" kyungsoo ဘာလုပ်ဖို့ အစီစဉ်ရှိလဲ "
ထိုနေ့ညက ဆူဟိုက ညစာစားရင်း မေးသည်။ ပွက်ပွက်ဆူနေတဲ့ ကင်ချီဂျီကဲ အိုးလေးက သူတို့စားပွဲအလယ်မှာ နေရာယူထားသည်။ ထွက်လာတဲ့ ချဉ်ပြုံးပြုံးအနံ့လေးက တနေကုန် ပင်ပန်းထားတဲ့ သူတို့ကို လက်ယက်ခေါ်နေသည်။
ဆူဟို့အမေးကို မဖြေသေးပဲ ဟင်းရည်ကို ရွှတ်ခနဲ တစ်ငုံသောက်လိုက်ပြီး မုန်လာဥချဉ် ကောက်ဝါးလိုက်သည်။ ထမင်းထဲ ဟင်းရည်လေးစမ်း၊ ဝက်သားဖတ်လေးကို ကင်ချီနဲ့ ပတ်ထားတဲ့ ထမင်းတစ်လုတ်ကို ပါးစပ်ထဲ ထိုးထည့်လိုက်သည် ။
"ဟေ့ကောင် စားပဲစားမနေနဲ့ ငါမေးတာဖြေဦး "
" မုန်လာဥချဉ်က hyung လုပ်တာလား? "
" ဒါပေါ့။ ငါမလုပ်လို့ ဒီနားမှာ လုပ်မဲ့သူ ရှိလို့လား "
သူ ခေါင်းတညိမ့်ညိမ့် လုပ်ရင်း ပြုံးပြလိုက်သည်။ အစားဝင်သွားတာနဲ့ အလိုလိုပြုံးရယ်လာမိတာ သူ့အပြစ်တော့ မဟုတ်။ ဒါပေမဲ့ ပြန်မပြုံးပြပဲ သူ့ကိုရုပ်တည်နဲ့ စိုက်ကြည့်နေတဲ့ သူ့အစ်ကိုကြောင့် သက်ပြင်းချလိုက်သည်။ ဒီနေ့မှ ရောက်တာကို ။
" ကျွန်တော် အလုပ်ရှာရမှာပေါ့ "
ဆူဟိုက သူ့ကို တချက်ကြည့်ပြီး ဆက်ပြောသည်။ လက်ကလည်း သူ့ပန်းကန်ထဲ ဟင်းတွေ ထည့်ပေးနေသေးသည်။ သူ လူကြီးဖြစ်ပြီဆိုတာလည်း ပြောမရ။ ဆူဟို့အတွက်တော့ သူက ကလေးပေါက်စလေး ဖြစ်နေတုန်း။ သူပြောရင် ပိုဆိုးမှာစိုးလို့ မကြိုက်သလို ငြင်းနေပေမဲ့ သူ့အကိုရဲ့ အပြုအမူတွေက သူ့ကို နွေးထွေးစေတာ အမှန်ပါ။
" ငါ တစ်နေရာတွေ့ထားတယ်။ မင်းလည်း စီးပွားရေးပိုင်း ဘွဲ့ရထားပြီးသားပဲ။ အ့နေရာက မင်းနဲ့သင့်တော်မှာပါ "
သူ့ကို ထိုးပေးလာတဲ့ ဖိုင်တစ်ခုကိုကြည့်ရင်း ဘေးနားချထားလိုက်သည်။ အစားလောက် ဘယ်အရာမှ အရေးမကြီး။ သူစားပြီးတာနဲ့ ပန်းကန်ဆေးပြီး အိပ်ယာပေါ် ပစ်လှဲချလိုက်သည်။
ဆူဟိုပေးထားတဲ့ စာအိတ်ကို ဖွင့်ကြည့်ရင်း မနက်ဖြန် သွားလျှောက်ဖို့ တွေးလိုက်သည်။ လက်တော့ကိုဆွဲယူပြီး google မှာ ကုမ္ပဏီနာမည် ရိုက်ထည့်လိုက်သည်။
YOU ARE READING
EveryWhen