"Vi.."
"Imm?"
"ဘာလို့ဒီကိုပြန်လာတာလဲ"
"မင်းကိုပြောပြစရာရှိသေးလို့"
"အဲ့နေ့ကအကြောင်းလား"
"Imm, ရောက်ပြီ ဆင်းတော့"
"Wow, လှလိုက်တာ..."
"Dream Garden မှာ တခြားနာမည်ရှိသေးတယ် သိလား"
"မသိဘူး..."
"Two Ways တဲ့ အဓိပ္ပာယ်က မတူညီတဲ့လမ်းကိုလျှောက်ရမှာမို့ တယောက်တလမ်းသွားကြမယ်ဆိုတဲ့သဘောပေါ့.."
"ဒါပေမဲ့ ဒီနေရာက အိမ်မက်ပန်းခြံလေ
ကိုယ်ဖြစ်ချင်တာတွေဖြစ်နိုင်တဲ့နေရာလေ""အိမ်မက်ဆိုတာ အမြဲကိုယ်ဖြစ်ချင်တာပဲဖြစ်လို့လား Dee..?"
"မဖြစ်ဘူး..."
"Imm.. မင်းကိုပြစရာရှိတယ် လာခဲ့"
"ဟင် ဒါစီးမလို့လား ချားရဟက်"
"Imm, အပေါ်စီးကမှမင်းသေချာမြင်ရမှာ"
************************************
"ခနလေး ရောက်တော့မယ် အလယ်ရောက်ရင် မင်းမြင်ရလိမ့်မယ် သူတို့ခနရပ်ပေးတယ်လေ""Imm.."
"ကြည့်လိုက် ခုနကငါတို့ရပ်ခဲ့တဲ့နေရာကို.."
"အသဲပုံလေး.. အလယ်က.."
"Imm, heart broken"
"ခုနကငါတို့ရပ်နေတုန်းက အောက်မှာ
အသဲပုံပဲ မကွဲဘူး""အင်း.. ငါတို့ကမသေချာတဲ့ပတ်သတ်မှုတွေကိုအလေးထားပြီး Right Person မဟုတ်တဲ့သူတွေနဲ့အချိန်ဖြုန်းနေခဲ့တာ.. အတွဲတော်တော်များများ ဒီနေရာမှာချစ်ကြတယ်
လမ်းခွဲကြတယ်.. ""လက်ထပ်သွားတဲ့စုံတွဲတွေရော မရှိဘူးလား"
"ဟင့်အင်း အခုထိ.."
"ဒါနဲ့လေ.. ငါ ဒဏ္ဍာရီတပုဒ်ကြားဖူးတယ်
သေချာတော့မသိဘူး မင်းတော့သိမယ်ထင်တာပဲ မင်းရဲ့မွေးရပ်မြေဆိုတော့..""ဒီ ပန်းခြံနဲ့ပတ်သတ်ပြီးလား?"
"Imm ဟုတ်တယ် မင်းသိလား"
"Imm, သိတယ် နားထောင်ချင်လား"
"Imm"
"အရင်တုန်းက အရမ်းချစ်ကြတဲ့စုံတွဲတတွဲရှိတယ် ဒါပေမဲ့ သူတို့ကလိင်တူချစ်သူတွေ.. ယောကျာ်းအချင်းချင်းချစ်ကြိုက်မိတော့ သေဒဏ်ပေးခံရတယ် ဘာလို့ဆို သူတို့ခေတ်သူတို့အခါက ရွံစရာလို့သတ်မှတ်ထားခဲ့လို့
သေဒဏ်ပေးမဲ့ မနက်မရောက်ခင် သူတို့နှစ်ယောက်ကို လူတယောက်ကကူညီပြီး လွတ်မြောက်စေခဲ့တယ် သူတို့လဲ မြို့နဲ့ဝေးတဲ့
တောကိုပြေးလာကြတာပေါ့ ဒီနေရာက အဲ့တုန်းက တောအုပ်ကြီးလို့ပြောတယ် ဘယ်သူမှလဲ မသွားရဲကြဘူး သွားမိတဲ့လူတိုင်းက တောထဲမှာ လည်ပြီး အိမ်ပြန်မရောက်လာကြဘူးလို့ပြောတဲ့ကောလဟာလတွေလဲရှိတော့
လူတိုင်းက ကြောက်ကြတယ် သူတို့အတွဲကလွဲပြီးပေါ့ ဘယ်သူမှမလိုက်လာရဲတာဆိုလို့
ဒီနေရာပဲရှိတယ်ဆိုပြီး အရဲစွန့်ပြီး ဝင်ခဲ့ကြတယ် သူတို့တွေ့လိုက်ရတဲ့အရာတွေက ကြားခဲ့ဖူးတဲ့အရာတွေနဲ့တခြားစီဖြစ်ပြီး အလွန်လှပတာကို သူတို့သိလိုက်ရတယ်
သူတို့ရဲ့ချစ်ခြင်းကဖြူစင်ပြီး အချစ်စစ်ဖြစ်
တာမို့ တောအုပ်ကြီးကလှပသွားတာလို့ပြောကြတယ် နှလုံးသားကဖြူစင်တာမို့ သူတို့တွေကိုလွတ်မြောက်စေခဲ့တယ် တောအုပ်က
