အထက်တန်းနောက်ဆုံးနှစ်၊ ဒုတိယမြောက်စာသင်ကာလ။
ဒီနှစ်ဟာ ရှလင်းဝမ် တို့ရဲ့ အထက်တန်းကျောင်းသူဘဝနောက်ဆုံးနှစ်ဖြစ်၏။ ဒုတိယမြောက်စာသင်ကာလ ဆောင်းရာသီပင်ရောက်နေပြီဖြစ်သောကြောင့် မကြာခင် တက္ကသိုလ်တွေဆီမှ ဝင်ခွင့်ဖြေဆိုလွှာတွေရောက်လာတော့မည်။ ဝင်ခွင့်ဖြေဆိုလွှာတွေဖြေပြီးရင် အထက်တန်းအောင်လက်မှတ်အတွက် စာမေးပွဲကြီးသာ ဖြေပြီးရင် လင်းဝမ်တို့ အထက်တန်းကျောင်းသူဘဝပြီးဆုံးတော့ပေမည်။
ဒီအထက်တန်းကာလတစ်လျှောက်လုံးဟာ လင်းဝမ်အတွက် အမှတ်ရစရာ များများစားစားမရှိပါချေ။ အကာင်းဆုံးအမှတ်တရတွေမရှိခဲ့ဘူးဆိုရင် ပိုများမှန်နေမလားပင်။
ရှလင်းဝမ်(夏玲温)။
မည်သည့်အကြောင်းကြောင့် သူမကို ဒီနာမည်ပေးခဲ့မှန်းမသိပေမယ့် နာမည်ထဲကလိုတော့ လင်းဝမ်ဘဝဟာ တောက်ပသိမ်မွေ့မနေခဲ့ပေ။ လူမှန်းသိတတ်စအရွယ်ထဲက အရက်ဂျိုးအဖေနှင့် အတူနေခဲ့ရသော လင်းဝမ်ဘဝဟာ မလှပခဲ့။ နေ့တိုင်းလိုလို စိတ်ဖောက်နေသည့်အဖေရဲ့ ရိုက်နှက်ခြင်းတွေကိုသာခံခဲ့ရသည်။လင်းဝမ်ရဲ့ မွေးမိခင်ဟာလည်း အရက်ဂျိုးအဖေရဲ့ဒဏ်တွေကို မခံနိုင်လွန်းလို့ နောက်ယောက်ျားနှင့် လိုက်ပြေးသွားခဲ့သည်။ လင်းဝမ်မေးချင်သည်။ ဘာလို့များ သူမကိုပါ ခေါ်မသွားခဲ့ပါသနည်း။ ခွေးလိုဝက်လို ရှင်သန်ရရင်တောင် အခုထက်ပိုကောင်းလိမ့်မည်ဟု လင်းဝမ်ထင်မိသည်။
အဖေဟာ အရက်သောက်ချင်တိုင်း အရက်ဖိုးမရှိတိုင်း သူမဆီကတောင်းသည်။ လိုချင်သည့်ငွေမပေးလျှင် ခြေသလုံးတွေစုတ်ပြဲသည်အထိ အရိုက်ခံရသည်။ မှတ်မှတ်ရရ မခံစားနိုင်သည့်အဆုံး အိမ်တွင်းအကြမ်းဖက်မှုဖြင့် လင်းဝမ် ရဲစခန်းတွင် သွားတိုင်ခဲ့ဖူးသည်။ ပင်စင်စားရဲတစ်ယောက်ဖြစ်သည့် အရက်ဂျိုးဖခင်ဟာ ထိုအကြောင်းသိသွားသည့်အခါ လင်းဝမ်ကို တိုက်ပိတ်ပြီး ၃ရက်တိတိရိုက်နှက်ခဲ့သည်။
လင်းဝမ်ရလိုက်သည့်သင်ခန်းစာကား မည်သူ့ကိုမျှ မယုံတော့ဖို့ပင်။ သူ့အလုပ်သူရှုပ်နေသည့်လောကကြီးကား သူမလို လူတစ်ယောက်အတွက် ထွေထူးလည်ပတ်ပေးနေမည်မဟုတ်ပေ။
YOU ARE READING
More & More
Historical Fictionသူဟာ ဘုရင်တစ်ပါး... လူသားတိုရဲ့ ဧကရာဇ်... နတ်ဘုရားတွေတောင် သူ့ကိုမလွန်ဆန်နိုင်ဘူး... ပြီးပြည့်စုံတဲ့သူပေမယ့် သူ့မှာလည်း လျှို့ဝှက်ချက်တစ်ခုရှိတယ် လူမသိတဲ့အမှန်တရား... သူဟာ သွေးဆာတတ်တဲ့ နတ်ဆိုးလိုဧကရာဇ်တ်ပါး...! သူဟာ ဘုရင်တစ်ပါး လူသားတိုရဲ့ ဧကရာဇ် နတ...