Our First Song

25 4 2
                                    

Our First Song

" Ok! Shooting ပြီးပါပြီ "

Lighting တွေသိမ်းတဲ့သူကသိမ်း၊ Camera တွေ သိမ်းတဲ့သူကသိမ်းနဲ့ အလုပ်ရှုပ်နေကြသည်။

ကတောင် ကတောင် ကတောင်
Tae ဖုန်းထဲသို့ Message တွေအဆက်မပြတ်ဝင်ထားသည်။ ခုနက Photo ရိုက်နေတုန်းမို့ Tae
မသိလိုက်ပါ။

ဘာလို့ဖုန်းမကိုင်တာလဲ
ဖုန်းပြန်ခေါ်ပါ
အခုဘယ်မှာလဲ @&$&#*&&@

ထို Message တွေက Jungkook ဆီကပင်။
Tae jungkook ဆီကို ဖုန်းပြန်ခေါ်လိုက်သည်။

" hello kook ကိုကအခုမှ shooting ပြီးတာ "

" ဒီနေ့ဘာနေ့လဲ မေ့နေပြီမဟုတ်လား
ချိန်းထားတာလည်းမေ့နေပြီမဟုတ်လား ဘာမှမပြောနဲ့တော့ "

" ဟာ kook ကို တောင်းပန်.."

Kook ဖုန်းချသွားခဲ့သည်။ kook စိတ်ဆိုးချင်ရင်လည်း စိတ်ဆိုးစရာပါ။
6 Years Anniversary ကိုမှ မေ့နေခဲ့တာဖြစ်သည်။

Tae  အိမ်ပြန်လာတော့ အိမ်မှာ Kook မရှိ။ ဒါဆို ချိန်းထားတဲ့ Cafe မှာပဲ ရှိအုန်းမည်ဆိုပြီး လိုက်သွားလိုက်သည်။

" kook ကို တောင်းပန်ပါတယ်နော်
ဒီနေ့ shooting က နည်းနည်းကြာသွားတယ် lighting ပိုင်းမှာ ပြဿနာတက်နေတာနဲ့ ပြာပြီးတော့ မေ့သွားလို့ပါ "

" တော်ပါတော့ အဲ့ဒီ့ဆင်ခြေတွေဘယ်နှခါရှိနေပြီလဲ ခင်ဗျားကလေ ကျွန်တော်တို့ date တာကိုပဲ မေ့နေတာမဟုတ်ဘူး ကျွန်တော်ရှိတယ်ဆိုတာကိုပါ မေ့နေတာ "

Kook ပြောနေရင်းနဲ့ ပါးပြင်နုနုလေးပေါ်ကို မျက်ရည်ပေါက်တွေကျလာခဲ့သည်။

" ထပ်ငိုနေပြန်ပြီလား "

" သွားတော့မယ် ပြီးတော့ အခုရက်ပိုင်းမအားဘူး debut song အတွက်ပြင်ဆင်နေပြီ "

" kook..kook "

Kook က အလျှော့ပေးပြီး ပေးဆပ်ရင်လည်း သူများနဲ့မတူအောင်ပေးဆပ်သလို စိတ်နာသွားပြီဆိုရင်လည်း တော်ရုံတန်ရုံနဲ့ မပြေလည်နိုင်ပါ။

အိမ်ပြန်ရောက်ပြီး ခဏနားနေတုန်း producer ဆီမှာဖုန်းဝင်လာခဲ့သည်။
မနက်ဖြန် Recording လုပ်ရတော့မည်။ သီချင်းကို အထပ်ထပ်အခါခါပြန်ဆိုပြီး လေ့ကျင့်နေရသည်။ Debut Song ဖြစ်သဖြင့်အလွန်ဂရုစိုက်ရမည် ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: May 19, 2020 ⏰

Add this story to your Library to get notified about new parts!

Our First SongWhere stories live. Discover now