Part(1)

49.1K 2.5K 41
                                    

[Unicode]

အမှောင်ထုတွေကြားမှာ အသည်းအသန်ပြေးလွှားနေတဲ့ ကောင်လေး ၊ ချွေးများက စိုစွတ်လို့ အလွန်မောဟိုက်နေပေမယ့်လည်း သူပြေးလွှားနေရတုန်းပဲ ။ ဘယ်နေရာတွေကိုတောင် ရောက်မှန်းမသိတော့ပေမယ့် ဘာမှမရှိတဲ့ လမ်းမကြီး တစ်လျှောက် ကလေးငယ်ကတော့ ပြေးနေရတုန်း။
.
.
.
.
....................

သူ့နာမည်က ရှောင်းကျန့် တဲ့ ။ ဒီနေ့က သူ့အသက် ၈ နှစ်ပြည့်မယ့်နေ့ ၊ အမေကတော့ ဆုံးသွားပြီဖြစ်တာမို့ သူ မွေးနေ့တွေကို အဖေနဲ့သာဖြတ်သန်းခဲ့ရသည် ။

အဖေက ဆရာဝန်လည်းဖြစ် ဆေးရုံအုပ်တစ်ယောက်လည်း ဖြစ်သည်လေ ။ အလုပ်အရမ်းများတဲ့သူတစ်ယောက်လည်းဖြစ်တော့ ရှောင်းကျန့် အနေနဲ့ သိပ်မတွေ့ဖြစ် ။ အမြဲလိုလို အိမ်ကြီးထဲမှာပင် အစေခံများနှင့်သာ နေခဲ့ရတာ များသည် ။

ဒီနေ့တော့ သူက အဖေဖြစ်သူကို အံ့သြသွားစေဟန် ၊ မွေးနေ့ကိတ်လေးယူလို့ ဆေးရုံရှိရာလာခဲ့သည် ။ ညဘက်မို့လို့ ပတ်ဝန်းကျင် တို့က တိတ်ဆိတ်နေလျက်.....အိမ်တော်က ကားဒရိုက်ဘာကို သူ ပြန်ခိုင်းလိုက်တာက အပြန်ကျရင်
အဖေဖြစ်သူနဲ့အတူ ပြန်ချင်သည့်အတွက်ကြောင့်ပင် ။

အနီရောင်မာဖလာလေးပတ်လို့ ကလေးငယ်က
ကိတ်ဗူးလေးကိုင်ရင်း ရုံးခန်းရှိရာ တက်လို့လာသည် ။

သူ့အမြင်မှာ အဖေဖြစ်သူက အရမ်းအလုပ်များနေတက်သည် ။ ညဘက်တွေဆိုလည်း အိမ်ကိုတောင် သိပ်မဖြစ်ဖြစ် ၊ တစ်ခါတစ်လေ နားရက်တွေတောင် အိမ်မှာမတွေ့ရ ။

နောက်ဆုံး သူ ဆေးရုံအုပ်အခန်းလေးရှေ့ရောက်ခဲ့ပြီ ။ စိတ်ထဲ ပျော်ရွှင်လို့....သူသာလာမှန်းသိရင်အဖေဘယ်လောက် ပျော်လိုက်မလဲ အတွေးလေးနဲ့ အတူ မျက်နှာလေးက ပြုံးမိလို့ ။

မီးရောင်ခပ်ပျပျရှိနေတဲ့ အခန်းလေးထဲ သူတံခါးလေး ဖွင့်ကာ ဖြေးဖြေးချင်း အသံတိတ်ဝင်လို့လာသည် ။ သိမှာစိုးလို့ ခြေသံလေးတို့ခပ်ဖွဖွနင်းလို့
မျက်နှာထက် ပြုံးစိစိလေးနဲ့ ။

သူ ထူဆန်းသော အသံတွေကြားလိုက်ရသည်။
သေချာတော့မသိပေမယ့် လူငြီးနေတဲ့အသံလိုမျိုးပဲ ။ ပြီးတော့ ဒါက မိန်းမတစ်ယောက်ရဲ့အသံ။
တအင်းအင်း ငြီးလို့ အခန်းထဲ တပြွတ်ပြွတ်နမ်းစုပ်နေကြတဲ့ အသံတွေပါ ထွက်လို့လာခဲ့သည် ။

𝐌𝐲 𝐁𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝 𝐈𝐬 𝐀 𝐕𝐚𝐦𝐩𝐢𝐫𝐞《 Completed 》Where stories live. Discover now