အပိုင်း ၇ ( သတိရမိ....သူ)
"နိုးလာပြီလား။ နောက်ကျသွား လို့တောင်းပန်ပါတယ်။"
အန်းလု၏ မျက်ဝန်းတို့ ပွင့်ပွင့်ချင်း ကျင့်ချီက မတ်တပ်ရပ်ကာ ခါးကိုကိုင်းလျက်ခေါင်းငုံ့ကာတောင်းပန်လေသည်။ အန်းလုက လက်ကိုထောင်ကာ ထားလိုက်ပါ ဆိုသော ပုံစံပြလိုက်သည်။ ကျင့်ချီက ပြန်ထိုင်လိုက်ပြီး နောက်
" မနေ့က လုပ်ကြံသူက ဘုရင်ချီရှန်းက ခိိုင်းလိုက်တာဆိုတာသေချာတယ်။ "
အန်းလုက ဖြည်းဖြည်းချင်း ထိုင်လိုက်ပြီး
"ဘာလို့ အဲ့လိုပြောနိုင်တာလဲ။ "
"တစ်ချို့ကိစ္စတွေကြောင့် ကျွန်တော်အကုန်လုံးတော့ပြောပြမပေးနိုင်ပေမဲ့ သူ့ကိုတော့သတိထားစေချင်တယ်။ မနေ့က သူသတ်လိုက်တဲ့တယောက်က ကျွန်တော်တိူ့ဘက်က သူလျိုမလို့ အန်းလုကိုလည်းအချိန်မရွေးသတ်နိုင်တယ်။ သူကဘာမဆိုလုပ်ရဲတဲ့သူတယောက်မို့ သူအတွက်ကိုယ်လုပ်တော်တစ်ယောက်က ဘာအရေးမှပါမှာမဟုတ်ဘူး။"
(တကယ်ပဲ ငါသေလုဆဲဆဲဖြစ်ခဲ့တာပဲ။ ဘာလို့ ဒီလိုတွေဖြစ်နေရတာလဲ)
အန်းလုက လက်သီးနှစ်ဖက်ကိုတင်းကျပ်စွာဆုပ်ထားရင်း အံကြိတ်နေသည်။ ကျင့်ချီအားကြည့်လိုက်ပြီး
"အခုချိန်လောက်ဆို သူဘယ်မှာရှိလောက်လဲ။"
"ညနေပဲစောင်းနေပြီဆိုတော့ သူ့အဆောင်မှာပဲရှိလောက်မယ်။ ဒါနဲ့ဘာလုပ်မလို့လဲ။ မဟုတ်မှ..."
ကျင့်ချီက မျက်လုံးအပြူးသားနှင့်အန်းလုကိုကြည့်ပြီးနောက် ခေါင်းခါပြသည်။
အန်းလုကခေါင်းညိမ့်ပြလိုက်ပြီးနောက် ကုတင်ပေါ်မှဆင်းကာ သူ၏ အပေါ်ရုံကိုဝတ်လိုက်သည်။
YOU ARE READING
LOVE, BUT HURT (Season 3)_ The Last Begin_[Completed]
Historical Fictionကမ္ဘာနှစ်ခုရဲ့ဝဲဂယက်မှာ လည်ပတ်နေလည်း ကိုယ်တို့နှစ်ယောက်ကြားက အချစ်ကတော့ အမြဲတမ်း စစ်မှန်နေအုန်းမှာပဲ။ "အန်းလု.....ဒီစကားလုံးတွေက အထပ်ထပ်အခါခါဖြစ်ပြီး ရိုးရှင်းနေလောက်ပေမဲ့ ကိုယ်မင်းကိုချစ်တယ်" Hello! This is Season 3 of Love, But Hurt Fiction and n...