[ Zawgyi ]
" ဒီဘက်က Oh Se Hun နော် "
အပြာနုရောင် ဂါဝန်လေးကို ၀တ်ဆင်ထားလျက် ယဉ်ကျေးသိမ်မွေ့သည့် အသွင်ဖြင့် ဖြောင့်စင်းနေသော ဆံနွယ်လေးကို နားနောက်သို့ သိမ်းလိုက်ရင်း ရှက်ပြုံးလေး သွယ်ကာ Sehun ကို ဆိုသည်။
အသွင်အပြင် အားလုံးဟာ နူးညံ့သည့်ဘက်ကို သွားသည်ကြောင့် ရုပ်ကလေးမှာလည်း ကြွေရုပ်ကလေး ကဲ့သို့ အများသူငှာ ခူးချင်ကြသော ပန်းကလေး နှယ်။
" ဟုတ်ကဲ့ ကျွန်တော် နာမည် Oh Se Hun ပါ။ တွေ့ရတာ ၀မ်းသာပါတယ်။ ဒါနဲ့ ဒီဘက်က နာမည်လေး?? "
" အာ Yeon So Hee ပါ "
ကိုယ်နဲ့ တွေ့တဲ့ မိန်းကလေးရဲ့ နာမည်ကို မသိသည်ကြောင့် အားနာနာဖြင့်ပင် မျက်နှာပူစွာ ထို မိန်းကလေး နာမည်ကို မေးရတော့သည်။
သို့ပေမဲ့ တော်သေးသည်ပြောရမည် တဖက် မိန်းကလေးက SeHun ကို တမျိုးမမြင်ပဲ သူမ နာမည်ကို ဖြေပေးသည်ကြောင့်။
Sehun က ကိုယ်နဲ့ မသိသည့် မိန်းကလေး တစ်ယောက်နှင့်တော့ ကော်ဖီကို အတူထိုင်သောက်မည်တော့ မဟုတ်ပေ။ အခု Sehun တစ်ယောက် ကော်ဖီ ဆိုင်ကို ရောက်နေသည်က တစ်မိုးအောက် Luhan ကြောင့်ပေပဲပေါ့
.................................
လွန်ခဲ့သော ၁နာရီခန့်
* beep ~ beep ~ beep *
သည်ယနေ့က အလုပ်ပိတ်သည်ကြောင့် Sehun သာသာယာယာပဲ အိမ်ထဲတွင် နေချင်သလို နေ, နေသည်။ လုပ်စရာမရှိသည်ကြောင့် ဂိမ်းဆော့နေရင်း Luhan ဆီမှ ဖုန်းဝင်လာခဲ့သည်။
' ဟယ်လို Luhan ဘာကိစ္စ ရှိလို့လဲ '
' မင်း အားလား? '
' အင်း အားပါတယ် ဘာဖြစ်လို့လဲ '
' အဲ့တာဆို ငါတို့် အပြင်အတူသွား ကြမလား '
' မင်းပြောတော့ မင်းကောင်မလေးနဲ့ သွားစရာ ရှိတယ်ဆို '
' ဟုတ်တယ် အဲ့တာက နောက်မှ၊ မင်းနဲ့ အရင် သွားစရာ ရှိလို့ '
' ဟေ့ ငါ့ကို အတွဲကြားထဲ ၀င်မရှူပ်ခိုင်းနဲ့နော် '
' မရှူပ်ပါဘူးဆိုနေ ဒီအတိုင်း ငါ မင်းနဲ့ အရင်တွေ့မှာ အဲ့တာကြောင့် '
YOU ARE READING
I HAVE A LOVER
FanfictionLuHan 루한 SeHun Oh 오세훈 [ Both Zawgyi & Unicode ] BGM ~ CHEN & LEE EUN MI - I HAVE A LOVER (original song : Lee Eun Mi - I Have a Lover)