သူတို့နောက်ကိုလိုက်လာတဲ့သူတွေကတော့
အသေဆိုးနဲ့သေကြေပျက်စီးခဲ့ကြတယ်
တောစောင့်နတ်က သူတို့ကိုတခုပြောခဲ့တယ် "မင်းတို့ထဲကတယောက်က သစ္စာဖောက်ခဲ့ရင် ဘဝဆက်တိုင်းဝေးကွာရမယ်, မင်းတို့ရဲ့တွေ့စုံမှုတိုင်းကနာကျင်ရမယ်" ဆိုပြီးပြောခဲ့တယ် ပြောရမယ်ဆို ကျိန်စာပေါ့ တောထဲကလွတ်မြောက်ခွင့်တွက် ကျိန်စာတိုက်ခံခဲ့ရတယ် ကျိန်စာဆိုတော့ ကျိန်စာပြယ်နည်းကတော့ ရှိမှာပဲဆိုပြီး သူမေးခဲ့တယ်
နောင်တချိန်မှာ သစ္စာဖောက်မဲ့သူပေါ့ သူကိုယ်တိုင်မသိပဲမေးလိုက်မိတယ်
တောစောင့်နတ်ကလဲ သိနေပေမဲ့ အခုချိန်မှာ ဒီလူသားကသိပ်ကိုဖြူစင်ပြီး အချစ်စစ်နဲ့ချစ်နေတာမို့ သူအသက်ကိုယူလို့မရဘူး
"ကျိန်စာပြယ်ချင်ရင် တွေ့စုံမှုတိုင်းမှာ သစ္စာဖောက်ခဲ့တဲ့သူကမျက်ရည်ကျမှ ကျိန်စာပြေမယ်" တဲ့ ဟက် ဆိုးလွန်းတယ်နော် သူသာနောင်တမရရင် သူတို့နှစ်ယောက်ရဲ့တွေ့စုံမှုတွေက နာကျင်ခြင်းတွေပဲ
သူတို့အတူနေထိုင်ကြတယ် တောထဲကလွတ်မြောက်သွားပြီး တနှစ်ပြီးတနှစ် အချစ်တွေပိုပိုတိုးလာပြီး ချစ်ခဲ့ကြတယ် လို့ထင်ခဲ့တာ မဟုတ်ဘူး မှားတယ် တနေ့ကျ ချစ်ရသူက တခြားတယောက်တွက်နဲ့ ကိုယ့်ကိုသစ္စာဖောက်တော့မှာကိုမသိတဲ့ သူလေးက
တောထဲကိုထွက်လာခဲ့တယ် အမြဲတမ်းသွားနေကြပေါ့ တောစောင့်နတ်ကိုပူဇော်ဖို့ သစ်သီးလေးတွေယူပြီး သူမသိလိုက်တာက
သူ့ချစ်ရသူက သူ့နောက်လိုက်လာခဲ့တယ်ဆိုတာပဲ တောထဲရောက်ပြီး သူဒူးထောက်ကာ မျက်စိမှိတ်ထားတဲ့အချိန်မှာပဲ နှလုံးသား
တည့်တည့်ကိုဓားနဲ့အစိုက်ခံခဲ့ရတယ်
သူတို့နှစ်ယောက်ကိုကျိန်စာတိုက်ခဲ့တဲ့နေရာမှာပဲ သေဆုံးခဲ့ရတယ် သေဆုံးသူရဲ့သွေးကြောင့် ဒီပန်းခြံအလယ်မှာရှိတဲ့ အသဲပုံကြီးက ကွဲအက်နေတာ တကယ်တော့ သွေးစီးကြောင်းအတိုင်းကွဲအက်ခဲ့တာ တကယ်ချစ်တဲ့သူကတော့ ချစ်ရသူတွက် နှလုံးသွေးယိုပေးခဲ့ရပေးရပေမဲ့ သစ္စာမရှိတဲ့သူကတော့
လှည့်ထွက်သွားခဲ့တယ် မသေခင်မှာ သူပြောခဲ့တယ် "နောင်ဘဝမှာ မင်းနဲ့တွေ့စုံရချိန်မှာ မင်းအရင်ဆုံးငါ့ကိုမှတ်မိပြီး နာကျင်ရပါစေ"တဲ့ ဘယ်လောက်ထိ သူအခွင့်ရေးပေးခဲ့လဲတွေ့လား သူကချစ်ရသူကြောင့်သေခဲ့ရတယ် နှလုံးသွေးယိုပေးခဲ့ရသလောက် သူပြန်တောင်းဆိုခဲ့တာက နာကျင်စေဖို့ပဲ အသက်ကိုမတောင်းခဲ့ဘူး Dee သိလား အဲ့ကောင်လေးက ဘယ်သူလဲဆိုတာ.."
YOU ARE READING
ချစ်ခဲ့ဖူးသလို မုန်းခဲ့ဖူးတယ်
Short Storyအရင်အတိတ်ဘဝက သွေးကျိန်စာကြောင့် ဒီဘဝမှာ Vi တယောက် ကလေးငယ်ရဲ့ခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းတရားကိုဘယ်လိုပြန်ယူမလဲဆိုတာ...