အရိုးကျိုးသံတွေက တိတ်ဆိတ်နေတဲ့ အကျင်းခန်းထဲ ကျယ်လောင်စွာထွက်ပေါ်လာသည်။ သွေးဓာတ်ကုန်ဆုံးလို့ ဖြူဖတ်နေသည့်ထိုလူဟာ နာကျင်လွန်းစွာ အော်ဟစ်ပြစ်ချင်ပါသော်လည်း လည်ချောင်းသံသာထွက်လာခဲ့သည်။ ပွင့်ဟနေသော ပါးစပ်မှ တစ်စိမ့်စိမ့်စီးကျနေသော သွေးများအရ ထိုလူဟာ လျှာဖြတ်ထားခြင်းခံရမှန်းသိနိုင်ပေသည်။
"နာလား?"
အေးစက်စက်နှင့်ကြားရသူအပေါင်း ကျောထဲစိမ့်တတ်မတတ်ကြောက်ရွံစရာ အသံတစ်ခု။ ထိုအသံတွင် ရယ်ရွှင်ရိပ်အနည်းငယ်ပါနေသလိုပင်။
"ငါကိုယ်တော့်ကို သစ္စာဖောက်ဖို့ပြင်ထားရင် ဒီလောက်လေးနာကျင်မှုကိုလဲ ခံယူဖို့ပြင်ထားသင့်တာပေါ့"
တစ်ဖက်ရှိ အကျင်းသားနိုပ်စက်ရာ ခုံပေါ်မှ လူသည်မှာကား ပြန်မဖြေနိုင်စွာပင် တစ်အုအု အသံသာထွက်လာသည်။ သွေးတွေဟာလည်း ထိုလူရဲ့ ကိုယ်ခန္ဓာခြေလက်နေရာစုံမှ ရေစီးသလိုထွက်ကျနေသည့်အတွက် ထိုလူဝတ်ထားသည့် ဖျင်ကြမ်းထည်အကျင်းသားဝတ်ရုံအဖြူမှာ နဂိုအရောင်ပျောက်၍ အနီပုပ်ရောင်ပင် ထွက်နေလေပြီ။
"ယုယန်…"
"ကျွန်တော်မျိုး ရှိပါတယ်"
"ငါ ကိုယ်တော်ပြင်ဆင်ထားတဲ့လက်ဆောင်ကို ပေးလိုက်စမ်းပါ"
"ဟုတ်ကဲ့"
ဧကရာဇ်အပါးတော်မြဲတစ်ဖြစ်လဲ ကုန်းကုန်းဝတ်စုံနှင့်လူဟာ အပြင်ဘက်ရှိအစောင့်တွေကိုကြည့်ကာ လက်ထဲမှ ရွှမ်းရီကို အသာရမ်းခါလိုက်သည်။
YOU ARE READING
More & More
Historical Fictionသူဟာ ဘုရင်တစ်ပါး... လူသားတိုရဲ့ ဧကရာဇ်... နတ်ဘုရားတွေတောင် သူ့ကိုမလွန်ဆန်နိုင်ဘူး... ပြီးပြည့်စုံတဲ့သူပေမယ့် သူ့မှာလည်း လျှို့ဝှက်ချက်တစ်ခုရှိတယ် လူမသိတဲ့အမှန်တရား... သူဟာ သွေးဆာတတ်တဲ့ နတ်ဆိုးလိုဧကရာဇ်တ်ပါး...! သူဟာ ဘုရင်တစ်ပါး လူသားတိုရဲ့ ဧကရာဇ် နတ...