"ကိုကိုပျင်းနေပြီလား..."ကုတင်ပေါ်မှာဖုန်းသုံးနေရင်း ခေါင်းရမ်းပြလာတဲ့ချန်းယောလ်ပခုံးပေါ်ခေါင်းမှီချရင်းဖြင့် ဘတ်ဟျွန်းဝင်ထိုင်လိုက်သည်...။
"ကျွန်တော်နဲ့စိုက်ကွင်းတွေဘတ်လိုက်ကြည့်ပါလား...။အခုလိုညနေစောင်းအချိန်ဆို သိပ်လှတာ...။"
"အင်း ဟျွန်းငယ်လိုက်ပြရင် ကိုယ်လိုက်ကြည့်
မှာပေါ့...။"ချန်းယောလ်ပြုံးကာပြောရင်း ဘတ်ဟျွန်းနဖူးပြင်လေးအားအနမ်းတစ်ပွင့်ခြွေသည်...။
ချစ်သူလေးစိတ်တိုင်းကျနေပေးရမှာကိုယ့်တာဝန်ပင်..။"အပြင်မှာအရမ်းအေးတယ်...။"
ကုတင်ပေါ်ကဆင်းပြီး ဟျွန်းငယ်ထုတ်ပေးတဲ့နတ်ပြာရောင်လောင်းကုတ်ရှည်ကို ရှပ်အင်္ကျီအဖြူပေါ်မှ ချန်းယောလ်ထပ်ဝတ်လိုက်သည်...။
ဟျွန်းငယ်ကိုယ်တိုင်ကတော့ နီညိုရောင်ဟူဒီလေးထဲမှာနစ်မြုပ်လို့...။
လက်ချောင်းလေးတွေယှက်သွယ်လိုက်ရင်း
အခန်းပြင်ကိုထွက်လာတော့ အရှေ့ခန်းမှာTVထိုင်ကြည့်နေသော အိုမားနဲ့အာပါးကိုတွေ့ရသည်...။"အာပါး၊အိုမား ကျွန်တော်တို့စိုက်ခင်းတွေဘက်ခနသွားမလို့..."
"အေး အေး သွားကြ ။လယ်ကွင်းထဲလည်းဆင်းဆော့မနေနဲ့ဦးနော်ဗြောင်ဘတ်ဟျွန်း...။"
"အိုမားကလည်းဗျာ ဆော့စရာလား
ကျွန်တော်ကလေးမဟုတ်တော့ဘူး"သူ့အမေကိုနှုက်ခမ်းဆူပြီး ပြန်ပြောနေတဲ့ကောင်လေးက သူ့ကိုယ်သူကလေးမဟုတ်တော့ဘူးလို့ပြောနေပေမယ့် ချန်းယောလ်မျက်စိထဲမှာတော့ အချိန်တိုင်းရင်ခွင်ထဲပွေ့ချီပြီး ထွေးပွေ့ထားချင်တဲ့ကလေးပေါက်စလေးပါပဲ...။
သူ့အိုမားကိုတစ်ခွန်းမခံပြန်ပြောပြီး ဟိုကကြိမ်လုံးကောက်ကိုင်တာမြင်မှ ချန်းယောလ်လက်အတင်းဆွဲပြီး အိမ်ထဲကထွက်ပြေးလာခဲ့ရသည်...။ လက်ချင်းတွဲလမ်းလျှောက်ရင်းဖြင့် လယ်ကွင်းပြင်တွေရှိရာစီရောက်လာခဲ့သည်...။
ဘတ်ဟျွန်းတို့စိုက်ခင်းတွေက ရွာနဲ့သိပ်တော့မဝေးလှတာကြောင့် ကြာကြာတောင်လမ်းမလျှောက်လိုက်ရပေ...။
YOU ARE READING
I Want You
Romanceအသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်ရပြီ...။ ခဗျားကြီးက ရင်ခုန်သံတွေကို..ဖန်ဆင်းပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့ တန်ခိုးရှင်ပဲ park chanyeol....။ . . . မြင်မြင်ချင်း မင်းကိုချစ်မိ...