Scroll Down For Unicode
တိတ်ဆိတ်နေတဲ့ အိပ်ခန်းထဲ ခုတင်ဘေးခုံက ဒစ်ဂျစ်တယ်နာရီဆီက နိုးစက်သံက ကျယ်လောက်စွာ ထွက်လာပြီးတဲ့နောက် ခုတင်ထက် စောင်ပုံကြားမြှုပ်နေတဲ့ ရိပေါ်က
ဆက်ခနဲထထိုင်တယ်။ အညိုရောင် ဆံပင်တွေက ရှုပ်ပွလို့။သာမန်နေ့တစ်နေ့သာဖြစ်ခဲ့ရင် နိုးစက်ပိတ်ပြီး ပြန်အိပ်မိမှာ
ဆိုပေမယ့် ဒီနေ့က ရိပေါ်အတွက် သာမန်နေ့မဟုတ်ဘူး။
ဒါဆို ဘာနေ့လဲ။ ရိပေါ် အတော်ကိုမှ ကြိုက်နေတဲ့
Manga စာအုပ်အပိုင်းသစ် ထွက်မယ့်နေ့။ရေချိုးခန်းထဲ ၀င်သွားတဲ့ ရိပေါ်အတွေးထဲမှာ အနည်းငယ်ချမ်းစိမ့်နေတဲ့ ရာသီဥတုကြောင့် သူ ရေနွေးနဲ့ ရေချိုးမယ် နောက်ပြီး မနက်စာစားမယ်။ ပြီးရင် ရပ်ကွက်ထဲက
သွားနေကျ စာအုပ်ဆိုင်ဆီသွားမယ်။ သိပ်ကြီးကြီးမားမားတွေမတွေးဘူး။ ရိပေါ်က ဘ၀ကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းချင်တဲ့ အသက် ၂၂ အရွယ် တက္ကသိုလ် တတိယနှစ် ရှေးဟောင်းသုတေသနအထူးပြု ကျောင်းသားလေး ဖြစ်တယ်။မီးဖိုခန်းထဲက ပေါင်မုန့်မီးကင်စက်က ချောက်ခနဲ အသံမြည်ရင်း မီးကင်ပြီးသား ပေါင်မုန့်ချပ်လေးက ခုန်ထွက်လာတယ်။ ကော်ဖီဖျော်စက်ထဲက ဘလက်ကော်ဖီနံ့က မနက်ခင်းအခါအတွက် စွဲမက်စရာကောင်းတယ်။ ပေါင်မုန့်
မီးကင်နဲ့ ကော်ဖီတစ်ခွက်က ရိပေါ်အတွက် အကောင်းဆုံး
မနက်စာ ဖြစ်တယ်။
ကော်ဖီကိုမော့သောက်ရင်း ဘေးပြတင်းပေါက်ကို သတိထားကြည့်မိတော့ ဖြူဖွေးဖွေး နှင်းပွင့်တွေကျနေတာကို
တွေ့တယ်။ ရိပေါ် ထင်တာကတော့ ဒီဆောင်းဦးမှာ
ပထမဆုံးကျတဲ့ နှင်းပဲ။ ဆောင်းရာသီနဲ့ နှင်းတွေအကြောင်းတွေးပြီး ကဗျာဆန်နေမယ့်အစားစာအုပ်ဆိုင်သွားတဲ့အခါ မာဖလာတစ်ထည်ပတ်သွားဖို့ ရိပေါ်က ဆုံးဖြတ်လိုက်တယ်လမ်းတစ်လျှောက်က နှင်းတွေကြောင့် စိုစွတ်နေတယ်။
အရမ်းကြီးချမ်းနေတာမျိုးမဟုတ်ပေမယ့် ဆောင်းဦးလေနဲ့
နှင်းပွင့်တွေကြောင့် ရိပေါ်ရဲ့ နှာခေါင်းလုံးလုံးကလေးက
ခပ်ရေးရေးကလေး နီမြန်းနေတယ်။ လမ်းထောင့်တစ်နေရာကနှင်းတွေနဲ့ အရုပ်တွေလုပ်ဆော့နေတဲ့ ကလေးတစ်သိုက်ကိုရိပေါ် နားမလည်ဘူး။ ရိပေါ်သာဆို နှင်းလူသားအရုပ်
လုပ်မယ့်အစား အချင်းချင်း နှင်းတွေနဲ့ ပစ်ပေါက်ပြီးဆော့ပစ်လိုက်မှာ။
YOU ARE READING
C A E R S U S [ one shot ]
FanfictionBrown love like cherries 🌸 Collaboration With MidoriRen ❤