Chapter 1.1( Are u lier? )
3.8K 452 38
Chapter   1.1
ရှောင်းကျန့် အသိစိတ်ကပ်ချိန် ပထမဆုံးခံစားမိတာကကျောပြက်မှ နူးညံ့သော မွေ့ယာ၏အထိအတွေ့ပင်ဖြစ်သည်။.. လေးလံ့လွန်းသော မျက်ခွံကို အသာအယာဖွင့်ကြည့်မိတော့ သူ့ကိုစောင့်ကြိုနေတာက နက်ပြာရောင်မျက်နှာချက်တစ်ခုသာ။
System-[ ပထမဆုံးကမ္ဘာကို ပို့ဆောင်ပီးပါပီ။ missionနက့်ပတ်သက်တဲ့အချက်အလက်တွေ host မှတ်ဥာဏ်ထဲမှာထည့်ထားပေးပါတယ် စစ်ဆေးကြည့်ပေးပါ။]
ရုတ်တရက်ထွက်ပေါ်လာတဲ့ systemရဲ့ မိန်းမ မကျယောင်္ကျားမကျ ခပ်ပြက်ပြက် လေသံနှင့်အတူ ရှောင်းကျနိ့ခေါင်းထဲမှာ ဒီကမ္ဘာနှင့် ပတ်သက်သည့်အကြောင်းအရာများ ပေါ်လာခဲ့သည်။
Missionထမ်းဆောင်ရမည့် ပထမဆုံးကမ္ဘာက Zကမ္ဘာဖြစ်ပြီး..ရှောင်းကျန့်ရောက်ရှိနေသည်က Yမြို့တော်ဖြစ်သည်။ထိုမြို့တော်သည် စီးပွားရေးမြို့တော်ဖြစ်ပီး အုပ်ချုပ်သူတွေကလဲ စီးပွးရေးလောကမှအာဏာရှိပုဂ္ဂိုလ်တွေဖြစ်သည်။
ယခုရှောင်းကျန့်က ချန်ချင်ဆိုသော ITပိုင်းကျွမ်းကျင်သူ၏ခန္တာကိုယ်ထဲတွင်ဖြစ်ပီး Yမြို့တော်တွင်း လက်ရှိအုပ်ချုပ်နေသည့် YZ ကုမ္ပဏီ၏ သာမန်ဝန်ထမ်းတစ်ယောက် ဖြစ်သည်။ချန်ချင်သည် ထိုကုမ္ပဏီတွင် အလုပ်ကြိုးစားလုပ်ရင်း တနေ့ကျလျှင် မြို့တော်၏ အသိအမှတ်ပြု ITသမား ဖြစ်လာဖို့ရည်ရွယ်ချက်ရှိသူလည်းဖြစ်သည်။
မိန်ယွဲ့က ဤကမ္ဘာ၏ ဇာတ်လိုက်မဖြစ်သည်။ YZကုမ္ပဏီသည်တချိန်က မိန်မိသားစု၏ကုမ္ပဏီဖြစ်ပြီး ဇာတ်လိုက်မ၏ အဘိုးက လောင်းကစားများစွာဖြင့် ယစ်မူးကာ ကုမ္ပဏီဒေဝါလီခံရခါနီးတွင်.. WJ ဆိုသော စီးပွားရေးသမားထံ ရှယ်ယာများအကုန်ရောင်းကာ ကုမ္ပဏီကိုပေးအပ်လိုက်ရပီး သူ့အကြွေးတွေ အကုန်ဆပ်လိုက်ရသည်။ ထိုကြောင့်မိန်မိသားစုက မျိုးဆက်တချို့ကYZကို ပြန်လိုချင်ကြပီး နည်းမျိုးစုံနှင့်ကြိုးစားသည့်ကြားက WJ၏ လက်စဖျောက်မှုကြောင့် ကုမ္ပဏီနားကိုပင်မကပ်နိုင်ပေ။
ထိုကြောင့် မိန်ယွဲ့လက်ထပ်တွင် ထိုသို့ပေါ်တင်မချဉ်းကပ်တော့ပဲ ကုမ္ပဏီ၏၀န်ထမ်းဖြစ်ရန်ကြိုးစားသည်။သို့ပေမယ့် မိန်မျိုးရိုးကြောင့် YZတွင် အလုပ်မရပဲအကြိမ်ကြိမ်ကျရှုံးရသည်။ YZမှအလုပ်ခေါ်တိုင်း မိန်ယွဲ့ကရောက်လာတက်သည်ကြောင့် ကုမ္ပဏိကလူတော်တော်များများလဲ မိန်ယွဲ့ကို မျက်မှန်းတန်းမိနေပီး တချို့က ဇွဲမလျော့တဲ့မိန်းကလေး။ တချို့က ခေါင်းမာတဲ့မိန်းကလေး။ တချို့က အရှက်မရှိတဲ့မိန်းကလေး။ စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေးကုန်ကြသည်။ ထိုအထဲတွင် ချန်ချင်လည်းပါခဲ့သည်။ ချန်ချင်သည်ကား မိန်ယွဲ့ကို ပထမဆုံးအင်တာဗြူးမှာ သတိထားမိခဲ့ပီး.. နောက်ပိုင်းတွင် ပိုမျက်မှန်းတန်းမိလာကာ..မိန်ယွဲ့ကို ချည်းကပ်ဖို့ကြိုးစားတော့သည်။