ပြတင်းပေါက်မှတစ်ဆင့် ကျူးကျော်ဝင်ရောက်လာတဲ့ နေရောင်ခြည်နွေးနွေးကြောင့် အိပ်ယာပေါ်၌ နှစ်ခြိုက်စွာအိပ်ပျော်နေသော စိုင်းထက်မြတ်တစ်ယောက် မျက်ခုံးအလိုလိုကျူံ့မိသွားလေတော့သည်။ထို့နောက် နေ့စဉ်ပြုလုပ်နေကျအကျင့်အတိုင်း မိမိဘေးသို့ လက်ဖြင့်စမ်းလိုက်တော့ အေးစက်စက်အိပ်ယာခင်း၏အထိအတွေ့ကြောင့် မျက်လုံးတွေက အလိုလိုပွင့်ကာ အိပ်ယာမှ ငေါက်ငနဲထမိသည်အထိပင်ဖြစ်သည်။အိပ်ခန်းအတွင်းသို့ မျက်လုံးဝေ့ကာရှာနေပေမယ့် သူတွေ့ချင်သော ချစ်ရသူ၏အရိပ်ယောင်ကိုပင် ရှာမတွေ့သေးပေ။ ထို့ကြောင့် အိပ်ယာမှ ချက်ချင်းထကာ ရေချိူးခန်းတံခါးကို ဆွဲဖွင့်လိုက်သော်လည်း ဘေစင်တွင်တင်ထားသော သူ၏သွားပွတ်တံမှလွဲ၍ ဘာဆိုဘာမှတွေ့ပေ။
"ဒီအချစ်ကတော့ ဘယ်တွေသွားနေလဲမသိဘူး...။ဟူး....စိတ်ရှုပ်လိုက်တာနော်....။... အာ...ဟုတ်ပြီ... မီးဖိုချောင်မှာနဲ့တူတယ်။"
ဆံပင်အားလက်ဖြင့်ဖွရင်း အိပ်ခန်းထဲမှထွက်လာလိုက်သည်။လှေကားမှတစ်ဆင့် အောက်ထပ်ရောက်တော့ မီးဖိုချောင်သို့ အပြေးသွားကာရှာမိသည်။သို့ပေမယ့်လည်း အလုပ်ကိုယ်စီဖြင့် မအားမလပ်ဖြစ်နေကြသော ကြီးမေတို့ကိုသာတွေ့ရသည်။မိမိချစ်ရသူကို မတွေ့ရတာကြောင့် မီးဖိုချောင်မှ မျက်နှာဆူပုတ်ပုတ်ဖြင့် ပြန်ထွက်ရန်ခြေလှမ်းပြင်နေစဉ်
"သားငယ် သားဝေကိုရှာနေတာလား?"
ထိုအခါမှ လိုချင်တာကိုပူဆာ၍ရသော ကလေးငယ်ကဲ့သို့ ပျော်ရွှင်သွားကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကြီးမေအား စိုင်းအဖြေပေးမိသည်။
"သားဝေက သားမာမီနဲ့ပန်းခင်းထဲမှာရှိတယ်...။ဟိုရက်က မှာထားတဲ့ ကျူးလစ်ပန်းပင်အသစ်တွေ ထပ်ရောက်လာလို့ ပန်းခြံထဲမှာ နေရာချနေကြတယ်ကွယ့်။"
ကြီးမေပြောတော့မှ သတိရသွားဟန်နဲ့...
"အာ ဟုတ်သားဘဲ...မနေ့က အချစ်ပြောထားတာကို ကျွန်တော်မေ့သွားတာဗျ။အဲ့တာဆို ကျွန်တော် ပန်းခင်းဘက်ကို လိုက်သွားလိုက်ဦးမယ်နော် ကြီးမေ..."
"ကောင်းပါပြီကွယ်...ဒါနဲ့...မျက်နှာမသစ်ရသေးဘူးမလားသားငယ်?"
YOU ARE READING
I Will Love You Forever
RomanceCream Tulipပန်းရဲ့အဓိပ္ပါယ်က "I Will Love You Forever" တဲ့....