ရင်နှင့်ရင်း၍.... (1)

4.2K 207 6
                                    

ရင်နှင့်ရင်း၍

"ရှောင်းအမတ်ကြီး၏ အငယ်ဆုံးသား ဖြစ်သော ရှောင်းကျန့်ကို အရှင်မင်းကြီးမှ ကြင်ယာတော် အဖြစ် တင်မြှောက်လိုက်သည် "
ဒါလေးပဲ အရာအားလုံးက ဒီအမိန့်လေးကနေ စတင်ခဲ့တာ ရှောင်းကျန့် သူဟာ အမတ်ချုပ်ဖြစ်တဲ့ ရှောင်းအမတ်ကြီးရဲ့သား အငယ်ဆုံးလေး သူဟာ ကောတစ်ယောက် အမျိုးသား ဖြစ်ပြီး ကလေးမွေးနိုင်သော လူသား ကောတစ်ယောက် ဆိုပေမယ့် သူဟာ ကျန်တဲ့ကောတွေ အမျိုးသမီးတွေ အားလုံးထက် လှပသည်
တိုင်းပြည်ရဲ့ နံပါတ်တစ် အလှပိုင်ရှင်လို့ ကျော်ကြားသည်
ကြည်လင်နေတဲ့ ပယင်းရောင် မျက်ဝန်းတစ်စုံ ဖြူဖွေးတဲ့ အသားအရေ သွယ်လျတဲ့ခန္ဓာကိုယ်နဲ့ မျက်ခုံးနှစ်ခု အလယ်က နီရဲတဲ့ ကျူးရှားကျစ်နဲ့ လှပတဲ့ လူတစ်ယောက်
သူ့ဖခင်ဟာ အမတ်ချုပ်ကြီး ဖြစ်တဲ့ အပြင် ယခု မင်းကြီးရဲ့ ခမည်းတော် လက်ထက်ကတည်းက သစ္စာရှိ အမတ်တစ်ယောက် ဖြစ်တဲ့အပြင် ဘုရင် အားအကိုးရဆုံး အမတ်တစ်ယောက်ဆိုလည်း ဟုတ်တယ်
ရှောင်းကျန့်ဟာ ကောတစ်ယောက်ပေမယ့် တခြားသူတွေလို အားနည်းမနေ အမျိုးသားတွေနဲ့ လက်ရည်တူ ယှဉ်တိုက်နိုင်စွမ်း ရှိတယ် သူ့ခေါင်းထဲမှာ ကောတစ်ယောက် တတ်အပ်တဲ့ ပညာတွေ အပြင် စစ်ရေးဗျူဟာ များစွာလည်း ရှိနေသည်
သူ့မှာ အစ်ကိုတစ်ယောက် ပဲရှိပြီး ညီအစ်ကို နှစ်ယောက်ထဲသာ ရှိသည်
သူဟာ တစ်အိမ်လုံးရဲ့ အချစ်ခံလေး သူ့ကို ဘယ်သူကမှ အပြစ်မပြောကြ
စစ်ရေးဗျူဟာကျမ်း ဖတ်တော့လည်း ကောတစ်ယောက်နဲ့ မအပ်စပ်လေခြင်း ဆိုပြီး ဘယ်သူမှ သူ့ကို မတားစီးကြ
ဖခင်ကိုယ်တိုင်က သူ့ကို သင်ပေးသည်
ဓားရေး လှံရေး မြင်းစီး မြှားပစ် သူအကုန်ကျွမ်းသည်
သူဟာ မှော်အတတ် တစ်ချို့ကိုလည်း တတ်သေးသည်
ဖြစ်နိုင်ရင် စစ်တိုက်ပင် ထွက်ချင်သေးသည့် သူ
သူ့ကို ဝမ်ဘုရင်က ကြင်ယောတော် တင်မြှောက်လိုက်သည်တဲ့
မင်းအမိန့်ကို မလွန်ဆန်ရဲသည့် နည်းတူ သူလည်း နန်းတွင်းဆိုတဲ့ လှောင်ချိုင့်ထဲ သက်ဆင်း ကြွေကျခဲ့ရပြီလေ
နန်းတွင်းထဲမှာ ကြင်ယာတော် ကြိုဆိုပွဲ အတွက် အလုပ်ရှုပ်နေကြသည်
ထူးဆန်းတာက အခုရောက်လာတဲ့ ကြင်ယာတော်ကို မိဖုရားကြီး ကိုယ်တိုင် ထွက်ကြိုနေခြင်း
မိဖုရားကြီးက စိတ်ထားကောင်းတာ မှန်ပေမယ့် အရင် ကြင်ယာတော်တွေကို အခုလို ထွက်ကြိုပြီး အရေးပေးတဲ့ အထိ မရှိခဲ့
အခု ကြင်ယာတော် ရှောင်း ကို ကိုယ်တိုင် ထွက်ကြိုခြင်းဖြင့် ကြင်ယာတော် ရှောင်းကို အရေးပေးကြောင်း ဖော်ပြနေသည်
