"ဘယ်လိုနေလဲ အရိုးတွေဘာတွေများ ကျိုးသွားသေးလား"
"နေပါဦး ကပ္ပတိန်ရယ် ကျနော် သေချာစစ်ဆေးပါရစေဦး "
"မြန်မြန် စစ်ဆေး ငါစိတ်မရှည်ဘူး"
"ဟုတ်ကဲ့ပါ"
သမားတော် စစ်ဆေးနေသည်ကို စိတ်မရှည်
ကျနော့်လက်စပြင်းသွားတာကို သိသည်ဒေါသကြောင့်မို့ စိတ်မထိန်းနိုင်ခဲ့တာ
သမားတော်က သူ့ခြေထောက်လေးကို ဖိကိုင်လိုက်တော့ နာကျင်စွာ အော်သည်"အ...."
"ဖြေးဖြေးလုပ်လေ မင်းကလည်း နာသွားပြီ"
"တောင်းပန်ပါတယ် ကပ္ပတိန်ရယ် ကျနော်မျိုး တောင်းပန်ပါတယ် တကယ်ပဲ သူ့ဘာသူရိုက်ထားပြီးတော့"
မဲ့ရွဲ့ကာပြောလာသည် ဆေးသမားတော် တနည်း
ကျနော့် သူငယ်ချင်း kai"ဘာမှမဖြစ်ဘူး ဒီအတိုင်းလေး အပေါ်ယံပဲ အောက့်သက်သွားတာ နာတာတော့ နာနေလိမ့်မယ် ဂရုစိုက်လိုက် ပြီးတော့ အသားလေးတွေက
နုနုဖတ်ဖတ်လေးတွေမို့ အဖျားဝင်ရင် ဝင်လိမ့်မယ်
ဒါကြောင့် ဂရုစိုက်လိုက် ဆေးကတော့ သင်္ဘောပေါ်
ပြန်ရောက်မှ ကျိုပြီး တိုက်လိုက် ""အင်း ရပြီ ဒါနဲ့ ဆေးလေးဘာလေး စည်းပေးဦး"
"ငါ ဆေးဆရာပါ sehun ရယ် အခုမှ ဖြစ်ပျက်နေတယ် လုပ်တုန်းက လုပ်ထားပြီးတော့"
"မရှည်နဲ့ ဆေးမြန်မြန် စည်းပေးလိုက်"
"ဟုတ်ကဲ့ပါ ဗျာ "
အရွဲ့တိုက်သလိုပြောပြီး ဆေးစည်းပေးနေသည်
နာကျင်သောကြောင့် တစ်ချက်တစ်ချက် တွန့် သွားတတ်သေးသည်"ကပ္ပတိန် "
"ပြော"
"ဒီကျွန်းက ညအိပ်ဖို့ မသင့်တော့ပါဘူး မြွေတွေ ကင်းတွေ ရှိပါတယ် ပြီးတော့ တောကောင်အနည်းငယ်လည်း ရှိပါတယ် ဒီကျွန်းက အရိုင်းကျွန်းပါ"
ESTÁS LEYENDO
ocean wave 🐬Completed🐬
Historia Cortaရက်စက်မှုတွေဖြင့် ခြုံလွှမ်းထားသော သင်္ဘော ကပ္ပတိန် တစ်ယောက်နဲ့ ရေသူထီးလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ် ဒီက သာသာ ဖန်တီးပါသည် Hunhan yaoi short story