ဒုန်း!!ဒုန်း!!ဒုန်း!!
"ကင်မ်ထယ်ယောင်း တံခါးဖွင့်စမ်း ငါပြောနေတယ်တံခါးဖွင့်စမ်းလို့ကင်မ်ထယ်ယောင်း!!"
ဟာကွာ တောက်!!!
"ထယ်ယောင်း ကိုယ်ပြောနေတယ်လေကွာ တံခါးဖွင့်ပေးပါလို့"
Seokကဒီလိုပါပဲ သူစိတ်ပေါက်လို့အော်ချင်ရင်အော်လိုက်တာပဲ ပြီးရင်ကျွန်တော့အားနည်းချက်ဖြစ်တဲ့ သူ့လေသံနုနုလေးတွေနဲ့ပြန်ချော့တာပဲ အနာပေးလိုက်ဆေးပေးလိုက်ဆိုတာမျိုး ကျွန်တော့ချစ်သူကသိပ်ကျွမ်းတာ..
ကျွန်တော့်ရင်ထဲဘယ်လိုခံစားရမလဲဆိုတာသူမသိဘူး သိလည်းမသိချင်ပါဘူးဘယ်တုန်းကမှ၊ ငယ်ငယ်ကတည်းက အရိပ်တစ်ကြည့်ကြည့်နေလာတဲ့ ကျွန်တော်မို့သာ ဒီလောက်သည်းခံနိုင်တာ တစ်ခြားလူသာဆိုSeokကိုထားသွားတာကြာပေါ့....
အော်.. မေ့လို့ ကျွန်တော်လည်းထားသွားတော့မှာ.."တောက်!!"
ဝုန်းး!!!
တံခါးကိုဖျက်ကာ မှောင်မဲနေတဲ့တိုက်ခန်းကျဉ်းထဲဟိုဆော့သတိနဲ့ဝင်လာနေသည်။ လဆုတ်ညရဲ့လရောင်အနည်းငယ်ကပြတင်းပေါက်ကတစ်ဆင့်အခန်းကျဉ်းလေးထဲသို့မြင်သာရုံမျှအလင်းရောင်ရေးရေးကိုဆောင်ပေးနေသည်။
အာ့!!
မှန်ကွဲစတစ်ချို့ကဟိုဆော့ခြေဖဝါးတွင်စိုက်ပါလာသည်။ မှန်စကိုအသာဆွဲထုတ်ရင်း တစ်စုံတစ်ခုကိုသတိရသွားဟန်နှင့် ဟိုဆော့ကုတင်ဘေးကိုအမြန်ထကြည့်လိုက်တော့ တစ်စစီပြန့်ကြဲနေသောမှန်ကွဲစများနှင့် သွေးအိုင်ကြားကထယ်ယောင်းကိုသွေးပျက်ဖွယ်တွေ့လိုက်ရသည်။"ဟာ...ဒီကလေးကွာ..တောက်!!"
သွေးအိုင်ထဲမှ အသိလွတ်တစ်ချက်ရတစ်ချက်ဖြစ်နေသောထယ်ယောင်းရဲ့ပျော့ခွေနေသောကိုယ်ငယ်လေးကို အသာပွေ့ယူရင်း သူ့အင်္ကျီစကိုဖြဲကာ လက်ဖျံမှဖြတ်ရာများကို သွေးတိတ်အောင်ဟိုဆော့ကျွမ်းကျင်စွာစည်းလိုက်သည်။
ထို့နောက်ပွေ့ထားရင်းပင်
"Hello ဒီမှာလူနာတစ်ယောက်အရေးပေါ်အခြေအနေဖြစ်နေတယ် ကားတစ်စီးမြန်မြန်လွှတ်ပေးပါ လိပ်စာက....""ထယ်ယောင်းရယ် ခဏပဲအားတင်းထားနော် ခဏနေရင်ဘေဘီသက်သာသွားမှာပါကိုယ်ရှိတယ်"
ထယ်ယောင်းလက်နုနုလေးကိုဖွဖွကိုင်ထားရင်းဟိုဆော့တိုးတိုးလေးရေရွတ်သည်။
ဟင့်အင်း..ကျွန်တော့ကိုမကယ်ပါနဲ့တော့ ကျွန်တော်အရမ်းပင်ပန်းလှပြီSeokရယ်...ထွက်သွားချင်ပြီ.....
*********************
မနေနိုင်မထိုင်နိုင်ရေးမိပြန်ပြီ:') အခုကintroလေးလာတင်ကြည့်တာပါ ကြိုက်ကြပါ့မလားလို့:') အရှည်ကြီးတော့မရေးပါဘူး
_260121_
#AhChim

YOU ARE READING
Let Go
Fanficနောက်ဘဝကိုကျွန်တော်ယုံတယ် အဲ့ကိုရောက်ရင်ခင်ဗျားကျွန်တော့အပိုင်သီးသန့်ဖြစ်ပေးမလားSeok