Chapter 0
10.4K 564 46
Intro...
တရုတ်ပြည်သူ့သမ္မ္မတနိုင်ငံမှ အောင်မြင်ကျော်ကြားနေတဲ့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ရှောင်းကျန့်...
သူ၏စာအုပ်တချို့မှာ ပြီးပြည့်စုံပီး ကောင်းမွန်လွန်းတာကြောင့် နာမည်ကြီးဒါရိုက်တာတချို့မှ ၀ယ်ယူကာ ရုပ်ရှင်ပြန်ရိုက်ကြသည်အထိပင် အောင်မြင်ခဲ့သည်။
ဗီလိန်များကိုလှပပီးအရက်စက်ဆုံးသူတွေအဖြစ် အသေသပ်ဆုံးဖြစ်အောင် ဖန်တီးတက်ခြင်းကပင် စာဖတ်သူတွေအပေါ်မှာဆွငင်နိုင်သော သူ၏အားသာချက်ဖြစ်ပီး သူ၏နာမည်ကြီးရခြင်းအကြောင်းအရင်းတရပ်လည်းဖြစ်သည်။
သို့ပေမယ့် ရှောင်းကျန့်၏စာအုပ်များထဲတွင်ထင်ရှားစွာတူညီသည့်အချက်မှာ ဗီလိန်ဇာတ်ကောင်တွေသည် ဇာတ်လိုက်များနှင့်ယှဉ်လျှင် မိုးနှင့်မြေလို့ အခြေအနေ အရမ်းကွာခြားပီး မရှုမလှဖြင့် ဇာတ်နာလွန်းစွာ အဆုံးသတ်ရသည်ချည်းသာ။စာရေးဆရာရှောင်းကျန့်သည်ကား သူ့၏ဗီလိန်များအပေါ်တွင် ဘယ်သောအခါမှ သက်ညှာမှုကိုမပေးခဲ့ချေ။
ထိုသို့ ဖြင့် အသက်၂၅နှစ်မှ ၂၈နှစ်တွင်း တရှိန်ထိုးအောင်မြင်လာသည့်ရှောင်းကျန့်သည် ၂၈နှစ်ပြည့်မွေးနေ့တွင် ရုတ်တရက် ကားaccidentဖြစ်ကာ သေဆုံးခဲ့ရသည်။
........................
System-[host..!! ထ ..ထတော့ အော်.!လာအိပ်နေသေးတယ် ထတော့လို့ !!]
"ငါက အခုဘယ်ရောက်နေတာလဲ သေပီလား!ဆေးရုံရောက်နေတာလား..!"
System-[ ပိန်းရန်ကော..(နုံအ သည်ဟုသွယ်ဝိုက်ပြောခြင်း) အခု ဘယ်ကြည့်ကြည့်  အမဲရောင်ကြီးပဲမြင်နေတာကောသိရဲ့လား]
"အင်း! ငါ ကန်းသွားတာလား?"
System-[ အဲ့မှာ ကန်းနေလိုက်ပါ host! Hostကသေဆုံးပီးပါပီ အဲ့တာကြောင့် ယခုhostရဲ့နောက်ဆုံးဆန္ဒအရ Dry state နယ်မြေမှာရောက်ရှိနေတာပါ]
"ဟမ်! ငါရဲ့နောက်ဆုံးဆန္ဒ?"
System-[ဟုတ်ပါတယ် hostက မသေခင်မှာ ဗီလိန်တွေကို အနိုင်ပေးချင်တဲ့ဆန္ဒရှိခဲ့တာ မှတ်မိပါတယ်နော်..]