Unicode
"မင်းမှာ ဒီလို လုပ်ပိုင်ခွင့်မရှိဘူး ယွန်းမီရယ်"
အိုဂျင်ဟာရဲ့ အပြောကြောင့် ယွန်းမီရယ် လှောင်ပြုံးတစ်ခု ပြုံးလိုက်မိသည်။ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုတွေးမိပြီးသားမို့ ရင်ဆိုင်ရုံမှတပါး အခြားမရှိ ။
"ရှင့်မှာ ပိုက်ဆံပေါတါပဲ ဒီလောက်ကတော့ မပြောပလောက်ပါဘူး နောက်ပြီး ကျွန်မဗိုက်ထဲက ရှင့်သွေးသားနော် ရှင့်ကလေးအတွက် ဒီပမာဏလောက်တော့ ပေးသင့်တာပေါ့ "
အိုဂျင်ဟာ ဒေါသကြောင့် လက်သီးကိုတင်းတင်းဆုပ်ကာ အံကြိတ်ထားမိသည်။ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲသည့် ဇနီးအတွက် အငှားကိုယ်ဝန်ဆောင်ဖို့ လူငှားရန်အပြင် ရွေးချယ်စရာမရှိခဲ့ပေ။ အငှားကိုယ်ဝန်ဆောင်ဖို့ ယွန်းမီရယ်ကို တိတ်တဆိတ်ငှားရမ်းခဲ့ပြီး တောင်းသလောက်ပိုက်ဆံကိုပေးခဲ့သည်။ ဇနီးမှာလည်း ယာဥ်မတော်တဆမှုကြောင့် ဆုံးပါးသွားသည်မှာ နှစ်လခန့်ပင်ရှိနေပြီဖြစ်သည်။
အိုဂျင်ဟာ၏ အဖေ, Oh Group၏ သူဌေးကြီးက ထိုအဖြစ်မှန်ကို သိသွားခဲ့ပြီး မြေးလေး လက်ထဲရောက်မှသာ ပိုင်ဆိုင်မှုမှန်သမျှ လွှဲပေးဖို့ သေတမ်းစာရေးထားခဲ့သည်။
ယွန်းမီရယ် သည်လည်း ကလေးမွေးဖွားပြီးပါက အိုဂျင်ဟာက Oh Groupကို လက်လွှဲယူရမည်ကို သိ၍ ပိုင်ဆိုင်မှုတစ်ဝက်ပေးရန် တောင်းခြင်းဖြစ်သည်။"ရှင်စဥ်းစားပေါ့ ကျွန်မဗိုက်ထဲက ကလေးရဲ့တန်ကြေးကို "
* * * * *
"ယွန်းမီရယ်ရှီ ကလေးမွေးပါြပီ ဘူဆန်ဆေးရုံမှာပါ "
လွန်ခဲ့တဲ့လပိုင်းလောက်ကနေစပြီး ယွန်းမီရယ်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားခဲ့သည်။ ပိုက်ဆံ ကိစ္စနှင့် ပက်သက်ပြီး ယွန်းမီရယ် သူ့မျက်ကွယ်သို့ ထွက်ပြေးသွားသောကြောင့် လိုက်ရှာခဲ့ရသည်။ ပြန်တွေ့ပီဟု သတင်းကြားရတော့လည်း မီးဖွားနေသည်ဟူ၍...
မိမိလူယုံကိုခေါ်၍ ဘူဆန်ဆေးရုံသို့ ချီတတ်ခဲ့သည်။ ခွဲခန်းရှေ့ရောက်တော့ သူနာပြုတစ်ယောက် ခွဲခန်းမှထွက်လာသည်နဲ့ကြုံ၍ လက်ကိုဖမ်းဆဲွဲပြီး