Part(34)

8.7K 1K 47
                                    

[Unicode]

ဧည့်ခန်းအတွင်း ခေါင်းကိုငုံ့ ဒူးထောက်ထိုင်နေရသည်က ကျိုးချန် ။ ဆိုဖာပေါ်က ဟိုက်ခွမ်းမှာ လူကြီးတွေဘက်ကြည့်လိုက် ကျိုးချန်ရှိရာကြည့်လိုက်နဲ့ ထိုင်ရမလို ဒူးပဲသွားထောက်ရမလို ။

ဂျစ်ကန်ကျန်မျက်နှာပေးနဲ့ ကျိုးချန်ကလည်း
လက်နှစ်ဖက်က်ကို ခပ်တင်းတင်းလေးဆုပ်ထားသည် ။

မားက အသာမှီလို့လှဲနေရင်းဘေးက ပါးကလည်းစိတ်လျှော့ဖို့ တဖွဖွပြောနေသံတွေခပ်တိုးတိုးကြားနေရသည် ။ ဒီမိသားစုအခြေအနေတွေဖြစ်ရတာ သူ့ကြောင့်မဟုတ်လား....ဟိုက်ခွမ်း ထိုင်ရာကနေ ကျိုးချန်ဘေး ဒူးထောက်ထိုင်ချသည် ။

" မင်းဘာလုပ်တာလဲ "

ခေါင်လေးစောင်းလို့ မျက်နှာလေးမဲ့ကာ ခပ်တိုးတိုးမေးလာတဲ့ ကျိုးချန် ရယ် ။ ဟိုက်ခွမ်းကတော့ သက်သက်သာသာအပြုံးလေးနဲ့ပင်

" ကိုယ်ပါ အတူခွင့်တောင်းသင့်တယ်လေ "

ဘာရယ်မဟုတ်ပေမယ့်ထိုစကားလေးတစ်ခွန်းက
ကျိုးချန်ကို အားတတ်စေသည် ။ နှစ်ယောက်မျက်နှာချင်းဆုံမိကြရင်း ပြိုင်တူပြုံးရယ်မိကြတယ် ။ အရှေ့မှာရှိတဲ့မိဘနဲ့ အခုလိုအခြေအနေတွေကိုတောင် မေ့ပြီးတော့ပေါ့ ။

" ငါတို့သားကိုယ်တိုင်က ဆုံးဖြတ်ပြီးပြီဆိုတော့ ဘာတတ်နိုင်မှာလဲ "

ပါးက နဂိုထဲက ခပ်အေးအေးသမား ။ အခုလိုအခြေအနေတွေကြောင့်လည်း ဘာမှကြီးကြီးမားမားတားမြစ်မယ့်ပုံမပေါ်ဘူး ။ မားကိုတော့ ပြောစရာမလိုပေ... ကျိုးချန်သူ့အမေအကြောင်းသူအသိဆုံး ။ သူ့ကိုအရမ်းချစ်တာသိတာပေါ့ ။

" ထကြတော့ သွား မနက်စာအရင်သွားစားကြ "

မားက စိတ်တိုလက်ရအော်ပြောရင်း ကျိုးချန် ကိုလည်း မျက်စောင်းထိုးကြည့်ကာ တစ်ဖက်လှည့်သွားသည် ။ ပါးက ဘေးကနေလက်မ ထောင်ပြရင်း အားပေးတယ် ။

ဟိုက်ခွမ်းကို အရိပ်အကဲပြရင်း အတူထကြကာ ထမင်းစားဆောင်ရှိရာသွားရန်ပြင်သည် ။ နှစ်ယောက်အတူယှဥ်တွဲလို့ သားတော်မောင် ကိုလှမ်းကြည့်ရင်း သူမ ခပ်ကျယ်ကျယ်အော်ပြောလိုက်သေးတယ် ။

𝐌𝐲 𝐁𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝 𝐈𝐬 𝐀 𝐕𝐚𝐦𝐩𝐢𝐫𝐞《 Completed 》Where stories live. Discover now