Part - 1

1.3K 49 9
                                    

ကျယ်ဝန်းလှသော လမ်းမကြီးသည် ကားများဖြင့်ပြည့်နှက်နေလျက်၊ မီးစိမ်းသော်လည်းပဲ အလွန်ပင်ကျပ်ညှပ်လွန်းလှသည့်
အတွက်ကားများသည် တရွေ့ရွေ့သာသွားနေရသည်။

ဘတ်စ်ကားတစ်စီးပေါ်မှ ကောင်လေးတစ်ယောက်သည် ကားပြတင်းပေါက်အပြင်ကိုလှမ်းကြည့်လိုက်၊ လက်တွင်ပက်ထားသည့်နာရီကို ငုံ့ကြည့်လိုက်နှင့် ဗျာများနေသည်။

နာရီလက်တံသည် ကိုး ဆိုသည့်ဂဏန်းနေရာကိုရောက်ဖို့ အနည်းငယ်သာလိုတော့သည်။
ဤအနေအထားတိုင်းဆိုလျှင် ကျောင်းနောက်ကျမည့်ရာခိုင်နှူန်းမှာတစ်ရာပင်ကျော်နေသည်။
အရင်ကမနောက်ကျဖူးဘူးလားဆိုတော့ မဟုတ်၊ သို့သော်လည်းယခုပြောင်းလဲချိန်တန်ပြီ ပြောင်းလဲမှဖြစ်တော့မည်။

ကျစ် ... 𝘓𝘦𝘰 နဲ့မတွေ့ရတော့ဘူးကွာ ...

ချန်ဖေးယွီသည် အိပ်ယာနိုးရဲ့သားနဲ့ မထတဲ့ကိုယ့်ကိုယ်ကို
အပြစ်တင်မိသည်ဆိုပေမယ့် သေချာတွေးကြည့်မယ်ဆိုရင်တော့မိမိအပြစ် တင်မဟုတ် မိမိ၏ဖုန်းကိုဘယ်ချိန်ယူသွားမှန်းမသိ ဒိတ်ကိုပြောင်းလိုက်တဲ့ ချစ်လှစွာသောအစ်ကို၏အပြစ် လည်းပါသည်။ သူကြောင့်တနင်္ဂနွေနဲ့တနင်္လာရက်မှားသွားတာလေ။

ချန်ဖေးယွီကျောင်းရောက်တော့ တစ်ကျောင်းလုံးကိုယ်ပိုင်စာ
ကြည့်ချိန်အပြီး စာသင်နေကြသည့် အသံများဆူညံနေတော့သည်။

"ဆရာ ဝင်ခွင့်ပြုပါခဗျ "

ဆရာသည်ချန်ဖေးယွီဘက်တစ်ချက်ကြည့်ပြီးနောက် စာသင်လက်စကိုဆက်သင်သည်။ ခ

"ကိုယ့်အပြစ်ကိုသိလား "

"ဆရာကလည်း ကျွန်တော်မနောက်ကျတာကြာလှပြီလေ
ဒီတစ်ခါလေးပဲကို နောက်ပြီးတော့ကိုးနာရီးစွန်းစွန်းလေးပဲ
နောက်ကျတာ တကယ်စွန်းစွန်းလေးပဲ "

နှူတ်ခမ်းကြီးဆူကာ မသိရင်ဆရာကပဲအပြစ်မရှိအပြစ်ရှာအတန်းပြင်ထုတ်ထားသလို လက်ဟန်အမူအရာတွေနဲ့ပြောနေသည့်ချန်ဖေးယွီကို ဆရာမြေဖြူနှင့်ကောက်ပေါက်တော့သည်။

"အခုချက်ချင်း အားကစားကွင်းကိုဆယ်ပတ်ပတ်ပြေးစမ်း"

"အဲ့လိုဒေါသကြီးလို့မိန်းမမရတာ "
တိုးတိုးလေးဆိုပေမယ့်ဆရာကကြားသည်ထင်ပါရဲ့ မြေဖြူ
ထက်ဆိုးသည့် သင်ပုန်းဖျက်နှင့်ကောက်ပေါက်မခံရခင်
ချန်ဖေးယွီအမြန်ပြေးရတော့သည်။

SeniorWhere stories live. Discover now