.တိတ်ဆိတ်နေတဲ့...
ဆိုင်ကြီးရဲ့...ထောင့်ကျကျ စားပွဲဝိုင်းလေးမှာ...
စမတ်ကျစွာ ထိုင်နေတဲ့...Mrs Kim jisoo. ...မျက်မှန်အကြည်အဝိုင်းလေးနဲ့တပ်ဆင်ထားပြီး...
သူမကို ကြည့်လိုက်ရင် ကျက်သရေ ရှိတဲ့ အလှတွေနဲ့ ရင့်ကျပ်နေတဲ့ အမျိုးသမီး တစ်ယောက်ပါ...။
အေးချမ်းလွန်းတဲ့ အပြုံးလေးတွေနဲ့ လူတွေရဲ့ စိတ်ကို ဖမ်းစားနိုင်သူကြီးပေါ့...။
.သူမကတော့ ဆုတံဆိပ်ပေါင်းများစွာ...ရထားတဲ့ ရှေ့နေကြီးတစ်ယောက်ပါ...။
.
သူမက ထိုင်းကိုရောက်တိုင်း ဒီထိုင်း စားသောက်ဆိုင်ကြီးကို အမြဲလာလေ့ရှိသည်။
.
ရောက်နေတာ မိနစ်(30)လောက်ကြာတော့...
.
သူမစောင့်နေတဲ့ Mr lice ဆိုသူနဲ့ အရပ်မြင့်မြင့်.အသားဖြူဖြူ.. ပိန်ပိန်သွယ်သွယ်...ဆံနွယ်က ရွှေအိုရောင်လေးနဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက် ဆိုင်ထဲကို ၀င်လာပြီး...သူမထိုင်နေတဲ့ စားပွဲဆီသို့....
လျှောက်လာခဲ့သည်။
.
"ရောက်ပြီလား Mr lice. .ထိုင်ပါရှင့်..."Kim jisoo ကထိုင်ပါလို့ပြောတော့ သူခေါင်းညိတ်ပြလိုက်ပြီး ကုလားထိုင်မှာ ၀င်ထိုင်လိုက်သည်။...
."ရှေ့နေကြီးကို...အားနာ လိုက်တာဗျာ...အကြာကြီး စောင့်လိုက်ရတယ်ဆိုတော့..."
"ရပါတယ်...အားနာဖို့ မလိုပါဘူး ကျွန်မကလည်း...ဒီကို ကိစ္စတစ်ခုကြောင့် ကြိုလာခဲ့တာပါ.."
"Nae. .ထိုင်လေ young. ."
"အင်းပါ ထိုင်မှာပါဟ.."
Mrs Kim jisoo က lice နဲ့ စကားပြောနေပေမယ့် သူ့အကြည့်တွေက lice နောက်က Chaeyoung ဆီကို ရောက်နေတာကြောင့်...lice လည်း အလိုက်သိစွာနဲ့...
"Nae. .ကျွန်တော်ရဲ့ သူငယ်ချင်းနဲ့ ရှေ့နေကြီးနဲ့မိတ်ဆက်ပေးအုံးမယ်နော်.."
"Nae. ..
"သူက Lice ရဲ့ အထက်တန်းကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်းလေးပါ မရှိမဲ့ ရှိမဲ့ ဒီတစ်ယောက်တည်းပါ..အခုတော့ မောင်နှမလိုဘဲပေါ့ သူ့နာမည်က Park Chaeyoung ပါ...သူလည်း Australia New Zealand မှာဘဲ ကျောင်းပြီးလာခဲ့သူပါ...ဟိုမှာ ကျောင်းတက်ခဲ့တုန်းကတော့ Rose' လိုဘဲ လူသိများပါတယ်..."
"Nae. .Park Chaeyoung လို့ ခေါ်ပါတယ် ရှေ့နေကြီး Shii တွေ့ရတာ ၀မ်းသာပါတယ်.. "
YOU ARE READING
The Other Page Of Love ....{💗} အချစ်၏..အခြားစာမျက်နှာ...
Фанфикချစ်တတ်အောင်လည်း...သူဘဲ သင်ပေးခဲ့တာမို့..... မျှော်လင့်ချက်နဲ့ အသက်ရှင်ရမယ်ဆိုရင်... အဆုံးသတ်မှာ..အချစ်ဆိုတဲ့အရာကို... ပိုင်ဆိုင်ချင်တယ်...