❤Unicode
"ဗွမ်း!''
"ဟား! ဟား! ဟား!''
သူစာသင်ခန်းထဲဝင်လိုက်သည်နှင့် တံခါးတွင်ကန့်လန့်ခံထားသော အပ်ချည်ကြိုးမျှင်လေးကို တိုက်မိပြီး အပေါ်မှ ရေပုံးတစ်ပုံးခေါင်းပေါ်ကျလာကာ တစ်ကိုယ်လုံးရွှဲစိုသွားသည်..။တစ်ခန်းလုံးရဲ့ ဟားတိုက်ရယ်မောသံေတွဟာလည်း ကျယ်လောင်စွာထွက်ပေါ်လာသည်။
ရှောင်းကျန့်အတွက်တော့ ဒီလိုဖြစ်နေရတာဟာ နေ့စဥ်ဖြစ်ရပ်တစ်ခုလိုဖြစ်နေပြီ....။
မိဘမဲ့တစ်ယောက်ဖြစ်သည့်အပြင်ဆင်းရဲလှတဲ့သူ့အတွက် ဒီလိုနှိပ်စက်ခံနေရတာဟာရိုးနေပီဖြစ်သည်...။ ရှောင်းကျန့်ရဲ့ကျောင်းတက်ရက်တိုင်းဟာ တစ်နည်းမဟုတ်တစ်နည်း မရိုးအောင်နှိပ်စက်ခံရင်းဖြတ်သန်းရသည်...။
"ရော်....ဖက်တီး မင်းကိုယ်ကရေစိုသွားတော့လည်း တကယ့်ကိုဆင်ခန္ဓာဝက်ကိုယ်လုံးကြီးပါလား..''
"ဟား...ဟား...ဟား...''
ဟုတ်ပါတယ်...။ ရှောင်ကျန့်ဟာ ဖက်တီးလေးတစ်ယောက်ပါ..။
တက္ကသိုလ်ကျောင်းသားဖြစ်နေသည့်တိုင် အလှအပကိုစိတ်မဝင်စားပဲ ဝိတ်ချဖို့ကိုတွေးတောင်မတွေးဖူးသူ..။ ကားဝက်ခ်ရှော့တစ်ခုမှာ အလုပ်လုပ်ရင်း တက္ကသိုလ်စရိတ်ရှာရသူ..။
သူဟာ အများအမြင်မှာ ရုပ်ဆိုးဆိုးဆင်းရဲသား လှောင်ရယ်စရာလူတစ်ယောက်ထက်မပိုခဲ့..။ သူငယ်ချင်းဆိုတာ သူ့ဘဝမှာမရှိခဲ့သလို သူ့လိုလူကိုလည်း ဘယ်သူမှမခင်ကြပေ...။
လှောင်ရယ်သံတွေကိုလျစ်လျူရှုကာ စာသင်ခန်းရဲ့ နောက်ဆုံး နှစ်ယောက်တွဲခုံလေးမှာသာ သူတစ်ဦးတည်းသွားဝင်ထိုင်လိုက်သည်..။ ဘဝအတွက်ရည်မှန်းချက်တော့အပျောက်မခံသင့်ဘူးမလား...။
တစ်နေ့တာလုံးရဲ့စာသင်ချိန်တွေကို စိတ်ဝင်တစားလိုက်မှတ်ရင်း သူ့ရဲ့ကျောင်းတက်ချိန်ကိုကုန်ဆုံးစေလိုက်သည်..။ ညနေကျောင်းဆင်းသည်နှင့် အဆောင်သို့အမြန်ပြန်ကာ တစ်စုံတည်းသောကျောင်းဝတ်စုံကိုသေချာလျှော်လှန်းပီး အဝတ်လဲကာ သူအလုပ်သို့ထွက်လာခဲ့သည်။
YOU ARE READING
🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)
Fanfictionလူတစ်ယောက်ကိုကာကွယ်ပေးချင်တဲ့စိတ်က...ယုန်တစ်ပိုင်းဝက်တစ်ပိုင်းလိုလူလေးနဲ့စတင်တယ်... wang yibo ငါ့ရဲ့အပြုံးလေးတွေကိုမြတ်နိုးတယ်ဆိုတဲ့မင်းအတွက်...ငါအမြဲပြုံးထားတယ်... xiao zhan