Part-1

219 18 1
                                    

Tianjin မြို့ရဲ့လမ်းမထက်မှာ ကားတွေရှပ်ထွေးလို့။
နာမည်ကြီးစာကြည့်တိုက်တစ်ခု ဖြစ်တဲ့ Tianjin Binhai စာကြည့်တိုက် ကတော့ စာဖတ်ဝါသနာမပါတဲ့လူအတွက်တောင် တစ်နေကုန်စာဖတ်ချင်စရာကောင်းလှသည် စာဖတ်ဝါသနာပါတဲ့ ယွင်ရှီးအတွက်တော့ နတ်ပြည်လိုပင်။

'အားး ရောက်ပြီ '

"ပေကျင်းကနေ ဒီအထိ စာဖတ်ဖို့လာတယ်ဆိုတာ ငါတကယ် မယုံဘူး"

"ငါက စာဖတ်ဝါသနာပါတာဘဲ ဟွားလီရဲ့"

"အင်းပါ အင်းပါ ဒီလောက် စာဖတ် ပြီးရင် အလုပ်လုပ် ပြီးရင် မုန့်စား ပြီးရင် ဝေးပေါ် မှာ ပုံပတ်တင်နေတဲ့ အကိုကြီးကို ဘယ်သူမှကြိုက်ချင်မှာမဟုတ်ပါဘူး အဲ့တာကြောင့်အခုထိ မိန်းမ မရသေးတာ "

"ကျစ် ဒီကောင်မလေးကတော့"

ဟုတ်တာလဲဟုတ်သည် သူ့ဘဝက ဟွားလီ ပြောသလိုဘဲသွားနေတာဘဲ ယူမယ့်သူ ရှိမယ့်ပုံလည်းမပေါ်ဘူး ဘာလဲကွာရုပ်ချောရင် ရည်းစားမရဘူးလား ဟူးး

"ဟဲ့ ဟိုမှာကြည့်စမ်း"

"ဘာကိုလဲ"

"မျက်မှန်တပ်ထားတဲ့အကိုချောချောလေးလေ"

"အာ တွေ့ပြီ တွေ့ပြီ အဟီး ဒီနေ့စာကြည့်တိုက်လာရတာတော့ တန်ပြီ"

အသက် ၃၂ အရွယ်ရှိပေမယ့် အရွယ်နှင့်မလိုက်အောင် နုလွန်းသည့် ယွင်ရှီးအတွက် ဒီလို လူတွေ ဝိုင်းကြည့်ခံရတာကတော့ နေသားကျနေသည့်အရာပင်။

ကြောင်တွေမရှိတဲ့ကမ္ဘာ**
နာမည်ရိုးရိုးရှင်းရှင်းနဲ့ စာအုပ်လေးကိုယူပြီး စာကြည့်တိုက်ရဲ့ ထောင့်နေရာလောက်မှာရှိတဲ့ ခုံမှာထိုင်လိုက်သည်။

" အကို "

"အကို....အကို"

"ဟမ် "

ယွင်ရှီး စာဖတ်တဲ့ထဲစျာန်ဝင်သွားမိလို့ ခေါ်နေတဲ့ ကောင်လေးရဲ့ အသံကိုသတိမပြုမိ။

"ဘာဖြစ်လို့လဲ မသိဘူး"

"ကျွန်တော် ဒီခုံမှာထိုင်လို့ရလားမသိဘူး"

"အယ်. . .ဘယ်ခုံကိုပြောတာလဲ"

" အကို ထိုင်နေတဲ့ခုံကိုပြောတာ...
ကျွန်တော်ထိုင်နေကျဆိုတော့လေ ကြည့်ပါလား စားပွဲထောင့်မှာ ချန်ဖေးယွီလို့တောင်ရေးထားသေးတယ်"

"ရပါတယ် ဒါပေမယ့် အများပိုင်နေရာမှာ အဲ့လိုလျှောက်မရေးရဘူးလေ"

" အဟဲ ကျွန်တော်က ဒီနားမှာ ထိုင်ရတာကြိုက်လို့"

"အဲ့တာဆို အကိုဖယ်ပေးမယ် ခဏနော်"

"OK
အယ်အကိုလဲ အဲ့စာအုပ်ဖတ်နေတာလား"

"မင်းရောလား"

ထရပ်လိုက်မှ ချန်ဖေးယွီဆိုသည့်ကောင်လေးက သူ့ထက် ပိုပြီး အရပ်ရှည်နေတာကို သတိထားမိသည်
တော်တော့်ကို အရပ်ကကွာတာဘဲ

"ဟုတ်တယ် ကျွန်တော်ကြိုက်တဲ့ မင်းသားက ရုပ်ရှင်ပြန်ရိုက်ထားလို့လေ"

"Satoh လား"

"အင်း"

ဘာလဲဟ ဒီကောင်လေးက မျက်နှာစပ်ဖြဲဖြဲနဲ့ ငါညီမဟွားလီ ကိုကြိုက်လို့ ငါ့လာဖားနေတာလား

"အကို ...အကို့နာမည်ဘယ်လိုခေါ်လဲဟင် အသက်ကရော ဘယ်မှာနေတာလဲ ဘာအလုပ်လုပ်တာလဲ "

"အမ်??"
______________________________
ယိတိုင်ဆိုသည့် ငတုံးကောင်ကြောင့်ဘာမဆိုင် ညာမဆိုင် ဟွားလီ ရဲ့ ဝမ်းကွဲအကိုကို ဖားရဦးမည်။

မဆိုးပါဘူး အဆင်တော့ပြေသား
မျက်နှာကို တစ်ချိန်လုံး ပြုံးနေရတာက လွဲရင်ပေါ့
သူများကိုကျ အောင်သွယ်ပေးရပြီး ငါ့ကိုကျ ဘယ်သူကအောင်သွယ်ပေးမှာတဲ့လဲ

ဘဝကြီးမှာနေရတာမပျော်တော့ဘူးကွာ

~~~~~~~~~~~

~~~~~~~~~~~

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

#Tianjin Binhai စာကြည့်တိုက်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

#Tianjin Binhai စာကြည့်တိုက်

Hao Yi Xing အတွက် Luo Yun Xiနဲ့ chen fei yu လို့ ကြားပြီးကတည်းရေးဖို့စဥ်းစားထားပေမယ့် ခေါင်းထဲက ဘာမှထွက်မလာလို့အခုမှထရေးရတာ-_-ဒါက အိုင် ပထမဆုံး ရေးတဲ့ Fiction ပေါ့နော် အဲ့တော့ ဖတ်ရတာအဆင်မပြေတာဘဲဖြစ်ဖြစ် တစ်ခုခုထောက်နေတာဘဲဖြစ်ဖြစ် အိုင့်ကိုလာပြောလို့ရပါတယ်><

The LibraryWhere stories live. Discover now