Part 1 (Unicode)

678 42 6
                                    

ကျိန်းစပ်နေတဲ့ မျက်လုံးတွေကို နေရောင်ဒဏ်မှ လက်နဲ့ကာရင်း လမ်းညွှန်ဆိုင်းဘုတ်ကို မော့ကြည့်မိသည်။ ပူပြင်းတဲ့နေရောင် အောက်မှာ ဟိုကြည့်ဒီကြည့်နှင့် သူ လမ်းမှားလာတာ သေချာပြီ။

အနားက သစ်ပင်ရိပ်ဆီ ပြေးသွားရင်း ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို ထုတ်ကာ contact ထဲက နံပတ်တစ်ခုဆီ နှိပ်လိုက်သည်။ ဖုန်းခေါ်နေသံကို နားထောင်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေသည်။ ခရီးဆောင်အိတ်ကို ဘေးမှာ အသာချရင်း ချွေးတွေသုတ်ပစ်လိုက်ရသည်။

သူ့ရှေ့မှာ တတီတီနဲ့ ကားတွေအပြည့် အလုပ်ရှုပ်နေတဲ့ လမ်းမကြီးရယ်။ နောက်ကျောက ကလေးတွေရယ်သံနဲ့ပြည့်နေတဲ့ ပန်းခြံတစ်ခုရယ် ။ မျက်နှာချင်းဆိုင် လမ်းတဖက် က တိုက်ခန်းတွေရဲ့ ပြတင်းပေါက်မှန်က နေရောင်အလင်းပြန်မှုက သူ့ မျက်စိကို ပိုကျိန်းစေသည်။

အရာအားလုံးက ရင်းနှီးပြီးသားမြင်ကွင်း တွေပေမဲ့ သူ့အတွက်တော့ အစိမ်းသက်သက် ဖြစ်နေသည်။ သူ ရင်းနှီးတဲ့မြင်ကွင်းက ပရိုမိုရှင်း ဆင်းနေတဲ့ အစားသောက်တွေရယ်၊ အနွေးထည်ထူထူဝတ်ပြီး ရုံးတက်နေကြတဲ့ လူတွေရယ်။ အခုတော့ သူ့မြင်ကွင်းထဲ တီရှပ်အပါး ဘောင်းဘီအတိုတွေနဲ့ ရွှေဝါရောင် ဆံပင်တွေရယ်၊ သိပ်ဖော်ရွေမှုမရှိတဲ့ မျက်နှာတည်နဲ့ လူတွေရယ်၊ အညိုရောင်အသားရေ တွေသာ မြင်နေရသည်။

လေပြေအေးလေး တစ်ချက်ဝှေ့တိုက်လာတော့ ခြောက်ကပ်နေတဲ့နှုတ်ခမ်းကို အသာသပ်ရင်း သက်ပြင်းချမိသည်။ သူ ဘယ်လိုသိမှာလဲ။ ကယ်လီဖိုးနီးယား နေက ဒီလောက်ပူမယ်လို့ ။

" ဟယ်လို "

တဖက်က ဖုန်းဖြေသံက သူ့ရဲ့ လက်ရှိအခြေအနေကို ပြန်သတိဝင်လာအောင် လုပ်ပေးလိုက်သည်။

" Suho hyung ကျွန်တော်တော့ လမ်းမှားပြီ ထင်တယ် "

သူ့စကားဆုံးတာနဲ့ ဆူဟို ခေါင်းတခါခါလုပ်နေမဲ့ပုံကို မျက်လုံးထဲ မြင်ယောင်လာမိသည်။

" မင်းအခုဘယ်နားမှာလဲ "

သူ့နောက်က ပန်းခြံနာမည်ကို ဖတ်ကြည့်လိုက်သည်။

EveryWhen Where stories live. Discover now