ခဏနေတော့ ကြင်ယာတော်ကို ခေါ်ဆောင်လာတဲ့ ဝေါယာဉ် ရောက်လာသည်
ဝေါယာဉ်ပေါ်က ဆင်းလာတဲ့ ကြင်ယာတော်လေးကို ကြည့်ပြီး လူအားလုံး မင်သက်လျက်
ဘယ်လောက်တောင် လှရက်လွန်းလိုက်သလဲ တခြား ကောအမျိုးသားတွေရဲ့ အလှနဲ့မတူပဲ တမူ ထူးခြားနေသည်
ရိုးရိုးရှင်းရှင်း ငွေဖြူရောင် ဝတ်စုံကိုသာ ဝတ်ထားပေမယ့် ဘာအဆင်တန်ဆာမှ မပါဘဲ ဆံထိုးလေး တစ်ခုသာ ရိုးရှင်းစွာ ဆင်မြန်းထားပေမယ့် တော်ဝင်ဆန်လွန်းစွာ လှပလွန်းသည်
ဒါကြောင့်လည်း တစ်နိုင်ငံလုံးရဲ့ နံပါတ်တစ် အလှပိုင်ရှင် အဖြစ် ကြော်ကြား ခဲ့တာပဲ
"မိဘုရားကြီးကို ကျွန်တော်မျိုး ရှောင်းကျန့် ဂါရဝပြုပါတယ်"
"အားကျန့် ထပါ မမတို့ကြားမှာ ဒါတွေ မလိုပါဘူး"
"ဟုတ်ကဲ့.... "
"ကြည့်ပါဦး အားကျန့်လေးက မတွေ့ရတဲ့ ကြားမှာ တော်တော်ချောလာတာပဲ"
"မမလည်း အရင်လို ချောတုံးပါပဲ"
"လာ အားကျန့်နေရမယ့် အဆောင်ကို မမလိုက်ပို့မယ်"
"ဟုတ်ကဲ့ မမ... "
မိဘုရားကြီး မျန်မျန် သူမက စစ်သူကြီးရဲ့ သမီး ရဲရင့်သလို စိတ်ကောင်းလည်း ရှိတယ် ရိုးသားပြီး မာနမကြီးလို့ နန်းတွင်း တစ်ခုလုံးက ချစ်ကြတယ် မင်းကြီးရဲ့ သားတော်လေးကိုလည်း မွေးဖွားပေးထားသူ
ရှောင်းကျန့်ကို လည်း ငယ်ငယ်ကတည်းက အရမ်းချစ်တဲ့သူ
မိဘုရားကြီးကိုယ်တိုင် အရေးပေးတာတွေ့တော့ နန်းတွင်းသူ အားလုံးကလည်း ကြင်ယာတော်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ရမယ်ဆိုတာ သိလိုက်ကြပြီ
" ကျန့်ကျန့် အခုတော့ နားနေလိုက်ဦးနော် ညကျ မင်းကြီးလာလိမ့်မယ်"
"ကျဲ မင်းကြီးက ဘယ်လို လူမျိုးလဲဟင်"
" မင်းကြီးက လူကောင်း တစ်ယောက်ပါ သဘောလည်း ကောင်းတယ် မကြောက်ပါနဲ့ အားလုံး အဆင် ပြေသွားလိမ့်မယ် "
"ဟုတ် ..... ကျန့်ကျန့် လိုချင်တာ ရှိရင် နန်းတွင်း သူတွေကို ပြောနော် သူတို့က အားကျန့်ကို ခစားဖို့ ရှိနေတာ"
"ဟုတ် မမ... "
မျန်မျန် ထွက်သွားတော့ အထိန်းတော် တစ်ယောက် ဝင်လာလေသည်
"ကြင်ယာတော်ကို ဂါရဝ ပြုပါတယ်.. "
" အာ... အဲ့လို မလုပ်ပါနဲ့ ကျွန်တော် အသားမကျသေးဘူး ဒါနဲ့ ကျွန်တော် အထိန်းတော်ကြီးကို ဘယ်လို ခေါ်ရမှာလဲ ဟင်"
"ကျွန်တော်က ချန်ကျင်းရီပါ ကြင်ယာတော် အဆင်ပြေသလို ခေါ်ပါ"
"ချန်ကုန်းကုန်း ကျွန်တော် ရေချိုးချင်တယ်"
"ဟုတ်ကဲ့ ကျွန်တော် ပြင်ဆင်ထားပါတယ် ရေချိုးပြီး စားဖို့ နေ့လည်စာ ပြင်ပေးထားပါ့မယ်"
"ကျေးဇူးပါ.... "
ကျင်းရီ တစ်ယောက် ကြင်ယာတော်လေးကို ကြည့်ပြီး မာနမရှိတဲ့ ဖြူစင်သူလေးမှန်း သိလာလေသည်
