EP(9)

63 9 1
                                    

Zaw+Unicode

Mom:Jimin-ah သားကြီး....လမ်းမှာကားတိုက်လို့တဲ့
JM:ဗျာ......

ကျွန်တော်မေမေ့ဆီကထိုအသံကြားတာနဲ့ ဆိုင်ကယ်သော့
ယူပြီးပြေးထွက်ခဲ့တယ်

Mom:အိုမို ကလေးငယ်တော့ အမေပြောတာဆုံးအောင်
နားမထောင်သွားဘူး မိုးတွေရွာနေပါတယ်ဆို ဆိုင်ကယ်ကြီး
ထုတ်သွားပြီ

စိုးရိမ်စိတ်တွေများလာတာနဲ့အမျှ ဆိုင်ကယ်အရှိန်ကိုလဲ
တိုးမောင်းနေလေမိတယ်..... ကားတိုက်တဲ့နေရာကိုရောက်တော့ ရဲတွေ မော်တော်ပီကယ်တွေ အများကြီးပဲ
ကားကလဲမီးခိုးတွေနဲ့ သစ်ပင်ကိုဝင်ဆောင့်ထားတယ်
hyu..hyung ရော hyung ကဘယ်မှာလဲ ဆိုင်ကယ်ကို
​ရပ်ပြီးကားဆီပြေးသွားတယ် ကားထဲကိုကြည့်တော့
hyung လဲမရှိဘူး မိုးရေစက်တွေနဲ့အတူ ကျွန်တော့်ပါးပြင်
မှာမျက်ရည်စက်တွေစီးတွေလျက်....

JM:Arjuushi hyung ရော hyung ကားထဲကလူရော
ကားထဲကလူရောလို့ ကားထဲကလူဘာမှမဖြစ်ဘူးမလားလို့ မေးနေတယ်လေဗျာ
YG:Jimin-ah..

ထီးတစ်ချောင်းကိုဆောင်းထားပြီး ကားရဲ့မနီးမဝေးနေရာ
ကနေ လှမ်းခေါ်လိုက်တဲ့အသံ မျှော်လင့်ချက်ကြီးစွာနဲ့
အရူးတစ်ယောက်လိုလှည့်ကြည့်မိတော့

JM:hy...hyung

hyung ဆီ ပြေးသွားလိုက်ပြီး ပုခုံးကနေသိုင်းဖက်ထားမိ
တယ် စိတ်ကိုလျော့လိုက်ခါမှ မျက်ရည်စများက အတိုင်းအဆ
မရှိ hyung ရဲ့ ပုခုံးပေါ်သို့....

JM: hyung ကျွန်တော်တောင်းပန်ပါတယ် hyungကိုပြန်
အော်မိတာ စိတ်ဆိုးမိတာ ကျွန်တော်ပြောလိုက်တဲ့စကား
တွေအတွက်တောင်းပန်ပါတယ် ကျွန်တော့်ကိုခွင့်လွှတ်ပါ
hyung hyung သိလား hyung ကားတိုက်တယ်ကြားတုန်းက
ကျွန်တော်ကြောက်နေမိတာ စကားတစ်ခွန်း hyung ကို
ပြောချင်တဲ့စကားတစ်ခွန်းမပြောလိုက်ရပဲ ခါးသီးတဲ့စကား
တွေပဲ ပြောမိလိုက်လို့ ကျွန်တော်ကြောက်နေမိတာ
hyung ကိုကျွန်တော်အရမ်းချစ်တယ် hyung ကျွန်တော်
hyung ကိုအရမ်းကု်ချစ်နေမိပြီ.....

YG's side

​Hotel က ခုရက်ပိုင်းတအားကိုအလုပ်ရှုပ်နေတယ်
Hotel အသစ်ဖွင့်ဖို့နဲ့ အရင် Hotel ကိုလဲ တစ်ယောက်တည်း
train နေရတော့ အလုပ်ပိုများလာတယ် ခုလဲဖုန်းဆက်
ပြန်ပြီ Boss Hotel ကိုအမြန်လာခဲ့ပါတဲ့လေ ခုမှနားမယ်
ရှိသေး စိတ်တိုတိုနဲ့ပဲကားသော့ယူပြီးထွက်လာခဲ့တယ်
လမ်းမှာ မှောင်နေပြီလေ မိုးတွေကလဲရွာလို့ကားကွေ့မဲ့နေရာမှာ မီးလဲမထွန်းထားတဲ့တင်ကားတစ်စီးက ရုတ်တရက် ကွေ့လိုက်တော့ လန့်ပြီး ကျွန်တော်ရှောင်လိုက်တာ ကျွန်တော့်
ကားကသစ်ပင်နဲ့ဆောင့်ပြီး ကုန်တင်ကားလဲ အနားရောက်မှ
ကျွန်တော့်ကိုတွေ့ပြီးရှောင်လိုက်တယ်ထင်ပါရဲ့ မိုးရွာနေတော့
ချော်ပြီး ဘီးလဲလည်ထွက်ပြီး ဘေးတစောင်းပုံစံဖြစ်သွား
တယ်လေ ကားကလူကတော့ဆေးရုံကားလာခေါ်သွားပြီ
ကျွန်တော်ကတော့ ရဲတွေမေးသမျှဖြေနေတဲ့ချိန် အသံလေး
တစ်ခု ပြေးဖက်လာတဲ့လက်သွယ်လေးတွေ ပြောနေတဲ့
စကားလုံးလေးတွေ.....

True Love(yoonmin)Where stories live. Discover now