Part 3🍃

625 84 52
                                    


Zawgyi
🌟Min PD and His babe🌟

From now on, You'll be my SUGAR DADDY!!
Part 3🍃

"Yoongi ya..."

Jin hyungခေါ်သံကြောင့် ကားတံခါးဖွင့်အံ့ဆဲဆဲ လက်လေးကို ခနရုတ်ပြီး နောက်လှည့်ကြည့်လိုက်သည်။

အမောတကောနဲ့ သူ့နောက်ပြေးလိုက်လာတဲ့ Jin hyung....

"Aigoo!! မင်းကလည်းမြန်လိုက်တာ Traineeတွေကို စစ်ဆေးပြီးတာနဲ့ ပြန်ဖို့လုပ်တော့တာပဲ.... ငါတို့ debut lineupရွေးချယ်ဖို့ အစည်းအဝေးလုပ်ရဦးမယ်လေ..."

Jin hyung ပြောစကားကြောင့် မျက်မှောင်တစ်ချက်ကျုံ့ကာ ပြန်ကြည့်လိုက်ရင်း...

"ဘာထပ်ဆွေးနွေးစရာ လိုသေးလို့လဲ Jin hyung အဖြေကထွက်နေပြီပဲ အရေးမပါတာတွေ ထိုင်ပြော ထိုင်နားထောင်နေရလောက်အောင် ကျွန်တော် မအားဘူး"

Yoongiရဲ့စကားကြောင့် Jin တစ်ယောက် ခေါင်းတစ်ချက်ခါလိုက်ပြီး မေးလိုက်တယ်...

"ကဲ အဲဒါဆိုလည်း မင်း debut lineupထဲထည့်မဲ့သူတွေကို အခုပြောတော့...နောက်မှ mail ပို့မယ်တွေ ဘာတွေမကြားချင်ဘူး လူအချင်းချင်းတောင်တွေ့နေပြီကို mailပို့မယ်ဆိုတာက အဓိပ္ပါယ်ကိုမရှိတာ..."

Jinတစ်ယောက် Yoongiကို စကားပြောနေရင်းနှင့်ပင် အသင့်ပါလာတဲ့ သူ့လက်ဆွဲအိတ်ထဲက Traineeတွေရဲ့ profile အချက်အလက်ပါတဲ့ စာရွက်တွေကို  Yoongi ကိုလွှဲပေးလိုက်သည်။

ပုံမှန်လူဆိုလျှင် Yoongi သူ့ကိုစကားပြောတဲ့ ပုံစံကို ကျိန်းသေပေါက် ရိုင်းတယ်ဟု ထင်လိမ့်မည်မှန်သော်လည်း Yoongi အကြောင်းကောင်းကောင်းသိနေတဲ့ သူ့အတွက်တော့ ဘယ်လိုမှမနေပေ။

တကယ်တော့ Yoongi ဟာသူရဲ့နူးညံ့မှုတွေကို ရေခဲတမျှ အေးစက်မှုတွေနဲ့ မရရအောင်ဖုံးကွယ်ဖို့ကြိုးစားနေရှာတဲ့ သနားစရာ မေတ္တာငတ်နေတဲ့ ကောင်လေးတစ်ယောက်...

"ရော့..."

Yoongi သူ့ရှေ့ကို စာရွက်တစ်ချို့ ပြန်ကမ်းပေးတော့မှ Jin တစ်ယောက် Yoongi ကိုကြည့်နေရင်းတွေးနေမိတဲ့ အတွေးတွေကို လက်စသတ်လိုက်မိသည်။

Yoongi ပေးတာကိုကြည့်လိုက်တဲ့ စာရွက်ကိုသေချာကြည့်လိုက်တော့ နှစ်ရွက်တည်း...

🌟MinPD and His Babe🌟[Hiatus]Where stories live. Discover now