Unicode version

14.3K 211 5
                                    

ဆူညံနေတဲ့တေးဂီသသံတွေနဲ့ Club တခု...။
ဒီလိုနေရာကိုလာဖို့အတွက် Jaejoong ဆီမှာ ဘယ်တုန်းကမှစိတ်ကူးမရှိခဲ့...။ အခုတော့တဦးတည်းသော အစ်ကိုဖြစ်သူ Junsu ကောင်းမှုကြောင့် ရောက်လာရခြင်းသာ...။

"အိမ်မှာလူကြီးတွေမရှိတာနဲ့ပဲ လုပ်ချင်ရာလုပ်နေတာ...
Appa နဲ့ Omma ပြန်လာတော့မှ ဒင်းကိုတိုင်ရမယ်"

Jaejoong ပါးစပ်ကနေလဲပွစိပွစိပြောနေရင်း မျက်လုံးတွေကအငြိမ်မနေပဲ ဘယ်နားမှာမူးပြီးမှောက်နေမလဲမသိတဲ့ အစ်ကိုဖြစ်သူ Junsu ကိုလဲ ရှာရသေးတယ်...။ တကယ်ရင်မောရပါလား... Omma က အကြီးနဲ့အငယ် မှားမွေးလာလားမသိ...။ ကိုယ့်ကိုသူက စောင့်ရှောက်ဖို့နေနေသာ ကိုယ်ကချည်းပဲသူ့ကို လိုက်စောင့်ရှောက်ပေးနေရတယ်...။

"ဟေး... အချောလေး တယောက်တည်းလား..
ကိုယ်တို့နဲ့ပျော်ရအောင်လာခဲ့လေ"

"ဒီနေ့ညကိုယ်နဲ့အတူနေမလား...
မင်းတောင်းသလောက်ပေးမယ်"

စိတ်ရှုပ်ရတဲ့ကြားထဲ ပွတ်သီးပွတ်သပ်လာလုပ်တဲ့ နှာဘူးတချို့ကို ရှောင်ရှားရသေးတယ်...။ လူပြောများတဲ့ Club ဆိုတဲ့အရာက ဘာများကောင်းတာရှိလို့လဲ... အမူးသမားတွေနဲ့ ဆူညံနေတဲ့ဟာကို...။

"ဒီမှာ... ခင်ဗျားကောင်လေးတယောက်ကိုသတိထားမိလား...?? အရပ်က ကျွန်တော်နဲ့မတိမ်းတယိမ်း... ကလေးရုပ်လေးနဲ့ ချစ်စရာပုံစံလေး.. စကားပြောရင် အသံစူးစူးလေး.."

ရှာမတွေ့တဲ့အဆုံးတော့ Jaejoong လဲ ဘားကောင်တာကိုပဲ သွားမေးလိုက်ရတော့တယ်...။ ဘားမှာအရက်စပ်တဲ့လူကြီးကတော့ အတန်ငယ်တည်တည်တံ့တံ့ရှိတာကြောင့် စိတ်အေးသွားရသေးတယ်...။

"အာာ Kim Junsu ကိုပြောတာလား... မင်းက သူ့ညီ မဟုတ်လား... သူပြောတယ် မင်းလာခေါ်မယ်လို့... အခုသူက VIP အခန်းနံပါတ် 502 မှာ"

လူမသိလောက်ဘူးထင်နေတဲ့သူ့အစ်ကိုက VIP အခန်းမှာတောင် သောက်နိုင်တယ်ဆိုတော့ Jaejoong အတန်ငယ်တော့ အထင်ကြီးသွားတယ်...။ ဒင်းက အိမ်မှာသာ ဘာမှမဟုတ်တာ... ကလေးလိုလိုခွေးလိုလိုနဲ့ ဒါမျိုးကျတော့ဆရာကျသား...။

"မင်းရော ဘာသောက်မလဲ... မင်းအစ်ကိုက ဒီ Club ပိုင်ရှင်ရဲ့ရည်းစားဆိုတော့ VVIP ပဲလေ"

Our Pretty Boy {One-shot}Where stories live. Discover now