ကောင်လေးနှစ်ယောက် ဖြူဖွေးနေတဲ့နှင်းတွေကြားမှာ မျက်နှာချင်းဆိုင်ရပ်နေကြတယ်
ပျော်ရွှင်မှုတွေပျောက်ဆုံးနေတဲ့ မျက်ဝန်းလေးတွေနဲ့"ငါတို့လမ်းခွဲကြမယ် ဂျွန်"
"ဘာလို့လဲ ပိုင်သူရ"
"ငါမင်းကိုချစ်တယ် ဒါပေမဲ့မဖြစ်နိုင်တော့ဘူး
ငါ့အိမ်ကမင်းနဲ့သဘောမတူဘူး မင်းနာကျင်မှာလဲ ငါမလိုချင်ဘူး ဂျွန် ငါတို့ဒီလောက်နဲ့အဆုံးသတ်ကြမယ်"ဂျွန်ရယ်မိတယ် သူသိတယ် သူအကုန်သိတယ် ပိုင်သူရညာနေတာကို ပိုင်သူရတခြားစော်ရလို့ သူ့ကိုဖြတ်နေတာကို ရှင်းရှင်းပြောရရင် သူသိတာကြာပါပြီ ပိုင်သူရခြေလှမ်းတွေပြတ်နေထဲက စုံစမ်းထားတာ သူ့အပေါ်သစ္စာမရှိတဲ့သူတယောက်ကို ထပ်လဲခွင့်မလွှတ်ချင်တော့သလို ဆွဲလဲမထားချင်တော့ဘူး
လမ်းခွဲလိုက်တာအကောင်းဆုံးပဲလေ
ဟုတ်တယ်မလား"လမ်းခွဲကြမယ်"
ပြောပြီး လှည့်ထွက်ခဲ့လိုက်တယ် ဟုတ်တယ် သူနဲ့ပိုင်နဲ့ဒီလောက်ပဲ အဆုံးသတ်သင့်တာကြာလှပြီ ဒီပတ်သတ်မှုက အင်း သူခွင့်လွှတ်ပြီး လိုက်လျောခဲ့တာတွေတွက်နောင်တတော့ရမိသား
ဂျွန်ဆုံးဖြတ်လိုက်တယ် ပိုင်သူရကိုလက်စားချေမယ် သူအောင်မြင်အောင်လုပ်မယ် အားလုံးရဲ့အထက်မှာ သူရှိနေချင်ပြီလေ ဒါမှသူလက်စားချေလို့ရမှာ ဂျွန်တဲ့ အဆိပ်ပြင်းတဲ့မြွေဆိုးလေး လွတ်လပ်မှုကိုနှစ်သက်ပြီး သာမန်ဘဝနဲ့အဆင်ပြေနေသူပေါ့
ပိုင်သူရဆိုတဲ့သူမဝင်လာခင်အထိ သူ့ဘဝထဲကို အရာအားလုံးကပျော်စရာတွေကြီးပါပဲသူသိပါတယ် သူနဲ့ပိုင်နဲ့ယှဥ်ရင် အကွာကြီးဆိုတာ သူဋေးသားနဲ့သာမန်ကျောင်းသားနဲ့
ဟက် ကံကြမ္မာကသူ့ကိုကျီစယ်နေသလားပဲ ငိုကြွေးရမဲ့အစားချစ်ရသူကိုနာကျင်မှုတွေကြောင့်မုန်းတီးပြီးအိပ်စက်သွားတဲ့ကောင်လေးတယောက်နဲ့ နောက်စော်နဲ့မူးရူးနေတဲ့ကောင်လေးတယောက်ရှိတာကိုတော့ ဘယ်သူသိမလဲနော်...#ငါးနှစ်အကြာ
ကျနော်အခုဆိုအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေပြီ ကျနော်အားလုံးရဲ့အထက်မှာရှိနေပြီ ငါးနှစ်တဲ့
ကျနော့်ဘဝကိုပြောင်းလဲစေခဲ့အချိန်ငါးနှစ်
ကျနော့်နာမည် ဂျွန်မဟုတ်တော့ဘူး
Tavish (ကောင်းကင် လို့ အဓိပ္ပာယ်ရတယ်)
ကျနော်ဂျပန်နိုင်ငံကိုပြန်လာခဲ့တယ်
လက်စားချေဖို့သက်သက်ပေါ့
ကျနော်နောင်တမရဘူး ပိုင်သူရဆိုတဲ့ သူကြောင့် အခုကျနော် အားလုံးရဲ့အထက်မှာနေရာယူထားပြီလေ ကျေးဇူးပဲ ပိုင်သူရ
YOU ARE READING
ချစ်ခဲ့ဖူးသလို မုန်းခဲ့ဖူးတယ်
Short Storyအရင်အတိတ်ဘဝက သွေးကျိန်စာကြောင့် ဒီဘဝမှာ Vi တယောက် ကလေးငယ်ရဲ့ခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းတရားကိုဘယ်လိုပြန်ယူမလဲဆိုတာ...