❤Unicode
"ယုန်လေး..ကိုကိုသွားတော့မယ်နော်.. ကောင်းကောင်းနေခဲ့ရမယ်နော်...''
"ဟင့်အင်း..ကိုကို..ယုန်လေးကိုမထားခဲ့နဲ့လေ..ကိုကိုမရှိရင် ယုန်လေးဘယ်လိုနေရမှာလဲ..ကိုကို..ကိုကို...မသွားပါနဲ့..ကိုကို..!!!"
တားနေဆွဲနေပေမယ့်.တစ်ဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ပုံရိပ်လေးတစ်ခု..။ အေးချမ်းစွာပြုံးနေတ့ဲ့ကိုကိုက သူ့ကိုတကယ်ထားခဲ့တော့မယ့်ပုံ...။
"ကိုကို..!!! "
"အစ်ကိုကျန့် သတိရလာပြီလား..အဆင်ပြေရဲ့လား...''
ဘေးနားကထိုင်နေတဲ့ ဖန်ရှင်းအသံကြောင့် ရှောင်းကျန့် ဘေးပတ်လည်ကိုကြည့်လိုက်သည်..။ သူ့အခန်းထဲကို သူပြန်ရောက်နေတာပဲ။ အိပ်မက်တစ်ခုက သူ့နှလုံးသားတစ်ခုလုံးကြေမွသွားစေဖို့တက်နိုင်သည်တဲ့လား..။
"ကျန့်ကျန့်..ညကဘယ်လိုဖြစ်လို့ platform ပေါ်မှာအိပ်နေရတာလဲ..''
ကျိုးချန်ရဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာ ညကအဖြစ်အပျက်တွေအကုန်လုံး ခေါင်းထဲအစီအရီပြန်ပေါ်လာသည်..။
"အစ်ကိုကျိုးချန် ကျွန်ေတာ်သွားရမယ်...''
သွားရမယ်ဆိုပြီး ကုတင်ပေါ်ကဆင်းကာ အခန်းအပြင်ပြေးထွက်သွားတဲ့ရှောင်းကျန့်ကို ကျိုးချန်အတင်းလိုက်တားရသည်..။
"ကျန့်ကျန့် ဘယ်ကိုသွားမှာလဲ..မင်းကိုမင်းဘယ်သူဆိုတာသိသေးရဲ့လား..မင်းကိုချန်သခင်ကြီးကအသေသတ်ချင်နေတာ မင်းမသိလို့လား..''
ကျိုးချန်အော်လိုက်တော့ ရှောင်းကျန့်ကမျက်ရည်တွေဝဲပြီး ပြန်ကြည့်လာသည်..။
"အစ်ကိုကျိုးချန်...ညက..ညက ကိုကို့ကိုတွေ့လိုက်တယ်..ကိုကိုမသေဘူး..ကျွန်တော်လိုက်တော့ သူထွက်ပြေးသွားတယ်..အစ်ကိုကျိုးချန် ကိုကိုက..ကိုကိုက ကျွန်တော့်ဆီကိုဘာလို့တန်းပြီးပြန်မလာရတာလဲ..ဘာလို့လဲ...''
ရှောင်းကျန့်ကြမ်းပြင်ပေါ်မှာ အရုပ်ကြိုးပြတ်ထိုင်ချကာ ငိုနေမိသည်..။ ညက ရှောင်းကျန့်လက်ထဲမှာပါလာတဲ့ဆွဲကြိုးကြောင့် ကျိုးချန်အနည်းငယ်ရိပ်မိပြီးသားဖြစ်သည်..။
ESTÁS LEYENDO
🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)
Fanficလူတစ်ယောက်ကိုကာကွယ်ပေးချင်တဲ့စိတ်က...ယုန်တစ်ပိုင်းဝက်တစ်ပိုင်းလိုလူလေးနဲ့စတင်တယ်... wang yibo ငါ့ရဲ့အပြုံးလေးတွေကိုမြတ်နိုးတယ်ဆိုတဲ့မင်းအတွက်...ငါအမြဲပြုံးထားတယ်... xiao zhan