘာစားမှာလဲ နေပါစေကျွန်မမစားတော့ဘူး အာ့ဆိုခနစောင့်နော် ကျွန်တော်သွားဝယ်လိုက်ဦးမယ် Bogumထွက်သွားပြီးခနကြာတော့joohyunကစကားစပြောလာသည်
Seulgiနင်ဘာဖြစ်နေတာလဲ
ငါဘာဖြစ်နေလို့လည်း နင်ငါ့ကိုစကားသိပ်မပြောသလိုပဲဘာဖြစ်လို့လဲနေမကောင်းဘူးလား မဟုတ်ပါဘူးငါနည်းနည်းပင်ပန်းနေလို့ပါ နင်ပင်ပန်းနေတာလားအာ့ဆိုလည်းငါတို့ပြန်ကြမယ်လေ
အင်းပြန်ကြတာပေါ့ စကားပြောနေရင်းBogumကရေခဲမုန့်ခွက်နှစ်ခုကိုကိုင်ရင်းသူမတို့ဆီပြေးလာတာမြင်လိုက်ရတော့ သူမတို့ဆက်စကားမပြောဖြစ်တော့ပါ
joohyunဒီမှာရေခဲမုန့်ရပြီ..လူများနေတာနဲ့နည်းနည်းကြာသွားတယ် ရပါတယ်ဒါနဲ့ငါတို့ပြန်တော့မယ် ဟမ်စောနကကျတော့စောသေးလို့မပြန်သေးဘူးဆိုjoohyunရဲ့ အစောကတော့မပြန်ချင်သေးပါဘူးဒါမဲ့seulgiကပင်ပန်းနေတော့ငါလည်းပြန်သင့်ပြီထင်လို့ အော်အဲ့လိုလား အင်းပါငါလိုက်ပို့ပေးရမလား ရပါတယ်seulgiမှာကားပါတယ် နင်လည်းဂရုစိုက်သွား ငါ့ကိုစိတ်ပူတာလားjoohyun Bogumရဲ့စကားကိုjoohyunသဘောမကျပါဘေးမှာseulgiလည်းရှိနေတော့အလကားသက်သက်ပြသာနာမဖြစ်ချင်ပါ ထို့ကြောင့်အင်းစိတ်ပူတာပေါ့ငါရဲ့သူငယ်ချင်းပဲဟာကို joohyunကသူငယ်ချင်းပဲဟာလို့ပြောလိုက်ချိန်Bogumမျက်နှာတစ်ချက်ပျက်သွားတာကိုseulgiမြင်လိုက်ရသည် အင်းပါအာ့ဆိုမနက်ဖြန်ကျောင်းရောက်မှတွေ့မယ်နော် အင်းbye Bogum
Bye joohyun သွားလိုက်ဦးမယ်seulgi
ဟုတ်ဆိုတဲ့စကားတစ်လုံးသားseulgiပြန်နှုတ်ဆက်လိုက်သည်
ကားမောင်းနေစဉ်တစ်လျှောက်လုံးဖွင့်ထားတဲ့သီချင်းသံကလွဲရင်ဘာအသံမှမကြားရပါ joohyunကလည်းဘာမှမပြောသလိုseulgiကလည်းဘာပြောရမှန်းမသိတာကြောင့်ဖွင့်ထားတဲ့သီချင်းကိုသာနားထောင်ရင်းကားမောင်းနေမိသည် သီချင်းသံပဲကြားနေချိန်မက်ဆေ့အသံကိုseulgiကြားလိုက်ရသည် ကိုယ့်ဖုန်းကတော့မဟုတ်
joohyunဖုန်းဆီကပင် ဘယ်သူလဲဟုseulgiမေးလိုက်တော့ကြားလိုက်ရတဲ့နာမည်ကြောင့်စိတ်ညစ်ရပြန်သည်
Bogumဆီက
ဘာပြောတာလဲသူက
အိမ်ရောက်တော့မှာလားတဲ့
