part 10

1.7K 122 0
                                    

"ဝင်​​လေ သည်းငယ်​  ဒါဦးရဲ့ အိမ်​"

ဘူဆန်​က ကျ​နော်​ပိုင်​တဲ့ အပန်း​ဖြေ အိမ်​မှာပဲ ​နေရန်​ပြင်​ပြီး  အထုတ်​​တွေ ချကာ အိမ်​ထဲ သိမ်းပြီးပြီ​ပေမဲ့
ခုချိန်​ထိ တံခါးဝ နားမှာ ပါးစပ်​အ​ဟောင်းသားနဲ့
အိမ်​ကြီးကိုကြည့်​​နေ​သေးတဲ့သူ 
သူဒီကို မ​ရောက်​ဖူးဘူး​လေ

"ဝိုးးးးး  အိမ်​ကြီးက အကြီးကြီးပဲ"

"ဟား  ​နောက်​မှ ​သေချာကြည့်​​တော့ သည်းငယ်​​ရေ
လာ ဦး တို့ခရီး ပန်းလာတယ်​ နားကြရ​အောင်
ဦးက မနက်​ကျရင်​ အလုပ်​လည်း သွားရဦးမှာ ဆို
ေ​တာ့ ​စော​စောနားချင်​တယ်​"

"​နေစမ်းပါဦး  ခင်​​​ဗျားဘာ ခင်​​​ဗျား အ​စောကြီးနားချင်​တာ နား​ပေါ့ ကျ​နော်​က​တော့ မနားချင်​​သေးဘူး
ဟွန့်​"

က​လေး ဆန်​ဆန်​ မျက်​​စောင်း​လေး ထိုးကာ အိမ်​ထဲ ဝင်​သွား​သော​ကြောင့်​ ကျ​နော်​သ​ဘောကျကာ
ပြုံးလိုက်​ပြီးမှ  အိမ်​ထဲ လိုက်​ဝင်​ခဲ့သည်

အထဲ​ရောက်​​တော့လည်း တ​မေ့​တ​မောကြည့်​​နေပြန်​​သောသူ

"သည်းငယ်​ရယ်​ မနက်​ ဦး အလုပ်​သွားမှ ကြည့်​ပါကွယ်​  ဦး နားချင်​​နေပြီ လာ"

လက်​က​နေအတင်းဆွဲ​ခေါ်ပြီး အ​ပေါ်တက်​လာ​တော့
ကိုးလို့ကန့်​လန့်​ ဖြင့်​ပါလာသည်

အခန်းထဲ​ရောက်​​တော့လည်း   ဘုရင့်​ အိပ်​ခန်း​လောက်​ သားနား​နေ​သော အခန်းကျယ်​​ကြောင့်
သူ့မှာ ပါးစပ်​ကြီး အ​ဟောင်းသား ဖြစ်​လာပြန်​​ရော

"ဦး ​ရေချိုး​တော့မယ်​ သည်းငယ်​"

"အွန်း"

ဦး အ​ပြောကို  ဖြစ်​စလွယ်​ အ​ဖြေ​ပေးကာ ​မွေ့ယာ
အိအိကြီး​ပေါ် တက်​ကြည့်​လိုက်​​တော့ တစ်​ကိုယ်​လုံးပင်​ နစ်​ဝင်​သွားရသည်​အထိ  နူးညံ့ကာ အိ​နေ​သော  ​မွေ့ယာကြီး 

"ဟီး ​ပျော်​စရာကြီး "

မွေ့ယာ​ပေါ်မှာ လူးလိမ့်​​နေလိုက်​သည်

"ဟိတ်​"

ခေါ်သံ​ကြောင့်​ ကြည့်​လိုက်​မိ​တော့  ဦး
ဦးဟာ သဘတ်​တစ်​ထည်​ပဲ ပတ်​ထားသည်

မင်းမချစ်လည်း ​​ငါချစ်​တယ်​ 😘Completed😘Nơi câu chuyện tồn tại. Hãy khám phá bây giờ