I Will Back To You(Zawgi)

274 27 7
                                    

အဝါရောင်တွေကပျော်ရွှင်ခြင်းရဲ့ပြယုတ်အဖြစ်ဆို
ကြလေ့ရှိတယ် ကျွန်တော့်ရဲ့ပျော်ရွှင်ခြင်းကတော့အစ်ကိုတစ်ယောက်သာရှိတာ အစ်ကိုကကျွန်တော့်ရဲ့အဝါရောင်နုနုလေး အေးချမ်းပြီး နှစ်လိုဖွယ်ကောင်းသောပါဘဲ

ဒီနေ့ကရုံးပိတ်ရက် Sunday ကျွန်တော့ကျောင်းလည်းပိတ်တာလေ အရင်ကဆိုအစ်ကိုရဲ့အချိန်တွေအားလုံးကို ပိုင်ဆိုင်ခဲ့ရသည်ပေါ့
အခုတော့မတူတော့ဘူး အစ်ကိုပြောင်းလဲသွားတာကြာခဲ့ပါပြီ သူ့ကအစ်ကို့နှလုံးသားထဲ မဟုတ်ဘူး အစ်ကို့စိတ်ထဲမှာတောင်ရှိနေရဲ့လား မပြောတတ်တော့...
အရင်ကသူ့ကို ဘယ်လောက်ချစ်ကြောင်းတဖွဖွဆိုရင်း သူလိုချင်သမျှဖြည့်ဆည်း ပေးတတ်တဲ့အစ်ကိုကအခုတော့စာရွက်တစ်ရွက်ပေါ်မှာ အခြားမိန်းမတစ်ယောက်ရဲ့ပုံကိုအသက်သွင်းနေခဲ့တာ အစ်ကို့ရဲ့လျစ်လျူရှုမှုတွေကိုမခံစားနိုင်ပေမဲ့ နေသားတကျဖြစ်အောင်ကျွန်တော်ကြိုးစားသင့်ပါပြီ........

'ဝမ် ရိ ပေါ်'
ရှောင်းကျန့် တစ်လုံးချင်းစီအံကြိတ်ပြီး ခေါ်လိုက်တယ် ကုတင်ပေါ်ကနေ
ပြတင်းပေါက်ဘောင်ကို မေးတင်ရင်းfeelချင်တိုင်းfeelပြီး လူကိုအသည်းနှလုံးမရှိတဲ့လူကြီးဇာတ်သွင်းနေတဲ့
ကလေးဆိုးကဆက်ခနဲလှည့်ကြည့်တယ် ပြီးတော့စွေ့ခနဲ မတ်တပ်ရပ်နေတဲ့လူပေါ်ခုန်တတ်တော့ လူကမနည်း ဟန်ချက်ညီအောင်ထိန်းလိုက်ရတယ်
သူချက်ကျွေးသမျှတစ်ပြုံးပြုံးထိုင်စားပြီး စည်းစိမ်ရစ်နေတဲ့ ခွေးပေါက်အဆိုးအဆာလေးကတဖြေးဖြေးဝက်ပေါက်လေးဖြစ်လာပြီ....

'ကောက ကျွန်တော့်မှအဖတ်မလုပ်ဘဲ'
ခွေးပေါက်က ကျွန်တော့လည်ပင်းကိုငုံခဲရင်း ပြောတယ်..
'ကောက မိုးရာသီဒီဇိုင်းပရောဂျက်အတွက်အမီလုပ်ပေးနေရလို့ပါ နောက်ရက်တွေအနားရမှာပါ မင်းလည်းကျောင်းမှန်မှန်သွားတာကျလို့ '
ရိပေါ်က ကောပေါ်ကဆင်းပြီး ကုတင်ပေါ်အင့်ခနဲ ပြန်ထိုင်တယ်
'ကောကလည်း ကျပ်မပြည့်လိုက်တာ ဘယ်တက္ကသိုလ်ကျောင်းသားကကျောင်းမှန်မှန်တတ်တာမြင်ဖူးလို့လဲ'
လက်ပိုက်ပြီးဆရာကြီးအထာနဲ့ဒင်းလေးက လူကြီးကိုရိုသေကောင်းရမှန်းမသိတာ...
'အေး မင်းဘဲပြော... ဒါနဲ့ ဘာတဲ့ စောနကမင်းပြောတာ ကောက မိန်းမတစ်ယောက်ရဲ့ပုံကိုအသက်သွင်းနေတယ်ဆိုလား '
'မဟုတ်လို့လား ကောဆွဲနေတာမိန်းမပုံဘဲဟာကို'
'ကဲ ကိုယ်တော်ချောရေ မိန်းကလေးအင်္ကျီဒီဇိုင်းဆွဲနေတာနော် ကောကမိန်းမပုံမဆွဲလို့ မင်းဘိုးအေပုံကြီးဆွဲရမလားဟေ့'
'ကောကလည်း ကျွန်တော်ကချစ်လို့ကို..'
'အော် ဟော ချစ်လို့ စ တယ်ပေါ့ ကောကလည်း..'
တဖြေးဖြေးကုတင်နောက်ဆုတ်သွားတဲ့ရိပေါ်က
ကောရဲ့အကြံကိုသိနေသလို
'အဟ ကော ရေ ချစ်တယ်လေနော်..ဟီး'
ရိပေါ်လက်ကားယား ခြေကားယားနဲ့ ဟီးခနဲရယ်ပြပြီး မျတ်နှာချိုသွေးပေမဲ့ သူ့အတွက်ရာသီဥတုအခြေအနေကစိုးရိမ်ရေ အမှတ်ကျော်လွန်နေပြီ...

I Will Back To YouWhere stories live. Discover now