ကြင်ယာတော်လေး နေရာမှာ တခြားသူသာဆို သူတို့ကို နာမည်တွေ ဘာတွေ မေးနေမှာ မဟုတ် သူတို့ ဖြစ်ချင်တာပဲ ခိုင်းကြမှာ ကြင်ယာတော်လေးကတော့ မဟုတ် သူ့ကို ပြောတဲ့ လေသံက တောင်းဆိုတဲ့ လေသံမျိုး
ကြင်ယာတော်လေးကို သေချာ ကာကွယ်ပေးရမည်
ရှောင်းကျန့် ရေချိုးပြီးတော့ နေ့လည်စာ စားကာ အိပ်မလို့ လုပ်ပေမယ့် အိပ်မပျော်တာနဲ့ စုတ်တံနဲ့ စာရွက်တောင်းကာ ပန်းချီ ဆွဲနေလိုက်သည်
စိမ်းလန်းတဲ့ တောတောင်ရိပ် အောက်က ဝါးအိမ်လေးရဲ့ ရှေ့မှာ ဗျတ်စောင်း တီးနေ့တဲ့ ကောင်လေးရဲ့ ဘေးမှာ တောရိုင်းကောင်တွေ အိပ်စက်နေပြီး ကျေးငှက်တွေက ကခုန်နေကြသည်
ကောင်လေးက သူ့ဘေးမှာ သားရိုင်းတွေ ရှိတာကို စိုးရိမ်ပုံ မပေါ်ဘဲ ဗျတ်စောင်း တီးတာကိုပဲ အာရုံ စိုက်နေသည်
ပန်းချီက အသက်ဝင်လွန်းလို့ ပန်းချီထဲက သက်ရှိတွေ လှုပ်ရှားနေသလိုပင် ထင်ရသည်
ပန်းချီရဲ့ လက်ရာမြောက်မှုကို မြင်ရသူတိုင်းက မင်သက်ပြီး ခဏတာ တိတ်ဆိတ်သွားတော့သည်
"ပြီးပြီ.... "
စုတ်တံကိုချ ပန်းချီကို ကိုင်မြှောက်လျှက် ပြုံးပျော်နေတဲ့ အလှလေး ပန်းချီရဲ့ အေးမြမှုနဲ့ လှပလွန်းတဲ့ ကောင်လေးရဲ့ ပေါင်းစပ်မှု
ဒီခဏမှာ ပန်းချီထဲက မြင်ကွင်းအောက်မှာ ကြင်ယာတော်လေး ရောက်သွားသလိုပင်
"ချန်ကုန်းကုန်း..... ဒါလေးကို ခြောက်အောင်ထားပြီး ချိတ်ပေးပါနော် ကျွန်တော်ကတော့ သွားအိပ်တော့မယ် ဟီး.. "
"ဟုတ်ကဲ့ ကြင်ယာတော်လေး ကျွန်တော် ချိတ်ထားလိုက်ပါ့မယ်"
ကြင်ယာတော်လေး မသိလိုက်တာက သူအိပ်နေတုံး မင်းကြီး ရောက်လာတာကိုပင်
"မင်းကြီး ကျွန်တော် နှိုးပေးပါ့မယ်"
"နေ.... အိပ်ပါစေ ထားလိုက်ပါ ညကျမှပဲ လာတွေ့တော့မယ် "
ရိပေါ်လည်း သူ့ကြင်ယာတော်လေး အိပ်ပျော် နေတာကို ကြည့်ပြီး ပြန်လာခဲ့လိုက်သည်
မထွက်ခင် နံရံပေါ်က ပန်းချီကို မြင်လိုက်တော့ သူလည်း ပန်းချီထဲ နစ်မြောသွားပြန်သည်
ပြီးတော့ သူတောင် မသိလိုက်ခင်မှာပဲ အပြုံးတစ်ပွင့်က သူ့မျက်နှာမှာ ပေါ်လာပေသည်
တစ်ကယ်တော့ ရိပေါ်ဟာ ကလေးငယ်ကို ငယ်စဉ်ကတည်းက မြတ်နိုးခဲ့ရခြင်း
ကလေးငယ် ငယ်စဉ်က နန်းတွင်းကို သူ့အဖေ အမတ်ချုပ်ကြီးနဲ့ ပါလာကတည်းက သူ့မှာ မြတ်နိုးခဲ့ရတာ
ချစ်လွန်းလို့လည်း အခုချိန်မှာ ကြင်ယာတော် တင်မြှောက်ခဲ့ခြင်း ကလေးငယ်ကတော့ မိမိကို မသိပေ
ကိစ္စမရှိ သူ့ရဲ့ အချစ်တွေနဲ့ ကလေးငယ် သူ့အပေါ် ချစ်လာအောင် ကြိုးစားရမည်

ရင်နှင့်ရင်း၍...... (Completed)Where stories live. Discover now