ocean wave 🐬1🐬

1.1K 82 9
                                    

"ကပ္ပတိန်​ ဒီ​ကောင်​ သ​င်္ဘော ​ပေါ်က ရိက္ခာ​တွေကို
အလွဲသုံးစားလုပ်​ပါတယ်​"

"ဟက်​ သတ်​ပစ်​လိုက်​"

"ဟုတ်​ကဲ့"

သူ့အမိန့်​ရသည်​နှင့်​ ​ကောင်​ငယ်​​လေးတစ်​​ယောက်​အား ဓားဖြင့်​ ရက်​စက်​စွာ ခုတ်​ပိုင်းလိုက်​သည်​ကို
မဲ့ပြုံးတစ်​ခုဖြင့်​ကြည့်​​နေလိုက်​သည်

"ငါ့သ​င်္ဘော ​ပေါ်မှာ ဒီလိုမျိုး လာလုပ်​ရင်​ ဒီလိုပဲ အဆုံးသတ်​ရမယ်​ ကြားကြလား!!!!"

"ဟုတ်​ကဲ့ ကပ္ပတိန်​"

တညီတညွတ်​တည်း ​ရေရွတ်​ကာ အလုပ်​ဆက်​လုပ်​​နေကြသည်
အသတ်​ခံလိုက်​ရတဲ့​ကောင်​ငယ်​​လေးရဲ့ သွားရာက​တော့ ​ရေထဲကိုပါပဲ

ရက်​စက်​တယ်​ ကြမ်းကြုတ်​တယ်
ညှာတာမှု အလျင်းမရှိသူ တိကျသည်​ ပြတ်​သားသည်​ ခက်​ထန်​​သည်

တွန်းချိုး​နေတတ်​​သော မျက်​ခုံးနှစ်​ခု
စွန်​ရဲတစ်​​ကောင်​လို စူးရှ​နေတတ်​တဲ့မျက်​လုံး
ဖြောင့်​စင်း​နေ​သော နှာတံ အမြဲတင်းတင်း​စေ့ထားတတ်​တဲ့ နှုတ်​ခမ်း
ပြုံးရယ်​ခြင်းနှင့်​ လားလားမျှ မဆိုင်​​သော မျက်​နာပိုင်​ရှင်​ မဟူရာ သ​င်္ဘောကြီးရဲ့ ကပ္ပတိန်
Oh Sehun

သ​ဘောင်္သားများမှာ သူ့အသံကြားရုံနဲ့ ဖိတ်​ဖိတ်​တုန်​​အောင်​ ​ကြောက်​ကြပါသည်
ဒါမဲ့လည်း တည်​ကြည်​ပြတ်​သားပြီး မှန်​ကန်​​သော
အလုပ်​ကိုသာ လုပ်​တတ်​သည်​မို့ အကုန်​လုံး
ရို​သေကြပါတယ်​ ​ကြောက်​တာ​လေးလည်းပါတာ​ပေါ့

"အဲ့အ​ကောင်​ကို ရှာ​တွေ့တဲ့ သူကို ဆုချလိုက်​"

"​ကျေးဇူးတင်​ပါတယ်​ ကပ္ပတိန်​"

"မလိုဘူး မင်းနဲ့ ထိုက်​တန်​လို့ရတာ"

ပြတ်​သားစွာ​ပြောပြီး သူထွက်​သွားသည်
ရို​သေကြတာ အဲ့ဒါလည်း ပါပါတယ်
သူ့အ​ပေါ် သစ္စာ ရှိတဲ့ သူ​တွေဆို ဆု​ပေးတယ်

သစ္စာ​ဖောက်​ပြီ ဆိုရင်​​တော့ လူ့​လောကမှာ ​နေဖို့
မစဉ်းစားနဲ့​တော့

"ငါ အနားယူမယ်​ ဘယ်​သူ့ကိုမှ လာမ​နှောက့်​ယှက်​​စေနဲ့"

"ဟုတ်​ကဲ့ ကပ္ပတိန်​ "

ocean wave 🐬Completed🐬Where stories live. Discover now