joohyun seulgiခေါ်လိုက်တော့ joohyunကသူ့ဘက်တစ်ချက်လှည့်ကြည့်ပြီး ဖုန်းစခရင်ပေါ်အကြည့်ပြန်ရောက်သွားဧ။်
ငါBogumနဲ့နင်ရဲ့ဆက်ဆံရေးကိုမကြိုက်ဘူး
ငါတို့ဆက်ဆံရေးကဘာဖြစ်နေလို့လဲseulgi
နင်တို့ဆက်ဆံရေးကငါသာမရှိရင်အရမ်းကိုချစ်ဖို့ကောင်းတဲ့သမီးရည်းစားဆက်ဆံရေးနဲ့တူနေလို့
joohyunရဲ့စာရိုက်နေတဲ့လက်တွေဟာရပ်တန့်သွားခဲ့သည်ဖုန်းကိုပိတ်လိုက်ပြီးသူမဘက်ကိုလှည့်ကြည့်ရင်း
ငါတိုဆက်ဆံရေးကသူငယ်ချင်းတွေလိုပါပဲနင်အဲ့လိုတော့တပ်အပ်မပြောပါနဲ့ငါမကြိုက်ဘူး
နင်နဲ့Bogumရဲ့သူငယ်ချင်းဆက်ဆံရေးကနင်joyတို့yeriတို့ရဲ့သူငယ်ချင်းဆက်ဆံရေးနဲ့တခြားစီပဲjoohyun နင်အထင်လွဲနေတာပဲငါjoyတို့နဲ့လည်းဒီလိုပုံစံပဲ ပြီးတော့နင်ဆက်ပြောမှာဒီအကြောင်းအရာပဲဆိုရင်တော့ဆက်မပြောနဲ့တော့ ငါထပ်ရှင်းမပြနိုင်တော့ဘူး
ဒါမဲ့နင့်စိတ်ထဲကထင်နေတာတွေကိုအမှန်လို့တထစ်ချမမှတ်ထားနဲ့
နင်နားမထောင်ချင်ရင်လည်းငါဆက်မပြောတော့ပါဘူးငါမှားသွားတယ်sorry
မလိုပါဘူး ညကျဖုန်းမဆက်နဲ့ငါစာရေးစရာရှိသေးတယ်
အင်းပါ
Seulgiလည်းဆက်မပြောတော့သလိုjoohyunလည်းဘာစကားမှထပ်မပြောလာတော့ သူမကလည်းကိုယ့်အတွေးနဲ့ကိုယ်ကားမောင်းနေသလို joohyunကလည်းသူ့အတွေးနဲ့သူပြတင်းပေါက်ကိုကြည့်ရင်းသာ
joohyunရဲ့အိမ်ရှေ့ရောက်တော့ခါးပတ်ဖြုတ်ပြီးဆင်းတော့မည့်oohyunရဲ့လက်ကိုဆွဲထားပြီးစကားတစ်ခွန်းပြောဖြစ်အောင်ပြောလိုက်သည်
ချစ်တယ်joohyun
အင်းဆိုတဲ့စကားလုံးသာပြန်ဖြေရင်းကားပေါ်ကဆင်းသွားတဲ့joohyunကိုအိမ်ထဲရောက်တဲ့ထိseulgiကြည့်ပြီးမှကားကိုပြန်မောင်းခဲ့တော့သည်
ဒီလိုပါပဲချစ်တယ်လို့ပြောတိုင်း အင်းလို့သာပြန်ဖြေတဲ့joohyunကိုစိတ်မကုန်နိုင်ပါ သူ့ဘက်ကဘယ်လိုပင်သူ့မကိုသဘောထားပါစေ joohyunကိုချစ်တဲ့သူမဟာလည်းjoohyunကြောင့်နာကျင်ပေမဲ့လည်းထာဝရဆက်ချစ်နေဦးမှာပါ
YOU ARE READING
Eternal Partner
Fanfiction"ချစ်လွန်းလို့သဝန်တိုတာလေးကိုတောင်နားလည်မပေးနိုင်ဘူးလား" "နင်ကငါ့ကိုချစ်တာထက်နေရာတကာလိုက်ချုပ်ချယ်နေတာ"