ငိုက်တွဲကျနေတဲ့ ပိတောက်ရိပ်အောက်မှာ ကားမှတ်တိုင်
လေးက တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည် ရည်ရွယ်ချက်
မဲ့စွာနဲ့ကောင်းကင်ကို မော့ကြည့်မိတော့
ကိုယ့်လိုပဲ အိမ်တန်းပြန်သွားသည့် ငှက်တစ်သိုက်
ကိုတွေ့ရ၏"မင်းတို့က အသိုက်ပြန်မယ် ငါလည်း အိမ်ပြန်မယ်"
အိမ်... အင်း အိမ်ပဲပေါ့
ကိုယ်ပြန်အလာကို စောင့်ကြိုနေမယ့်သူ မရှိတဲ့အိမ်
စိတ်နဲ့ချမ်းသာခြင်းကို တွယ်ဆက်ပေးမယ် အိမ်တော့မဟုတ်ပေမယ့် မျှော်လင့်ခြင်းနဲ့ကိုယ့်ကို
ချိတ်ပိတ်ပေးထားမယ့်
အခန်းကျဉ်းလေးပေမယ့် အိမ်ပါပဲလေတစ်နေ့တာရဲ့ နောက်ဆုံးလက်ကျန်နေရောင်က
ကားမှတ်တိုင်ကို ခပ်စောင်းစောင်းထိုးနေပြီ နေ့လည်ခင်းက ခပ်ပြေပြေရွာထားတဲ့
မိုးကြောင့် မြေအပူပိုထွက်ပြီး ရာသီဥတုမှာ
ပို၍ အိုက်စပ်လောင်ပိတ်နေသည်ကားမှတ်တိုင်ထိုင်ခုံအစွန်ဆုံးမှာ ထုံးစံအတိုင်း စက္ကူကြယ်
ခေါက်လေးတွေကို တွေ့လိုက်ရ၍ ပြုံးမိသွား
သည်"ဒီနေ့တော့ ၈ခုတောင် ကားစောင့်ရတာ
တော်တော်ကြာသွားတယ် ထင်တယ်"ခုံပေါ်မှာ ၆ခုနဲ့အတူ အောက်ကျနေသည့် ကြယ်၂ခုပါ ကောက်ပြီး လွယ်အိတ်ရဲ့ ရှေ့ဘက်အိတ်အသေးလေးထဲ
ထည့်လိုက်သည်"ဟယ်လို မေမေလား သမီး အခန်းပြန်တော့မှာ မေ...
ကားစောင့်နေတာ""....."
"ဒီမှာလည်း မိုးတဖြိုက်ရွာသွားတော့ ပူအိုက်နေတာပါပဲ
ညနေစာက စားပြီးကြပြီလား""....."
"ထမင်းပဲစားမှာပါ စိတ်မပူပါနဲ့ မနက်ကတည်းစ ချက်ထားခဲ့တယ်လေ"
"ကားလာပြီမေ ဒါပဲနော် ညစာစားပြီးမှ တစ်ခေါက် ပြန်ဆက်လိုက်တော့မယ်"
ကားပေါ်ရောက်ရောက်ချင်း ထိုင်စရာကမရှိ လူကလည်း အနည်းငယ်ကျပ်နေသည်မို့ လွယ်အိတ်ကို ရှေ့ဘက်ပြောင်း လွယ်ရင်းနဲ့ ကားပြတင်းပေါက်က တစ်ဆင့် နေ့တစ်နေ့ရဲ့ ငြီးငွေ့ဖွယ် အဆုံးသတ်ကို ငေးကြည့်နေလိုက်သည်