ရင်နှင့်ရင်း၍
ဒီနေ့ အရှင်က ညဈေးပွဲ လိုက်ပို့မယ် ပြောထားတော့ သူစောင့်နေမိသည်
ဒါပေမယ့် အရှင်က တော်တော်ကြာတဲ့ အထိ အရှင်က ရောက်မလာခဲ့
"ချန်ကုန်းကုန်း အရှင့်အဆောင် သွားကြရအောင် အရှင်က မေ့နေတယ် ထင်တယ်"
"ဟုတ်ကဲ့ ကြင်ယာတော်လေး... "
အရှင့်အဆောင် ရောက်တော့ တစ်ဆောင်လုံး မီးမှိတ်ထားသည်
အရှင် အိပ်ပျော်နေတာလား ဘာများဖြစ်လို့ပါလိမ့်
"ဝမ်နင် လျှောက်တင်လိုက်ပါ.. "
"စိုးရွံ့ပေမယ့် အရှင်က သူ့ကို ဘယ်သူမှ မနှောင့်ယှက်ဖို့ ပြောထားလို့ပါ"
"ရပါတယ် အဲ့တာဆိုလည်း အရှင်ထွက်လာတဲ့ အထိ ဒီကပဲ စောင့်ပါ့မယ်"
အဲ့ဒီညက ကြင်ယာတော်လေးက တစ်ညလုံး အရှင့်အဆောင်ရှေ့မှာ ထိုင်စောင့်နေပေမယ့် အရှင်က တစ်ညလုံး ထွက်မလာခဲ့ပါမနက်မိုးလင်း အရှင့်အဆောင်တံခါး ဖွင့်သံကြားလို့ ရှောင်းကျန့် မော့ကြည့်မိတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်ပါ
အရှင်က ကောင်လေး တစ်ယောက်ရဲ့ ခါးကို ဖက်ထားသည်
ကောင်လေးရဲ့ လည်ပင်းမှာလည်း အနီကွက်တွေနဲ့
ပြီးတော့ ကောင်လေးရဲ့ အကြည့်က သူ့ကို လှောင်နေပုံ
အရှင်က ဒီကောင်လေးနဲ့ တစ်ညလုံး အတူရှိခဲ့တာတဲ့လား
ချစ်တယ်ပြောပြီး ပေးထားတဲ့ ကတိကိုတောင် မေ့ပစ်ခဲ့တာလား
တစ်ညလုံး ကျွန်တော်စောင့်နေမယ်ဆိုတာ အရှင် မသိခဲ့ရော့လေသလား အရှင်ရယ်
ကျချင်နေတဲ့ မျက်ရည်တွေကို အမြန်ပြန်သိမ်းကာ အရှင့်ကို ပြုံးပြလိုက်ပါသည်
"ညက အရှင် ညဈေးပွဲ လိုက်ပို့မယ်ဆိုလို့ ကျွန်တော် စောင့်နေမိတာပါ တောင်းပန်ပါတယ် အရှင် ပင်ပန်းထားတာ မနှောင့်ယှက်တော့ပါဘူး အနားယူပါ"
ုပြုံးပြလိုက်ပါတယ် စိတ်ရင်းနဲ့ နှစ်နှစ်ကာကာကို ပြုံးပြလိုက်ပါတယ်
ကိုယ်ချစ်မိခဲ့တဲ့ သူက ဘုရင်လေ ဒါမျိုး ကြုံလာရတာ မဆန်းပါဘူး အရှင့် အပြစ်လည်း မဟုတ်ပါဘူး သူ့အပြစ်ပါ
အရှင့်ကို ပြုံးပြကာ အဆောင်ကို ပြန်လာခဲ့သည်
အနောက်က အရှင့်ရဲ့ အော်ခေါ်သံကို ကြားပါသည်
ဒါပေမယ့် အရှင်ပြောလာမယ့် စကားလုံးတွေကို မခံစားနိုင်လောက်လို့ လှည့်မကြည့်ခဲ့ပါဘူး
တစ်ညလုံး နှင်းထဲမှာ ရပ်နေရတဲ့ သူ့ခန္ဓာကိုယ်မှာ အားအင် တစ်စက်မှ မရှိတော့ပါဘူး
ဒါပေမယ့် ဒီခန္ဓာကိုယ်နဲ့ပဲ သူအဆောင်ကို ပြန်လာခဲ့သည်
နာကျင်နေတဲ့ နှလုံးသား တစ်ခုကတော့ အပိုဆုပေါ့