Zawgyi
အေမွာင္ထုက သူ႔ခႏၶာကိုယ္ကုိ တျဖည္းျဖည္း ဝါးမ်ိဳေနသည္။ သုိ႔ေသာ္ သူက ထိုအေမွာင္ကုိ လြန္ဆန္႐ုန္းကန္ေနသည္။ အေမွာင္ႏွင့္သူ လြန္ဆြဲပြဲက ၾကာ႐ွည္လြန္းလွသည္။ ေနာက္ဆံုးေတာ့ အေမွာင္ကုိ သူအႏိုင္ရကာ သူ႔မ်က္လံုးထဲသုိ႔ အလင္းေရာင္တစ္စြန္းတစ္စ ဝင္ေရာက္လာသည္။
အား... လင္းလိုက္တာ။ အလင္းက သူ႔ကုိလန္႔ေစသည္။ သူ မ်က္လံုးေတြကုိ ဖ်တ္ခနဲဖြင့္ၾကည့္လိုက္သည္။ ထိုခဏမွာ မသိျခင္းေတြက သူ႔ကုိ လႊမ္းမိုးအုပ္ဆိုင္းသြားသည္။
သူ႔ကိုဝုိင္းၾကည့္ေနေသာမ်က္ႏွာေတြကုိ သူမသိ။ သူေရာက္ေနေသာေနရာကို သူမသိ။ သူဘာျဖစ္ခဲ့သလဲဆိုတာလည္း မသိ။ ယုတ္စြအဆံုး သူဘယ္သူလဲဆိုတာေတာင္ သူမသိေပ။
သုိ႔ေသာ္ အသံေတြကိုေတာ့ သူေကာင္းေကာင္းၾကားေနရသည္။
" Jimin မွာ ဒီလိုခ်စ္သူမ်ိဳးတစ္ေယာက္႐ွိတာ အရမ္းကံေကာင္းတာေပါ့ "
" မင္းရဲ႕ခ်စ္သူက မင္းကုိေတာ္ေတာ္ခ်စ္တာပဲ၊ သူ မင္းကုိ တစ္ခ်ိန္လံုးဂ႐ုစုိက္ေနတာ "
သူ နားမလည္ႏိုင္ေသာစကားမ်ား...
ထိုအခိုက္မွာ မ်က္ႏွာတစ္ခုက သူ႔မ်က္ႏွာေပၚ စီးမိုးလာသည္။
ေကာင္ေလးတစ္ေယာက္က သူ႔ကုိ နက္ရိႈင္းေသာမ်က္ဝန္းမ်ားျဖင့္ စုိက္ၾကည့္ေနသည္။
ၿပီးေတာ့ သူ႔နားကပ္ၿပီး တိုးတိုးေလးေျပာျပသည္။
" Jimin... ကုိယ္က Jimin ရဲ႕ခ်စ္သူေလ... "
သူ ထိုေကာင္ေလးကုိမသိပါ။ သုိ႔ေသာ္ ထိုေကာင္ေလးရဲ႕မ်က္လံုးေတြကုိ ခံစားယံုၾကည္စြာ ' အဲ့ဒါအမွန္ပဲ ' ဟု ယူဆလိုက္မိသည္။
@dada_mochi
Unicode
အမှောင်ထုက သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်း ဝါးမျိုနေသည်။ သို့သော် သူက ထိုအမှောင်ကို လွန်ဆန်ရုန်းကန်နေသည်။ အမှောင်နှင့်သူ လွန်ဆွဲပွဲက ကြာရှည်လွန်းလှသည်။ နောက်ဆုံးတော့ အမှောင်ကို သူအနိုင်ရကာ သူ့မျက်လုံးထဲသို့ အလင်းရောင်တစ်စွန်းတစ်စ ဝင်ရောက်လာသည်။
အား... လင်းလိုက်တာ။ အလင်းက သူ့ကိုလန့်စေသည်။ သူ မျက်လုံးတွေကို ဖျတ်ခနဲဖွင့်ကြည့်လိုက်သည်။ ထိုခဏမှာ မသိခြင်းတွေက သူ့ကို လွှမ်းမိုးအုပ်ဆိုင်းသွားသည်။
သူ့ကိုဝိုင်းကြည့်နေသောမျက်နှာတွေကို သူမသိ။ သူရောက်နေသောနေရာကို သူမသိ။ သူဘာဖြစ်ခဲ့သလဲဆိုတာလည်း မသိ။ ယုတ်စွအဆုံး သူဘယ်သူလဲဆိုတာတောင် သူမသိပေ။
သို့သော် အသံတွေကိုတော့ သူကောင်းကောင်းကြားနေရသည်။
" Jimin မှာ ဒီလိုချစ်သူမျိုးတစ်ယောက်ရှိတာ အရမ်းကံကောင်းတာပေါ့ "
" မင်းရဲ့ချစ်သူက မင်းကိုတော်တော်ချစ်တာပဲ၊ သူ မင်းကို တစ်ချိန်လုံးဂရုစိုက်နေတာ "
သူ နားမလည်နိုင်သောစကားများ...
ထိုအခိုက်မှာ မျက်နှာတစ်ခုက သူ့မျက်နှာပေါ် စီးမိုးလာသည်။
ကောင်လေးတစ်ယောက်က သူ့ကို နက်ရှိုင်းသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။
ပြီးတော့ သူ့နားကပ်ပြီး တိုးတိုးလေးပြောပြသည်။
" Jimin... ကိုယ်က Jimin ရဲ့ချစ်သူလေ... "
သူ ထိုကောင်လေးကိုမသိပါ။ သို့သော် ထိုကောင်လေးရဲ့မျက်လုံးတွေကို ခံစားယုံကြည်စွာ ' အဲ့ဒါအမှန်ပဲ ' ဟု ယူဆလိုက်မိသည်။
@dada_mochi
YOU ARE READING
Waiting For Love
FanfictionI wrote this fanfiction with normal version long ago. But now i write again with YoonMin version. You can read both zawgyi and unicode version. The story is not my own idea.