Prologue
ဒီနေ့ ။ ဒီနေ့က နေ့ထူးနေ့မြတ်တစ်နေ့ပဲ ။
နောက်ဆုံးတော့ ဒီနေ့မှာပဲ ငါဟာ
ကာကွယ်စောင့်ရှောက်သူတစ်ယာက်ဖြစ်လာခဲ့ပြီ ။
ကာကွယ်သူတွေကဘာကိုကာကွယ်ရသလဲတော့
ငါလည်းသေချာ မသိဘူး ။
ဒါကိုသိတဲ့သူကလည်း တစ်ယောက်ပဲရှိတယ် ။
အဲ့ဒီသူက လမင်းပဲ ။
ငါ့နာမည်က ဘာလဲ ? ငါ့နာမည်က Scarlett .
######################
Chapter 1
နောက်ဆုံးတော့ ငါစောင့်နေခဲ့တဲ့နေ့ရက်ကို ရောက်ပြီ ။
ငါဟာ ကာကွယ်စောင့်ရှောက်သူတစ်ယောက်ဖြစ်လာခဲ့ပြီ ။
ငါလူသားတစ်ယောက်ကို ကာကွယ်စောင့်ရှောက်ပေးရမယ်လို့
လမင်းကြီးက ပြောခဲ့တယ် ။
အဲ့ဒီလူသားရဲ့ နာမည်က Lavienge ဖြစ်ပြီး
သူမက၁၂အရွယ် မိန်းကလေးတစ်ယောက်ပဲ ။
ငါဟာ သူမရဲ့ကာကွယ်စောင့်ရှောက်သူဖြစ်တယ် ။
ဘာကနေ ကာကွယ်ရမှာလဲ ?
မကောင်းဆိုးဝါးတွေ ဘေးအန္တရာယ်တွေ တခြားဆိုးရွားတဲ့
ဘယ်အခြေအနေမျိုးကမဆို သူမကိုကာကွယ်ပေးရမယ် ။
ငါကသူမကိုပျော်ရွှင်အောင်ထားပေးရမယ် ။
သူမရဲ့အလိုဆန္ဒတွေကို ငါဖြည့်ဆည်းပေးနိုင်တယ် ။
ဒါပေမယ့် ငါ့မှာလည်း အလိုဆန္ဒလေးတစ်ခုရှိသေးတယ် ။
ငါ့ရဲ့ဆန္ဒကဘာလဲ?
ငါ့ရဲ့ဆန္ဒက ငါကဘယ်သူလဲ ငါကဘာလဲဆိုတာ
လမင်းကြီးကငါ့ကိုပြောပြဖို့ပဲ ။ ငါကဘာများလဲ ?
#######################
Chapter 2
ဒီနေ့က Lavienge ရဲ့ကာကွယ်စောင့်ရှောက်သူအဖြစ်
စတင်တဲ့ငါ့ရဲ့ပထမဆုံးနေ့ပဲ ။
ငါသူမကိုမြင်နိုင်တယ် ။ဒါပေမယ့် သူမကတော့
YOU ARE READING
ၾကယ္ကေလးရဲ႕ဆႏၵ/ကြယ်ကလေးရဲ့ဆန္ဒ (Myanmar Translation)
Short Story[Unicode] ဒီဇာတ်လမ်းက ကာကွယ်စောင့်ရှောက်သူများကြယ်မှာ ပြန်လည်မွေးဖွားလာတဲ့ နတ်သမီးတစ်ပါးရဲ့ အကြောင်းဖြစ်တယ်။ သို့သော်လည်း သူမမှာ အတိတ်ဘဝရဲ့ မှတ်ဉာဏ်တွေရှိမနေဘူး။ လမင်းကသာ သူမအကြောင်းကိုသိတဲ့ ဲ့တစ်ယောက်တည်းသောသူဖြစ်တယ်။ သူမအကြောင်းစုံကိုသိရပြီး သူမ...