Scroll Down For Unicode
တစ်ချက်ဝေ့တိုင်း အအေးဓာတ်ပါလာတဲ့ လေပြေတွေမှာ
ရှောင်းကျန့် နှုတ်ခမ်းတွေဟာ တစ်ဆက်ဆက်တုန်နေတယ်။
ဒီနေ့က ဆောင်းဦး နှင်းကျတဲ့နေ့။ ရှောင်းကျန့် ပေကျင်းကိုရောက်တာ သိပ်မကြာသေးဘူး။ ထို့အတူပဲ အေးချမ်းတဲ့ ဒီရပ်ကွက်လေးကိုလည်း မနေ့တနေ့ကမှ ရောက်လာခဲ့တာ။ရှောင်းကျန့်က အေးအေးဆေးဆေးအလုပ်တွေကို နှစ်သက်တဲ့ လူသားတစ်ယောက်ဖြစ်တဲ့အတွက် အခုသူ့အလုပ်ဟာလည်း သတင်းစာကုမ္ပဏီတစ်ခုမှာ ဆောင်းပါးဆရာတစ်ယောက်။
ငွေကြေးအခ သိပ်မများပေမဲ့ ရှောင်းကျန့်ကတော့ သဘောကျတာမို့ ဒီအလုပ်ထဲကို စိတ်နှစ်ထားတယ်။ အချစ်ရေးဆိုတာကြီးကို မမြင်နိုင်ရလောက်အောင် စာအုပ်ပုံတွေကြား ခေါင်းနှစ်ထားတဲ့ ရှောင်းကျန့်ကို မားမားကတော့ ကြင်ယာရှာဖို့ တစ်ပူပူ တစ်ညံညံ လုပ်လေ့ရှိတယ်။အေးချမ်းတဲ့ ဒီရပ်ကွက်လေးက ရှောင်းကျန့်အမြင်နဲ့တော့ သိပ်ကို လှတဲ့ ပုံပြင်လေးတစ်ပုဒ်အနေနဲ့ မြင်တယ်။ဒီရပ်ကွက်လေးဟာ အခြားရပ်ကွက်တွေနဲ့မတူရအောင် တစ်သီးတစ်သန့်လေး။
ချစ်စရာကောင်းတဲ့ ညနေခင်း ဈေးတန်းလေးလည်း ရှိသလိုသိပ်လှတဲ့ အညိုရောင် စာအုပ်ဆိုင်လေးလည်းရှိတယ်။ဒီနေ့တော့ ရှောင်းကျန့် အဲ့အညိုရောင် စာအုပ်ဆိုင်လေးကို
သွားမယ်။ ဖုန်းတွေနဲ့ စာဖတ်ရတဲ့အလုပ်ကို ရှောင်းကျန့်က သိပ်သဘောမကျဘူး။ လူရိုးကြီးလို့ပဲပြောပြော ရှောင်းကျန့်က
စာအုပ်ကထွက်လာတဲ့ ရနံ့သင်းသင်းလေးကို သိပ်ကြိုက်တာမို့။စာအုပ်ဆိုင်လေးထဲကို ဝင်လိုက်တာနဲ့ နွေးထွေးတဲ့ ဓာတ်လေးတစ်ခုကို ရှောင်းကျန့်ရတယ်။ ပြီးတော့ ရှောင်းကျန့်ကြိုက်တဲ့ စာအုပ်ဟောင်းရနံ့လေးဟာလည်း သင်းခနဲပဲ။ ဘာမှစဉ်းစားမနေဘဲ စာအုပ်ဟောင်းတွေထားတဲ့ အတန်းဘက်ကို ဦးတည်လိုက်တယ်။ သူကြိုက်သမျှ စာအုပ်တွေကို ရှာဖတ်နေတုန်း
ဆိုင်ခန်းဝဆီက ခေါင်းလောင်းသံလေးကို ကြားလိုက်ရတယ်။တစ်ပြိုင်နက် "ဘုတ်"ခနဲ ဆိုတဲ့ အသံတစ်ခုကိုလည်း ကြားလိုက်ရတယ်။
YOU ARE READING
C A E R S U S [ one shot ]
FanfictionBrown love like cherries 🌸 Collaboration With MidoriRen ❤