Part-2

146 18 2
                                    

14.6.2020

ပြက္ကဒိန်ပေါ်ကအနီရောင် မှင်ဖြင့် ဝိုင်းထားသည့် ရက်စွဲကိုကြည့်ပြီ စိတ်ကသိပ်မကောင်း မနက်ဖြန်ဆို ဖေးယွီ ပေကျင်း ကိုပြန်ရတော့မည် Tianjin မြို့က ဝမ်းကွဲအကိုဆီမှာ နေတာ သုံးနှစ် နီးပါးရှိပြီမို့ သိပ်တော့ မပြန်ချင် ..

အရင်တုန်းက လူငယ်မလို့ လွှတ်ထားပေမယ့် အသက် ၂၀ ပြည့်ပြီမို့ အလုပ်လုပ်ရတော့မည်.
"ဖေးယွီ ပြင်စရာရှိတာ ပြင်ပြီးပြီလား"

"အင်း ပြင်ပြီးပြီ"

"မင်း အသံက ဘာဖြစ်တာလဲ တစ်သက်လုံးမတွေ့ရတော့မှာမဟုတ်ဘဲနဲ့ လာတွေ့လဲရတာကို"

"ကျွန်တော့် အသံက ဘာ..ဘာဖြစ်နေလို့လဲ"

ပြောသာပြောရတာ အသံက ဝမ်းနည်းနေမှန်းတကယ့်ကို သိသာသည်

"တွေ့လား မျက်နှာကြီးက စူပုပ်နေတာ
နှုတ်ခမ်းထော်နေတာ ဒီကနေလှမ်းမြင်နေတယ်နော် ဖေးယွီ ဘာလဲ မင်းကြိုက်နေတဲ့ ကောင်မလေးက ဒီမှာရှိတာလား "

"တော်ပြီဗျာ ရေသွားချိုးတော့မယ်"

ဝမ်းနည်းနေပါတယ်ဆိုမှ သောက်ခွက်လာပြောင်နေသေးသည်

ရေပန်းတွေအောက် ခုနက အကိုပြောတဲ့စကားတွေကိုစဥ်းစားနေမိသည်
' ကြိုက်တဲ့ကောင်မလေး ' ကြိုက်တဲ့ကောင်မလေးဆိုမှစဥ်းစားမိသည် ယိတိုင်ရော ဟွားလီနဲ့ အဆင်ပြေရဲ့လားမသိ

ဟွားလီရဲ့အကို 'လော်ယွင်ရှီး' မှတ်မိပြီ သူကဒီမြို့ကမဟုတ်တာတော့ သေချာသည် ပေကျင်းကများ ဖြစ်နေမလား ဖြစ်ရင်လည်းဖြစ်နိုင်တာဘဲလေ ခဏနေပါဦး ငါက ဘာလို့ အဲ့လူ အကြောင်းစဥ်းစား နေရတာလဲ.....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ငါဒီမနက် အစောကြီးနိုးတာဘဲ
alarm တောင်မမြည်သေး...what the hell alarm က ဘာလို့မမြည်တာလဲ"

ဒီလို အရေးကြီးတဲ့ နေ့တွေဆို ဒီသောက် Alarm ကပျက်ပြီ အလုပ်တွေကို နာရီဝက်နဲ့ အပြီးသတ်ပြီး ကုမ္ပဏီ သို့လာလိုက်ရသည်

"ယွင်ရှီးရေ မင်းကတော့ ပုံမှန်အတိုင်း အရေကြီးရင် နောက်ကျပြန်ပြီနော် alarm မမြည်တာလား ဂိမ်းဆော့ပြီး alarm ပေးဖို့မေးသွားတာလား "

You've reached the end of published parts.

⏰ Last updated: May 24, 2020 ⏰

Add this story to your Library to get notified about new parts!

The LibraryWhere stories live. Discover now