"အတွင်း ၃၇ မင်း အပြင် ၃၇ မင်းတို့အား နှမတော်လေးက ကိုးကွယ်ပါတယ် ဆည်းကပ်ပါတယ် နှမတော်ကိုလည်း ကူညီပါမစပါ ဆပ်ကပ်တဲ့ အကြော်စုံနဲ့"
"မေရေ...သားသွားပြီနော် စက်ဘီးမယူတော့ဘူး ဒီနေ့က သုံးယောက်တည်းမို့ သားမကြာဘူး ပြန်ရောက်မှာ"
အိမ်အပေါ်ထပ်ကနေနတ်အပေါင်းထံတိုင်တည်ပြီး ပူဇော်ပသလုပ်နေတဲ့ဒေါ်လေးအသံကြီးကို ဖုံးအောင်အော်ပြီး လမင်းအပြင်ထွက်ဖို့ပြင်ရင်ဘဲ
"ဟဲ့ကောင်လေး နေအုံး "
ခြံပေါက်၀ရောက်နေပြီဖြစ်တဲ့သူ့ကို ယောင်းမကြီးကိုင်ပြီးလှမ်းခေါ်တဲ့မေပုကြောင့် ပြန်၀င်လာရတယ်
"ဘာလဲမေရဲ့ တော်ကြာနေအရမ်းပူလာရင် သားအသားလေးတွေမည်းကုန်မှာစိုးလို့ပါဆို"
"အမယ်လေးဟယ် ငါမွေးထားထဲက အခုချိန်ထိ နင်ဘယ်နေရာဖြူနေလို့လဲ "
"ဟင်"
"ပြောတာနားထောင် ဒီနေ့က မိပန်တို့အိမ်ဘက်သုံးယောက်တည်းမဟုတ်ဘူး ရာ၀နလမ်းက သိန်းကြည်ဆီပါ ၀င်ခဲ့ မနေ့ကထဲကယူထားတာ ဒီနေ့စကောက်မယ်ပြောပြီးသား"
"ဟုတ်ကဲ့ပါ မာမီမားသား သားသားသွားလိုက်ပါအုံးမယ်"
"နေအုံး ၅၀၀၀ နော်ဖိုးသား သေချာပြောခဲ့အုံး"
"စိတ်ချပါမာမီမားသားပုပုရဲ့ လမင်းပါ အကြွေးကိုဘယ်လိုရအောင်တောင်းရမလဲ ကောင်းကောင်းသိတယ်"
"အေးအေး ပြီးတာဘဲ"
ယောင်းမကြီးကိုင်ပြီး အိပဲ့အိပဲ့ကိုယ်ကြီးနဲ့မီးဖိုးထဲပြန်၀င်သွားတဲ့ မားသားကိုကြည့်ပြီးမှ လမင်း အကြွေးစာရင်းစာအုပ်ကြီးကိုင်ပြီး အတင်းတောင်းဖို့ မှားလို့ငွေသိမ်းဖို့ထွက်လာတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ဟဲ့ ပန်ပန် "
"ဖရူးး"
မုန့်ဟင်းခါးထိုင်စားနေတဲ့ပန်ပန်တစ်ယောက် လည်ချောင်းထဲ ကိုးလို့ကန့်လန့်၀င်ပြီးသီးပါသီးတယ်
မသီးလို့ရမလား နေရာမရွေးအသံပြဲနဲ့အကြွေးတောင်းတက်တဲ့ ဖိုးလမင်းကို သူမ ကြောက်ပါသည် မုန့်ဟင်းခါဆိုင်ထဲမှာ လူကလည်းအများသား