Pinkish Story

421 66 40
                                    

^Zawgyi^

အရောင်တွေထဲမှာ ပန်းနုရောင်‌လေးရဲ့ အဓိပ္ပါယ်တွေထဲက ထင်ရှားတဲ့ တစ်ခုကိုသိလား..... ?

အချစ်တဲ့..... အချစ်ကို ရူးမိုက်စွာကိုးကွယ်မှုတွေပေါ့...။

အဲ့လိုရူးမိုက်မှုတွေက စာသင်ခန်းထဲစူပုပ်ပုပ်နဲ့ဝင်လာတဲ့ အူပုပ်ကောင်လေးမင်းကို စတွေ့ထဲကပဲဆိုပါတော့ ...။

hoodieအကြီးကြီးကိုဝတ်ပြီး၊ အလိုမကျမှုပြည့်နေတဲ့ ခပ်ညိုညိုမျက်ဝန်းတွေက ကိုယ့်နှလုံးသားကိုဖမ်းစားခဲ့တယ်။

တစ်ခါမှ ယောက်ျားလေးတစ်ယောက်ကိုချစ်မိသွားဖို့ မတွေးခဲ့မိပေမယ့်...

အချစ်ဦးဟာ ယောက်ျားလေးတစ်ယောက်ဖြစ်နိုင်မယ်မထင်ထားပေမယ့်....

အဲ့နေ့တည်းက ကိုယ်မင်းကို စွဲလမ်းခဲ့ရပါတယ်...။

ပြီးတော့ မင်းလေးကမမှတ်မိနိုင်ဘူးဆိုပေမယ့်..ကိုယ့်ကို ပေစောင်းစောင်းနဲ့ တစ်ချက်လှမ်းကြည့်တဲ့မင်းကို... ရင်ထဲကနေ နာမည်လေးတစ်ခုပေးဖြစ်ခဲ့တယ်။

သည်းငယ်လေး....

ကိုယ့်ရဲ့သည်းငယ်လေးလို့ပေါ့ ....။

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

ပျင်းရိဖို့ကောင်းမယ်လို့ထင်ခဲ့တဲ့ စာသင်ချိန်တွေက သည်းငယ်လေးကိုတွေ့လိုက်ပြီးနောက်ပိုင်း မပျင်းနိုင်တော့ဘူး။ စာသင်ချိန်တိုင်း ခိုးခိုးကြည့်ရတာလည်း အလုပ်တစ်ခုပါပဲ။ semester တစ်ခုပြီးသွားတဲ့နောက်မှာ သည်းငယ်လေးရဲ့အကြောင်းကိုပိုပိုသိလာတယ်။

ပြောရရင်သည်းငယ်လေးက တကယ့်ကိုပဲ အူပုပ်ကောင်လေး။ ကိုယ်စိတ်ထဲရှိရင်ရှိသလိုနေတယ်။ သူများဘက်ကိုအရမ်းကြီးမငှဲ့ညှာဘူး။ အားမနာတတ်ဘူး။ ဖော်ဖော်ရွေရွေသိပ်မရှိဘူး။ အပေါင်းသင်းလည်းသိပ်မထားဘူး။ သည်းငယ်နားမှာ သူငယ်ချင်းဆိုလို့ ကောင်လေးတစ်ယောက်ကိုပဲ ကိုယ်တွေ့ဖူးတယ်။ သည်းငယ်ကိုအမြဲသည်းခံနိုင်တဲ့ အဲဒီ့ကောင်လေးနေရာမှာ ကိုယ်လည်းဖြစ်ချင်မိတယ်။
လူတိုင်းက သည်းငယ်လေးကိုမာနကြီးတယ်လို့ပြောကြတယ်။ဒါပေမယ့် ဒီလိုပုံစံလေးကပဲ..ကိုယ်ကြွေခဲ့ရတာပေါ့။

One-Sided‌ ^One Short^Where stories live. Discover now