#Zawgyi
Koreaနိုင်ငံ Seoulမြို့
မိုးတွေ အရမ်းသည်းနေတဲ့ ညမှောင်ရီစပျိုးနေတဲ့ အချိန်တစ်ခု...
mainလမ်းမပေါ်မှာ လူသွားလူလာ ကျဲနေပြီဖြစ်ပေမဲ့ ဆေးရုံဝတ်စုံနဲ့ကောင်လေးတစ်ယောက်ကတော့ ဦးတည်ရာမဲ့ပြေးလွှားနေသည်...မိုးရေနဲ့အတူ မျက်ဝန်းအိမ်မှမျက်ရည်စတို့သည်လဲ အပြိုင်တွဲလွဲခိုလျက်...အံကိုကြိတ်ကာ အသံတိတ်နေပါသော်လည်း သည်းမခံနိုင်တော့တဲ့အဆုံး ကောင်းကင်ကိုမျက်နှာမူလျက်...
"အား!....မုန်းတယ် အားလုံးကိုမုန်းတယ်
သေလောက်အောင် ချစ်ပေးလဲ နည်းနည်းလေးတောင် အသိအမှတ်မပြုပေးတဲ့ Kim Taehyung ဆိုတဲ့ ခင်ဗျားကိုမုန်းတယ်
ငယ်ငယ်လေးကတည်း ခင်ဗျား ချစ်တာခံရတဲ့ Park Minyungဆိုတဲ့ အကောင်ကိုလဲမုန်းတယ် အား...မုန်းတယ် မုန်းတယ်...."မုန်းတဲ့အကြောင်းတွေပြောလိုက်ရတာ အနည်းငယ်တော့ စိတ်ပေါ့သွားတယ်ထင်တယ် စကားသံတွေ နှုတ်ဖျားဆီက ထပ်ထွက်မလာတော့ဘူး တီ တီ တီးကာ လမ်းမပေါ်ရပ်နေတဲ့ သူ့ကိုဆဲဆိုမောင်းသွားတဲ့ သူတွေကို အမြင်အာရုံထဲ သတိမပြုမိတော့ဘူး....အတိတ်က အကြောင်းအရာတွေသာ ခေါင်းထဲမှာ ပဲ့တင်နေရာယူလျက်....
သို့ပေမဲ့ ကားတစ်စီးက သူရှိရာအရပ်ကို အရှိန်နဲ့လာနေသည်ကိုတော့ မျက်ဝန်းထောင့်က မြင်လိုက်ရသေးသည်....အဟက်! ဒါမျိုးကျ ကံတရားက သူ့ဘက်ပါသားပဲ....မဲ့ပြုံးတစ်ခုကို ဖန်ဆငိးလိုက်ပြီး မျက်ဝန်းအစုံကို မှိတ်ချပစ်လိုက်သည်...တစ်ခါတစ်လေမှာ အထီးကျန်ုခြင်းထက် သေဆုံးခြင်းက ပိုကောင်းတယ်မလား.....
"Jeon Jungkook"
အဟက်! သေခန့်နီးမှာတောင် ခင်ဗျားအသံကိုံကြားယောင်နေပါရောလား...ပုံရိပ်ယောင်အသံတောင် ကျွန်တော့်အပေါ်ဆို အမြဲခါးခါးသီးသီးပဲနော်.......
ဒုန်း....!
အ!
ဆိုးဆိုးဝါးဝါးနာကျင် တော့မည်ဟု ထင်လိုက်သော်လည်း ဘာမှကြီးကြီးမားမား နာကျင်မှူ့မရှိတာကြောင့် မှိတ်ထားတဲ့မျက်ဝန်းအစုံကို ဖွင့်ကြည့်လိုက်တော့...သူ့ကိုယ်ကို ဖက်ကာ ရင်ခွင်ထဲ ထည့်ထားတဲ့ kim taehyung ဆိုတဲ့ သူချစ်ရပါသော လူသား.....
YOU ARE READING
IGNORE✔ (U+Z)
Fanfictionဒီဇာတ်လမ်းမှာ အချစ်ကြီးသူက အရှုံးပဲတဲ့❗ Top-Kim Taehyung Bottom-Jeon Jungkook Start date_May 21,2020