Beve 20

4.5K 531 98
                                    

Zawgyi version

ဥပဒေဌာန။

ဟုတ်သည်..ကျွန်တော် ဥပဒေကျောင်းသားတွေ စာသင်ရာ ဥပဒေဌာနဘက်သို့ ရောက်နေသည်။ တသက်နဲ့တကိုယ် ထိုသူစာသင်နေသည့် ဤနေရာသို့ ကိုယ့်ခြေထောက်နဲ့ ကိုယ်တိုင် လှမ်းလာရလိမ့်မည်ဟု ဂျွန်ဂု မတွေးခဲ့ဖူးပေ။ အခုတော့ သူကိုယ်တိုင် လိုလိုလားလား ရောက်လာခဲ့သည်။

အကြောင်းအရင်းက ဘာများဖြစ်မလဲ?

ထယ်ယောင်းကြောင့်ပင်။ ဘာပဲပြောပြော ထယ်ယောင်း ထွက်မသွားခင်ထိ ထယ်ယောင်းနဲ့ အနီးကပ်ဆုံး နေခဲ့တာ ဂျောင်ဟိုဆော့ မဟုတ်လျှင် ဆိုင်ရှင်အစ်မ မဟုတ်ပေလား။ ထို့​ကြောင့် ဟိုဆော့ဆီမှ ထယ်ယောင်းနဲ့ ပတ်သတ်ပြီး သတင်းတစွန်းတစ ကြားရမယ်လို့ မျှော်လင့်မိသည်။ နောက်ပြီး ထယ်ယောင်းနဲ့ ဆက်သွယ်နိုင်ဖို့ နည်းလမ်း တစုံတရာပေါ့။

ထယ်က နယူးယောက်ရောက်နေပြီ ဖြစ်တာမို့ သေချာတာက ကိုရီးယားဖုန်းကို ဘယ်ကိုင်တော့မလဲ။ ကျွန်တော်ကိုက အတွေးတိမ်ပြီး တကွက်လိုခဲ့တာ။

မျှော်လင့်ချက် တပွေ့တပိုက်ဖြင့် အတန်းရှေ့ ရပ်စောင့်နေစဉ် ကျောင်းသားတွေ တယောက်ပြီး တယောက် ကိုယ်စီကိုယ်စီ ထွက်လာကြလေသည်။ ထိုအထဲမှ သူငယ်ချင်းများကြား မနားတမ်း စကားပြောကာ ရယ်မောနေသော ဟိုဆော့ကို တွေ့လိုက်သည်။

ဖြစ်နိုင်လျှင် ထိုလူအား ဂျွန်ဂု အဆက်အဆံ မလုပ်ချင်ပေ။ ဒါပေမဲ့ နည်းလမ်းက ထိုသူမှလွဲ အခြားမရှိ။

"ဟို..ဟိုဆော့ ဟျောင်းန်"

ဂျွန်ဂု မဝံ့မရဲဖြင့် လှမ်းခေါ်လိုက်သည်။ ထိုအခိုက်အတန့် ရှိရှိသမျှ မာနတွေလည်း ပျောက်ရှကာ ဟိုဆော့အား အောက်ကျို့ရမည့် ခံစားချက်ကို ဂျွန်ဂု တကယ် မနှစ်သက်။

ဟျောင်းန်ဟု သုံးနှုန်းလိုက်သော နမ်စားကြောင့် ထင်သည်။ ဟိုဆော့ မျက်နှာက အတော်ကို ပျက်ယွင်းသွားသည်။ ဂျွန်ဂု စိတ်ထဲမှ မကျေမနပ် ရေရွတ်မိသည်။

ကျွန်တော်လည်း ခင်ဗျားနီးတူ စိတ်ပျက်ပါတယ်။ တယောက်ထဲ ခံစားရသလို လုပ်မနေနဲ့။

Beve Me ( Season2 )Where stories live. Discover now